Tuesday, March 6, 2012



ချစ်သူ...
အချစ်တစ်ခုတည်ဆောက်ရန်..
ဘိလပ်မြေမလိုဘူး..
ဖောင်ဒေးရှင်းချဖို့ မလိုဘူး...

ဒါပေမဲ့ ...
မေတ္တာကိုအခြေခံပြီး..
ဘဝတည်ဆောက်ဖို့ အတွက်..
ယုံကြည်မှု အခြေခံလိုအပ်တယ်..

ချစ်သူ...
စဉ်းစားစရာတွေပေးပြီး...
ပျောက်သွားတတ်တဲ့မင်းအတွက်....
ကမ္ဘာပေါ်မှာ နားလည်ရခက်သော သူဟာ...
မင်းတစ်ယောက်ပဲရှိလိမ့်မယ်....

မင်းပေးခဲ့တဲ့ကတိ..
မင်း နှုတ်ခမ်းထက်က ပျားရည် လိုချိုပြီး
အဆိပ်သင့်နေသောအနမ်းများ...
ရုန်းထွက်ခွင့်ပေးပါချစ်သူ...

ကမ္ဘာရေမြေ အဆုံးမပြေးချင်ပါဘူး..
သားသမီး နဲ့ ဖခင် မခွဲရက်သူမို့ ..
နားလည်စွာနဲ့  ရပ်ကြည့်နေပါ့မယ်..

No comments:

Post a Comment