Saturday, March 3, 2012

ကြိုဆိုသူများနှင့်လမ်းပိတ်နေလို့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်ကွင်းသို့ မရောက်နိုင်သေး
ဒီ် ကားတန်း ရွေ့ပါ့မလား

မန္တလေးမှာ ရှိရှိသမျှ သံဃာတွေလည်း ထွက်ကြိုကျတယ် (ဓါတ်ပုံ-အဂ္ဂမဟာ ဒီမိုဖက်တီး)   
 
မန္တလေးမြို့သို့ ယနေ့မနက်ကရောက်ရှိသော ဒေါ်အောင်ဆန်းစုကြည်သည် နံနက်၉ နာရီတွင် အောင်ပင်လယ်ရှိ ကွင်းတွင် လူထုသို့ မိန့်ခွန်းပြောကြားရန်စီစဉ်ထားသော်လည်း လမ်းဆစ်လျှောက်ကြိုဆိုသူ များပြားလွန်းခြင်းကြောင့် ၁၂ နာရီ ၄၅ မိနစ် အချိန်ထိ ကွင်းသို့ ရောက်ရှိမလာသေးပေ။ ယခုအခါ မန္တလေးမြို့ ၆၂လမ်းနှင့် သိပံ လမ်းထောင့်သို့သာရောက်ရှိသေးကြောင်း သတင်းရရှိသည် ။ ထို့အပြင် မန္တလေးမြို့တွင် ယနေ့ နေ့လည် ပိုင်းမှ စတင်ကာ မိုးများရွာသွန်း နေကြောင်း မန္တလေးရောက် 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
နောက်ဆုံးရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် သိပ္ပံလမ်းနှင့် ၆၂လမ်း ထောင့်သို့ ကျော်လွန်လာခဲ့ပြီး လူထုဟောပြောပွဲ ပြုလုပ်မည့် ကွင်းအတွင်းသို့ရောက်ရှိရန် မိနစ်ပိုင်းသာလိုတော့ကြောင်း၊ လူထုဟောပြောပွဲပြုလုပ်မည့်ကွင်း
အတွင်း ၌ ရောက်ရှိနေသော လူဦးရေမှာ တစ်သိန်းကျော်ရှိနေပြီး မိုးရွာသွန်းမှုမှာ ပိုများလာကြောင်း The Voice Weekly မန္တလေးသတင်းထောက်က ပြောကြားသည်။

No comments:

Post a Comment