ချစ်သူရေ………
ကမ္ဘာဦးဂီတ ဆိုတာရှိသတဲ့ကွယ်
အာဒမ် နဲ့ ဧ၀ လဲဒီဂီတမှာကခဲ့
အဘိုး နဲ့ အဘွား လဲကခဲ့ကြဖူးရဲ့
တို့နှစ်ဦးလဲ ကကြစို့ကွဲ့….၊
အဲ့ဒီ့ဂီတမှာ…
ဘောဂဗေဒဘာသာရပ် မပါ…
အတ္တကိန်းဂဏန်းများ မပါ…
စိုးရွံ့ခြင်းခြေလှမ်းများ မပါ…
(စိတ်ကောက်ခြင်းနေ့စွဲ နဲနဲပါတယ်)
ရှင်သန်ခြင်းခဏငယ်
စိုတဲ့လက် မခြောက်ခင်အခိုက်မှာ
စိတ်တိုင်းကျရင်ခုန်ကြစို့ရဲ့…… .။
မင်းနဲ့ငါ့ အတွက်…
လူတွေအသုံးမပြုရသေးတဲ့ နေစွဲသစ်များမှာ
ရက်ရာဇာလေး တွေရှိသတဲ့……။
နွေရာသီတွေ ကို တံခါးပိတ်ထားခဲ့
မိုးရာသီမှာ လမ်းလျှောက်ထွက်
ဆောင်း မြုနှင်း တို့(တွေ) အေးမြ
ဆင်းကျလာတဲ့အခါ….
နွေးထွေးမှု ခြုံလွှာ
နှစ်ယောက်တစ်ထည် ၀တ်ကြရမှာပ…..၊
ပန်းရနံ့လေး….မွှေး
တိမ်အရိပ်လေး….အေး
လေညှင်းချိုနွဲ့….နွေး
အဲ့သလို တဒင်္ဂလေး….
ချစ်သူရေ………
နှင်းဆီတွေ မပွင့်သေးခင်
ကိုယ့်စိတ်ကူးတွေ အ၇င်ပန်နှင့် ကွယ်…………..။





No comments:
Post a Comment