လွှတ်တော်မှာသမ္မတဦးသိန်းစိန် မိန့် ခွန်းပြောကြားနေ
"လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးဝင်ပါနိုင်ကြစေရေးကို ရည်ရွယ်ပြီး ဒီနှစ်ထဲမှာကို အကျဉ်းသားတွေကို နှစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။ အစိုးရသစ်သက်တန်း တစ်နှစ်အတွင်းမှာ အကျဉ်းသားပေါင်း ၂၈၀၀၀ ကျော်လွှတ်ပေးခဲ့တာဟာ သမိုင်းကြောင်းကိုပြန်ကြည့်ရင် အများဆုံးဆိုတာကို တွေ့ကြပါလိမ့်မယ်" ဟု သမတ ဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြား" ပေါ်ပြူလာဂျာနယ်
 |
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ကျင်းပရာတွင် သမတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် |
 |
အစည်းအဝေးသို့ တက်ရောက်လာကြသူများ (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်) |
်ယနေ့နံနက် ၁၀ နာရီအတိတွင် လွတ်တော် အစည်းအဝေးစတင်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တက်ရောက်ကြောင်း သတင်းရရှိသည်။ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်ထောင်စု လွှတ်တော်၌ ပြောကြားမည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းကို နိုင်ငံပိုင် ရုပ်သံများမှ တိုက်ရိုက် ထုတ်လွှင့်ပေးနေသည်။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
No comments:
Post a Comment