Monday, March 5, 2012

အပြစ်မမြင်ရက်ဘူး ချစ်သူ
ချစ်သူ..
ဘာပဲလုပ်လုပ် အပြစ်မယူရက်သူငါ့ကို...
တန်ဖိုးမထား..
မင်းစွန့် ပစ်လဲ..
ကြည်ဖြူစွာနဲ့ နေခဲ့မဲ့သူပါ..
 
ချစ်သူ...
မင်းပြုံးနေတာကို...
ငါမြင်နေရတော့..
မင်း အပျော်များငါ့ကို ကူးစက်ခဲ့တယ်..

ချစ်သူ...
ဂရုမစိုက်ရင်နေပါ..
အလေးထားပြီး ငါ့မျက်လုံးကို ကြည့်ပါချစ်သူ..
မင်းအတွက် ငိုကြွေးနေတဲ့င့ါမျက်လုံးတွေ.
မင်းမြင်နိုင်ရဲ့ လား..

ချစ်သူ..
မင်းအတွက် ..
သန်းခေါင်ကျော် တစ်ရေးနိုးလဲ...
အဆင်သင့် ရှိနေသူပါ..

ချစ်သူ အတွက်..
အပြစ်မမြင်အောင်ဖန်ဆင်းပေးတဲ့..
ဘုရားသခင်ကိုသာ ကျေးဇူးတင်လိုက်ပါ..
ချစ်သူရယ်..
မင်းငါ့အတွက်ရှိမနေလဲ.
 မင်းအကြင်နာအပြုစုငါ့ရင်ထဲကိန်းဝပ်နေတယ် ချစ်သူ..

No comments:

Post a Comment