Monday, March 5, 2012

ဒဏ်ရာမဲ့ နှလုံးသား

အလွမ်းတွေကို ရင်မှာပိုက်
တမ်းတစိတ်ကို..
ဖုံးကွယ်ထားလဲ ရင်ထဲကို ..
တိတ်တဆိတ်ဝင်လာလိုက်...
စုံကန်ထွက်သွားလိုက် လုပ်ခဲ့တဲ့ ...
မင်းရဲ့ လုပ်ရပ် အရင်အချိန်က နေ့ ရက်တွေကို..
 
မမေ့လဲ မမေ့..
မမြင်လဲ မမြင်ချင်ခဲ့တော့ပါဘူး..

ဒါပေမဲ့..
မင်း ကို အိမ်မက် မက်တိုင်း..
မင်းငါ့ကိုသတိရနေတတ်တယ်ဆိုတာ...
မင်းနဲ့ ငါပဲသိတယ်..
မင်း ငါ့ကို မေ့သွားပြီ ဘယ်လောက်ပြောပြော...
မင်းပြောခဲ့တဲ့ပြတ်သားတဲ့ကလေးကို..

အပြောနဲ့  အလုပ်..
မလွယ်ကူ တာ တနေ့ ကျရင်သိလာမယ်..
ငါကတော့..
ဒဏ်ရာတွေနဲ့ နေ့ ခဲ့ရပေါင်းများလို့ ...
ခုချိန်မှာ..
ဒဏ်ရာမဲ့ တဲ့နှလုံးသားကို ပိုင်ဆိုင်ထားရပြီကွယ်...

No comments:

Post a Comment