အချစ်မေတ္တာတောင်းခံလွှာ
ရင်ခုန်သံ အမှန်ဖြစ်လို့
မသေမချာ မချစ်ချင်ပါဘူး။
ရင်ခွင်မှာ အစဉ်ထာဝရ
နွမ်းလျမသွားအောင်
အနမ်းအမှတ်တရလေးတွေ
သိမ်းထားပရစေနော်။
တသက်စာ ချစ်သူတယောက်ထဲကိုပဲ
ဘယ်ဘက်ရင်မှာ ကမ္မည်းထိုးလို့
မင်းနာမည်လေး သိမ်းထားပရစေ။
နှလုံးသား သံစဉ်တေးနဲ့
အမုန်းမပွား အမှန်တကယ်ချစ်လို့
ချစ်သူနှလုံးသားမှာ ခိုနားပရစေ။




No comments:
Post a Comment