Thursday, March 1, 2012

ဒေါ်စု ကလောမြို့ ရောက်ပြီ အောင်ပန်းမြို့ လူထု ဟောပြောပွဲသို့ လူပရိသတ် သောင်းနှင့်ချီလာရောက်နားထောင်
ဒေါ်အောင်ဆန်းစုကြည် ကလောမြို့ သို့ ရောက်ရှိလာစဉ် (ဓါတ်ပုံ-Myanmar News Now)
 
မတ်လ ၁ ရက်၊ ၂၀၁၂ ၊ နံနက် ၁၁ နာရီ YPI

ဒေါ်အောင်ဆန်းစုကြည် အောင်ပန်း ဟိုင်ဒရိုဘောလုံးကွင်းတွင် မိနစ် ၂၀ ကျော်ကြာဟောပြောပြီးနောက် ကလောမြို့သို့ ဆက်လက်ထွက်ခွာသွားရာ နံနက် ၁၁ နာရီတွင် ကလောမြို့သို့ရောက်ရှိပြီဖြစ်သည်။
အောင်ပန်းမြို့ လူထု ဟောပြောပွဲသို့ လူပရိသတ် သောင်းနှင့်ချီလာရောက်နားထောင်ကြသည်ကိုတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ကိစ္စများကို ပြောဆိုသွားသည်။
ကလောမှ အောင်ပန်းသို့ ထွက်ခွာလာရာတွင် ကားအစီးရာကျော် လိုက်ပါခဲ့ကြသည်။ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်ကလည်း စည်းရုံးရေး ခရီးစဉ်တွင် လိုက်ပါကူညီလျှက်ရှိသည်ကိုတွေ့ရသည်။

ကလောမြို့တွင်လည်း လူထုဟောပြောပွဲ မကြာမီစတင်ရန် ရှိသည်။

No comments:

Post a Comment