skip to main  |
      skip to sidebar
မတ်လ ၆ ရက်နေ့ မနက် အမေစုနှင့် နေပြည်တော်ပုံရိပ်လွှာ (ဓါတ်ပုံ)
နေပြည်တော်တွင်  ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်တက်  တိုင်းရင်းသားကိုယ်စားလှယ်များ မတ်လ ၆ ရက်နေ့ နံနက် ၇း၀၀ နာရီက နေပြည်တော်  ဟိုတယ်ဇုန်ရှိ Royal Kumudra Hotel ၌ တွေ့ဆုံခဲ့ပါသည်။ 
 ပုဗ္ဗသီရိမြို့နယ်တွင်  မဲဆွယ်စည်းရုံးရာ၌ သူမတို့၏ပါတီနှင့်သက်ဆိုင်သည့် ဆိုင်းဘုတ်အား  ဖျက်ဆီးခြင်းခံရသည့် ကိစ္စအပေါ်တွင် ....... ““အောက်တန်းကျသည့်လုပ်ရပ်”” ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြင်းထန်စွာပြစ်တင်ဝေဖန်သွားခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်မဲဆွယ်စည်းရုံးရေးခရီးစဉ်အောင်မြင်စွာ   ပြီးဆုံးပြီဖြစ် သည်။ အဲဒီနောက်တောင်ငူမြို့ သို့ ဆက်လက်ထွက်ခွါခဲ့သည်။  ယခုအခါ တောင်ငူလူထုဟောပြောပွဲ အောင်မြင် စွာပြီးဆုံးခဲ့ပြီးဖြစ်ပြီ  ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွါမှာဖြစ်ပါသည်။ တောင်ငူဟောပွဲပြီးနောက် ၄  ရက်ကြာ စည်းရုံးရေးခရီး စဉ်ကိုအောင်မြင်စွာအဆုံးသတ်လိုက်ပြီဖြစ်သည်။ 
 ယခင်မြို့များကဲ့သို့ လမ်းတစ်လျှောက်ကြိုဆိုသူများ  မရှိသလောက်နည်းပါးသော် လည်း ဟောပြောမည့်ကွင်းပြင်အတွင်း လာရောက်အားပေးသူ  များပြားခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် ၁၀ ရက်နေ့တွင်  မော်လမြိုင်မြို့သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ် ထွက်ခွာမည်ဖြစ်ပြီး  နောက်နှစ်ပတ်အတွင်း လားရှိးမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment