Thursday, March 1, 2012

ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပန်းမြို့၌ ဟောပြောပြီ ကလောမြို့ သို့ ဆက်လက်ထွက်ခွါ
လှည်းကူးခရီးစဉ်မှဓါတ်ပုံပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပန်းမြို့၌ ဟောပြောမှု ပြီးဆုံးပြီးနောက် ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ကလောမြို့သို့ ဆက်လက် ထွက်ခွာသွားပြီ ဖြစ်သည်။

အောင်ပန်းမြို့ ဟောပြောမှုတွင် မိမိ လာသည့် လမ်းခရီးတစ်လျှောက်တွင် တောင်ကတုံးများ တွေ့ခဲ့ရ သောကြောင့် ပြည်သူလူထုအား သစ်ပင်စိုက်ရန် ပြောကြားခဲ့ကြောင်း၊ ပြည်သူလူထုအား ဟင်းစားငါး မပေးဘဲ ငါးမျှားနည်းကို ပေးမည် ဖြစ်ပြီး ငါးမျှားရန် နေရာကိုလည်း လုပ်ဆောင် ပေးသွားမည်ဟု ထည့်သွင်း ပြောကြားသွားကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

No comments:

Post a Comment