ဝေဟင်မှာငှက်တွေပျံဝဲလေတိုင်း..
မင်းရှိရာကို ပျံသန်းလာချင်တာငါ့ရဲ့ အမှားလား..
ရေပြင်မှာရွှေငါးလေးတွေကူးခပ်လေတိုင်း..
မင်းရှိရာ ကူးခပ်လာချင်တာ ငါ့ရဲ့ အမှားလား...
တိုက်ဆိုင်တိုင်း လွမ်းဆွတ်တမ်းတမိတဲ့ငါ့ရဲ့ စိတ်...
တစ်နိုင်ငံထဲဆိုသော တစ်မြေထဲဆိုသော စိတ်က..
င့ါအတွက်ဖြည်ဆေးဖြစ်ပေမဲ့...
အဆိပ်လဲဖြစ်နေပြန်တယ်ချစ်သူ..
မင်းကြိုက်တဲ့စာသားတချို့ အတိုင်းပြောရရင်..
ငါမင်းကိုချစ်သလောက် ..
မင်းငါ့ကိုပြန်မချစ်ရင်နေပါချစ်သူ..
တိုက်ဆိုင်မှုလေးတွေရှိရင်တော့ ငါချစ်ခဲ့ဖူးတဲ့သူ ဘာတွေလုပ်နေလဲ
ဆိုသော အတွေးလေးတော့ ရင်ထဲမှာထားပေးပါလား..
မေတ္တာရပ်ခံတာဖြစ်ပေမဲ့..
မမြတ်နိုးသူဖြစ်မှာဆိုး၍ ထားလိုက်ပါတော့မယ်..
ဘာမှမဟုတ်တဲ့ကိစ္စကို နားမလည်ပေးနိုင်ဘူးဆိုတဲ့မင်းအတွက်..
ဘာမှပြောစရာ စကားမရှိပေမဲ့...
ရှိနေသေးတဲ့သံယောဇဉ်ကြောင့်
မင်းကိုနားလည်ပေးနိုင်ခဲ့ပါတယ်...
ရှိနေသေးတဲ့သံယောဇဉ်ကြောင့်
မင်းကိုနားလည်ပေးနိုင်ခဲ့ပါတယ်...
ဒါပေမဲ့ ချစ်သူရယ်..





No comments:
Post a Comment