ချစ်သူ..
အပြုံးတုတွေပေးလဲ..
အမြဲကြည်ဖြူနေမဲ့သူပါ..
အချစ်တုတွေပေးလဲ..
ကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသားလို့ ..
မှတ်ယူမဲ့သူပါ..
အကြင်နာတုတွေပေးလဲ..
နွေးထွေးတဲ့အခိုက်အတန့် မေ့လို့ မရတဲ့သူမို့ ..
ခွင့်လွတ်နားလည်ပေးပါ...
ချစ်သူရေ...
အရှုံးဆိုတာကို..
ငရဲပြည်အလားမှတ်ယူထားတဲ့သူမို့ ..
အနိုင်တော့လိုချင်ခဲ့မိတယ်..
ဒါပေမဲ့..
ချစ်သူ့ အပြုံးတချို့ မလွင့်ပျောက်စေဖို့..
ချစ်သူ့ အရှေ့ ဒူးထောက်
အရှုံးပေးဖို့ ဝန်မလေးသူပါ..
ဝန်မလေးဘူးဆိုတာ ချစ်သူ့ အတွက်ပါ..
တခြားသူတစ်ယောက်အတွက် ချစ်သူကိုအနို်င်မယူပါဘူး..
လိုချင်တာကို ရအောင်ယူတတ်ပေမဲ့..
ချစ်သူ့ နှလုံးသားကို မယူပဲ နဲ့ ချစ်သူပေးပြီးသားမို့ ..
အရှုံးဆိုတာကို ရင်မှာ ပွေ့ပိုက်ထားရလဲ..
အပြုံးတွေတော့ဝေနေဦးမှာပါချစ်သူ...





No comments:
Post a Comment