Thursday, March 15, 2012

လှော်ကားရေပိုက်လိုင်း အကြီးစား ပေါက်ခဲ့မှု ရန်ကုန်တွင် ရေပေးဝေမှု ပြတ်တောက်
လှော်ကား(ရေကူး)ရေပေး လွှတ်သည့်ရေပိုက်လိုင်းအကြီးစား ပေါက်ခဲ့သည့်အတွက် ရန်ကုန် မြို့တွင်း နေရာအနှံ့ရေပေး ဝေမှုပြတ် တောက် ခဲ့ကြောင်း သိရ သည်။ယင်းရေပေးလွှတ်သည့်နေရာ သည်ရွှေပြည်သာမြို့နယ်၊  စစ်အကျဉ်း ထောင်နောက်ဘက်ခြမ်းရှိအချင်း  ၆၆ လက်မရှိ ကွန်ကရစ်ပိုက်လိုင်း 


မတ်လ ၁၂ရက် နေ့မွန်းလွဲ၂နာရီခွဲကပေါက် ခဲ့ခြင်း ဖြစ်ပြီးရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရေ နှင့် သန့်ရှင်းရေး (အင်ဂျင်နီယာဌာန) မှ အမြန်ဆုံးပြုပြင်ခဲ့ရာ  ၁၅ရက်နေ့တွင်ပုံမှန် အတိုင်းရေပြန်လည်ပေးဝေသွား မည်ဖြစ် ကြောင်းသိရသည်။ ရေနှင့်သန့်ရှင်းမှု(အင်ဂျင် နီယာဌာန)မှဌာနစုမှူးဦးတင့်ဇော် က''ရေပိုက်တွေက တပ်ဆင်ထား တာ နှစ်အတော်ကြာပြီ ၊အဂင်0x081တေပိုက် လိုင်း တွေ ဆိုတော့ ဆွေးမြေ့ပြီး ပေါက်တာဖြစ်တယ်။   အဲဒီပေါက်တဲ့ နေရာကိုလူအင်အားသုံးပြီးအမြန်ဆုံး ပြန်ပြုပြင်ပေးထား တယ်။ ၁၅ရက်နေ့ မနက်မှာ  ရေပြန်ပေးဝေနိုင်မှာပါ ''ဟု ပြောသည်။
warter11_1.jpgလှော်ကား(ရေကူး)ရေပေး လွှတ်သည့်ရေပိုက်လိုင်းအကြီးစား ပေါက်ခဲ့မှု ပြင်ဆင်နေသည့် မြင်ကွင်းယင်းသို့ရေပို့ လွှတ်သည့် ပိုက်လိုင်း ပြင်ဆင်နေ ရချိန်အတွင်း မဂင်0x081လာဒုံ၊ မရမ်းကုန်း ၊ရန်ကင်း ၊ဗဟန်း၊လှိုင် သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ကမာရွတ်၊ လှိုင်၊ တာမွေ၊ သဃင်0x081န်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊  ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ မဂင်0x081လာ တောင်ညွှန့်၊ လမ်းမတော် အစရှိ သည့်မြို့နယ်များတွင်  ရေပေးဝေမှု ရပ်ဆိုင်းထားခဲ့ရကြောင်းသိရ သည်။ ''လှော်ကား မှ ဒီရေပိုက် လိုင်းကနေ  နေ့စဉ်၅၄သန်း ပေးလွှတ် နေတယ်။ အနိမ့်ပိုင်းကျ တဲ့နေရာတွေ ကပိုက်လိုင်းပေါက်တာ တွေပိုအဖြစ်များတယ်။ ပြုပြင်တဲ့ စရိတ်ကုန်ကျမှုကိုစာရင်း မချုပ်ရ သေး တော့ ပြောလို့မရသေး ဘူး။  လူတွေကရေမ ရရင် မရတာဘဲ သိတယ်။ ကျွန်တော်တို့  လည်း အမြန်ဆုံးပြု ပြင်ပေးတာပါဘဲ '' ဟု ဦးတင့်ဇော် ကပြောသည်။အဆိုပါ ပိုက်လိုင်း သည်လှော်ကား ရေတွန်းစက်ရုံမှရန်ကုန်မြို့တွင်းမြို့  နယ်များကိုအဓိကရေပေးဝေသည့် ပိုက်လိုင်းဖြစ်ပြီးယခင်က၅ကြိမ် ခန့် ရေပိုက်ပေါက်ဖူး ခဲ့ကြောင်းသိရ သည်။ ကျောက်တံတား မြို့နယ်နေ ဒေါ်သင်းသင်းက''ဂျိုးဖြူရေဆိုတော့ ဒီနေ့တင်ဒီနေ့သုံးဘဲ။၂ရက်လောက် ရေမရလိုက်တော့ချိုးစရာရေတောင် မရှိတော့ဘူး။ ထမင်း၊ဟင်းချက်တာ ရေသန့်ဝယ်ပြီးချက်ပြုတ်နေရတယ်''ဟု ပြောသည်။  ယခုရေပေးဝေမှု ပြတ်တောက် ခဲ့ရာ၌ ရန်ကုန် အရှေ့ပိုင်းမြို့နယ်မပါ ဝင်ကြောင်း  ရန်ကင်းမြို့နယ်ကို  အချိန် ပိုင်းနှင့်ရေပေးဝေခဲ့ကြောင်းသိရ သည်။
ရန်ကုန်တိုင်းမ်

No comments:

Post a Comment