Sunday, March 4, 2012

မတ်လ ၄ ရက်နေ့ စစ်ကိုင်းတွင် အစိုးရဝန်ထမ်းများ အလုပ်ဆင်းရမည် ဆို၍ စိတ်ပျက်
အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမြို့သို့ စည်းရုံးရေး ခရီးစဉ် သွားရောက်မည့် မတ်လ ၄ ရက်နေ့တွင် စစ်ကိုင်းမြို့မှ အစိုးရ ဝန်ထမ်းများ အလုပ်ဆင်း ရမည် ဆို၍ ဝန်ထမ်းများ စိတ်ပျက်နေ ကြကြောင်း စစ်ကိုင်း မြို့ခံများက ပြောကြားသည်။

ယနေ့ (မတ်လ ၃ရက်) နံနက်ပိုင်းက အဆိုပါ အစီအစဉ် ပျက်သွားသည် ဟုဆိုသဖြင့် ဝမ်းသာခဲ့ရကြောင်း သို့သော် ယနေ့ နေ့လည်ပိုင်းတွင် ဆင်းရမည်ဟု ပြန်လည် အကြောင်းကြား ခဲ့သဖြင့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို လွဲချော်ဖွယ် ရှိကြောင်း ၎င်းတို့က ဆိုသည်။

No comments:

Post a Comment