Thursday, March 15, 2012

မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ရေပိုင်နက် အငြင်းပွားမှု နောက်ဆက်ဆွဲ တင်းမာမှု
မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ရေပိုင်နက် အငြင်းပွားမှု နောက်ဆက်ဆွဲ တင်းမာမှု
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကာလရှည်ကြာ အငြင်းပွားခဲ့တဲ့ ရေပိုင်နက် ကိစ္စကို ရေကြောင်း ပိုင်နက် ခွဲဝေမှုဆိုင်ရာ နိုင်ငံတကာ တရားရုံးက မနေ့က ဆုံးဖြတ်ခဲ့မှု အပေါ် မြန်မာအစိုးရက ကျေနပ်တဲ့ အကြောင်း အစိုးရအသိုင်း အဝိုင်းနဲ့ နီးစပ်သူများ ထံက ဘီဘီစီက သတင်းရရှိပါတယ်။

လက်ရှိ လုပ်ကိုင် နေတဲ့ ရခိုင် ကမ်းလွန်က ရေနံ တူးဖော်ရေး လုပ်ကွက်တွေကို ထိခိုက်မှု မရှိတဲ့ အကြောင်းနဲ့ တရားရုံးရဲ့ အဆုံးအဖြတ်ဟာ အမြော် အမြင်ရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် နှစ်နိုင်ငံစလုံး အတွက် မိတ်ဝတ်မပျက် အိမ်နီးချင်း ကောင်း ပီသစွာ ဆက်လက် လက်တွဲ ဆောင်ရွက်နိုင်မယ် လို့လည်း အစိုးရက ယူဆနေ ပါတယ်။

ဒါပေမယ့် ဒေသခံလူထုတွေ ထဲမှာ မကျေနပ်တဲ့အထဲမှာ စစ်တွေမြို့ခံ တွေပါဝင်ပြီး အချင်းချင်းကြား ဆွေးနွေးကြတဲ့ အကြောင်း၊ နယ်စပ်ဘက်မှာ တင်းမာမှု တခိျု့ ရှိနေတာ ကြားရကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

မောင်းတောမြို့နယ် မြောက်ဖက်၊ ဘင်္ဂလားဒေ့ရှ် နဲ့ ကပ်နေတဲ့ တောင်ပြို၊ ကြိမ်ချောင်း နဲ့ ဘူးသီးတောင် မြို့နယ် မြောက်ဖက် တို့မှာလည်း မြန်မာစစ်တပ် တွေ တိုးချနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေသလို ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး ဖက်ကလည်း ဒီသတင်း ကို စုံစမ်းနေကြောင်း သိရပါတယ်။စီးပွားရေး အရ သက်ရောက်မှု ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် က သဘာဝ ဓါတ်ငွေ့ တူးဖေါ်နိုင်တဲ့ ရေပိုင်နက် ရရှိဖွယ် ရှိတဲ့ အတွက် စီးပွားရေး အရ အခွင့်အလမ်း ပိုမိုလမ်းပွင့် နိုင်ကြောင်း ဒက္ကား မှ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဘီဘီစီ

No comments:

Post a Comment