Friday, March 2, 2012

ဒေါ်အောင်ဆန်းစုကြည် လာမည့် နေ့ စစ်ကိုင်းမှ အစိုးရဝန်ထမ်းများ လာမည့် တနင်္ဂနွေနေ့ ရုံးတွင် နေရမည်
ရွှေခွပ်ဒေါင်း

စစ်ကိုင်းမြို့သို့ မတ် ၄ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ချိန်တွင် အစိုးရဝန်ထမ်းများ ရုံးချိန်အတွင်း အဆင့် (Stand by) ရှိရန် ညွှန်ကြားထားကြောင်း စစ်ကိုင်းမြို့မှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

အလားတူ စစ်ကိုင်း နည်းပညာ တက္ကသိုလ်မှ ဆရာ ဆရာမများမှာလည်း နေပြည်တော်မှ ကျောင်းစစ် လာရောက်ရန် ရှိသည့်အတွက် ကျောင်းတွင် နေရမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

တပ်မတော် စစ်စခန်း အများအပြား အခြေစိုက်ရာ စစ်ဦးစီး တက္ကသိုလ် တည်ရှိသည့် ကလောနှင့် အောင်ပန်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် မတ် ၁ ရက်နေ့တွင်မူ အစိုးရဝန်ထမ်းများကို ထူးခြားသော ကန့်သတ်မှုမရှိဘဲ တပ်မတော် မိသားစုများကို တပ်နယ်မြေ အတွင်းသာ နေထိုင်ရန် ညွန်ကြားခဲ့ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။


စစ်ကိုင်းမြို့ မှာလည်း ဟောပြောဖို့ ကွင်းရှာမရလို့ ဧရာဝတီ မြစ်ကမ်းဘေးရှိ သဲသောင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းလူထုကို တွေ့ဆုံမှာဖြစ်ပါတယ်။

စစ်ကိုင်းမြို့တွင် သန့်ရှင်း လတ်ဆတ်သော လေကို ရှူရှိုက်ရန် အကောင်းဆုံး နေရာများ ထဲတွင် ပါဝင်သော ဧရာဝတီမြစ် ကမ်းပါးဘေးရှိ ကျယ်ပြန့်လှသည့် သဲသောင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းလူထုနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးကျော်သောင်းက ပြောသည်။

No comments:

Post a Comment