Saturday, March 3, 2012

အောင်ပင်လယ်မှာ လူပင်လယ်
အောင်ပင်လယ်မှာ လူပင်လယ်
ပရိတ်သတ်စံချိန်တင်များပြားသောဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ်
ရန်ကုန် ၊ မတ် ၃

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးခရီး ခရီးများထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့် မန္တလေမြို့  သို့ ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲပြုလုပ်မည့် မြို့ သစ်( အောင်ပင်လယ် ) သို့သွားရောက်ရာတွင် လာရောက်ကြိုဆိုကြသူများ ဦးရေမှာ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် စံချိန်တင်လောက်အောင် အလွန်များပြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို လိုက်ပါသတင်းရယူခဲ့သူ သတင်းမီဒီယာသမားများကပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက်ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို့ အတွင်းသို့ ၀င်ရောက်ရာလမ်းတစ်လျှောက်ရှိ မန္တလေးမြို့ ခံများသာမက နိုင်ငံခြားသားမျာ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ နှင့် တိုင်းရင်းသားလူငယ်များပါ လာရောက်ကြိုဆိုကြပြီး ကားတန်းမှာ တံခွန်တိုင်အ၀ိုင်းမှ သိပ္ပံလမ်းအထိ ကားတန်းမှာ အလွန်ရှည်လျားများပြားနေကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။

ယခု သတင်းရေးသားထုတ်လွှင့်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုဟောပြောပွဲပြုလုပ်မည့်ကွင်းအတွင်း သို့ရောက်ရှိလာခြင်း မရှိသေးကြောင်း The Voice Weekly သတင်းထောက်ကပြောကြားသည်။

No comments:

Post a Comment