Sunday, March 4, 2012

ဒေါ်အောင်ဆန်းစုကြည် မန္တလေးရောက်ရှိစဉ် အင်တာနက်လိုင်းများ ခတ္တပြတ်တောက်
ဈေးချိုသို့ ရောက်ရှိလာစဉ် (ဓါတ်ပုံ-The Voice)


 ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမြို့တွင် လူထုဟောပြောပွဲ ပြုလုပ်ပြီး မန္တလေးမြို့ သို့ ပြန်လည်ရောက်ရှိလာချိန်မှ စတင်ကာ မန္တလေးတစ်မြို့လုံးရှိ အင်တာနက်ဆိုင်များတွင် အင်တာနက်လိုင်းများ ခေတ္တ ပြတ်တောက်သွားခဲ့သည်။ ၀ိုင်ဖိုင်များလည်း ပြတ်တောက်လျှက်ရှိပြီး McWill ဖုန်းအင်တာနက်လိုင်းများလည်း အသုံးပြု၍မရခဲ့ကြောင်း သိရသည်။ တစ်နာရီကျော်ကြာ လိုင်းများပြတ်တောက်သွားခြင်းဖြစ်သည်။ ““အခုတော့ လုံးလုံးပြတ်သွားပြီဟု”” ၂ နာရီ ၅၅မိနစ်တွင် Nice အင်တာနက်ကဖေးက ပြောသည်။ McWill ဖုန်းအင်တာနက်လိုင်း များပြတ်တောက်မှုကြောင့် သတင်းဓာတ်ပုံဖိုင်များအချိန်မှီပေးပို့ရာတွင် အခက် အခဲဖြစ်ခဲ့ကြောင်းမန္တလေးမြို့တွင် ရောက်ရှိနေသည့် နိုင်ငံခြားသတင်းထောက်တစ်ဦးက ပြောသည်။

No comments:

Post a Comment