Monday, March 5, 2012

မခွဲရက်သော ချစ်သူများ..
ရှိနေသေးတဲ့အချိန်တစ်ခုအတွက်..
အတိတ်တစ်ခုကိုသင်ပုန်းချ..
ကမ္ဘာကို ဖြတ်ကျော်လို့ အော်ဟစ်လိုက်မယ်..
မင်းကို ငါချစ်တယ်..
ခွဲရတော့မဲ့ ရက်ကို လက်ချိုးလို့ ရေတွက်..
မကျန်တော့တဲ့ရက်ငယ်လေး တချို့ ကိုစောင့်မျှော်ရင်း ..
ရောက်ရှိဖို့ နေ့ ရက်အတွက်မင်းကတော့ပျော်ရွှင်လို့ နေလေရဲ့ ..
နှင်းဆီပွင့်ကိုကာရံထားတဲ့ ဆူးခတ်တွေလို..
မင်းရဲ့ ဘဝကို သစ်ခွပန်းပွင့်လို့ လှပစေချင်ခဲ့တယ်..
 
ချစ်သူ...
ငါ့ထက်နားလည်ပေးနိုင်တဲ့သူ..
ငါ့ထက်အနွံတာ ခံနိုင်ပြီး သီးခံတတ်သူကို..
ရှာဖွေတွေ့ ရှိတဲ့တနေ့..
ဒီလိုမခွဲရက်သောနေ့ များကို အလွယ်တူဖြတ်ကျော်နိုင်မှာပါ..
ချစ်သူ...
မဖြစ်နိုင်တဲ့လမ်းတစ်စုံ...
မသွားသင့်တဲ့ အနာဂါတ်ခရီးကို..
မင်းလက်ကို ခိုင်ခိုင်မာမာ တွဲလို့ ငါလျှောက်ရဲတယ်..
မင်း နားမလည်ပေးနိုင်တဲ့ အရာတစ်ခုကိုငါသင်ပုန်းချေလို့ ရပါတယ်.... 
မင်းကို အခွင့်ရေးပေါင်းများစွာပေးမယ်..
တနေ့ မင်း ပြန်လာရင် ငါရင်ဖွင့်လို့ ကြိုနေမယ်..

No comments:

Post a Comment