Monday, March 5, 2012

ငါမင်းကို..
လုံးဝမေ့လို့ မရတော့ဘူးထင်ထားခဲ့ပေမဲ့..
ခွင့်လွတ်ခြင်းနှင့်အတူမေ့သွားခဲ့ပြီ
မင်းသာ ဒီကလေးကို မပတ်သက်ဘူးဆိုရင်.. 
မင်းနားက ကလေးအတွက်..
ထောက်ပုံခြင်းများစွာကိုမယူဘူး.. 
မင်းရဲ့ ရင်ငွေ့ ကလေးအတွက်မတောင်းဆိုဘူး...

ငါမတောင်းဆိုလဲ ..
ဥပဒေအတိုင်း..
လျှောက်လှမ်းမှာမို့ .. 
စိတ်မကောင်းပေမဲ့..
ပြောခဲ့ဖူးသော စကားအတိုင်း..
ရင်နဲ့ အမျှ မင်းကိုခွင့်လွတ်နိုင်ပြီဖြစ်တဲ့အတွက်..
ရန်သူမဟုတ်တော့ပါဘူး.. 

ငါမင်းအပေါ်ထားသော အငြိုးအတေးများ..
ဘာမှမရှိတော့ဘူး..
ဒီတော့ ..
နောက်ဆုံးဆိုတဲ့ နေ့ မှာ...
နော်.. မင်း ၂၃ ရက်မှာ ...
ကံကောင်းခြင်းကို ပိုင်ဆိုင်နိုင်ပါစေ..
မင်းတို့ တွေ ကိုယ်ချင်းစာစိတ်မရှိပေမဲ့..
နော်ဂျာ ငါမင်းအပေါ်မှာကိုယ်ချင်းစာပါတယ်... 
မင်းကောင်မလေး အပါအဝင်ပေါ့... 
ပျော်ရွှင်ပါစေ ... 
မင်းသူငယ်ချင်း မှာ ကိုယ်ချင်းစာစိတ်မရှိပေမဲ့..
မင်းတို့ အပေါ် ငါကိုယ်ချင်းစာပါတယ်.. 
ကံကောင်းခြင်းကိုပိုင်ဆိုင်ကြပါစေ.. 
ဘုရားသခင်ကောင်းကြီးပေးပါစေ...

No comments:

Post a Comment