Thursday, March 1, 2012

NLD ကိုယ်စားလှယ်လောင်းဦးစောလှိုင် အား ကြံ့ဖွံ့ ပါတီမှ ကန့် ကွက်ထား
NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင် (ဓါတ်ပုံ-Myanmar News Now)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊ ဗန်းမောက်
အမျိုးသားလွှတ်တော် လစ်လပ်နေရာ မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့်
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်အား ပင်လည်ဘူးမြို့နယ်
ကြံဖွတ်ပါတီမှဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်မြ မှ
ကန့်ကွက်စာတင်ထားကြောင်းသိရပါသည်။

 ကန့်ကွက်ရသည့် အကြောင်းအရင်းမှာ ဦးစောလှိုင် သည်
၁၉၅၆ ခုနှစ်တွင်မွေးဖွားခဲ့ပြီး သူ့ဖခင်မှာ ၁၉၅၉ ခုနှစ်မှသာ
နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ယူရရှီခဲ့သော လူမျိုးခြားဖြစ်နေသောကြောင့်
ဟုသိရပါတယ်။


ထိုကန့်ကွက်စာကို ရွေးကောက်ပွဲကော်မရှင်မှ လက်ခံထားပါတယ်။
ယခုအချိန်ထိ ရွေးကောက်ပွဲဝင်ခွင့်မရရှိသေးပါ

  
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်သည် အင်းတော်မြို့နယ်တွင်နေထိုင်ပြီး

ဖခင်မှာ ဦးနသံသီး ဖြစ်ပါပြီး ဦးစောလှိုင်သည် ၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကိုယ်စားလှယ်လောင်းအဖြစ်
အင်းတော်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

 သူသည် ၁၉၇၆မှိုင်းရာပြည့်ကျောင်းသား လှုပ်ရှားမှု မှစတင်ပြီး
ယခုအချိန်အထိပါဝင်လှုပ်ရှားခဲ့ပါ
တယ်။ ဒီပဲယင်းကိစ္စမှာရွှေဘိုထောင်မှာ
(၁)နှစ် အထိမ်းအသိမ်းခံရပါပြီး အဲ့ဒီနောက်တစ်ခါ ကသာထောင်မှာထောင်ချခံခဲရပါတယ်။
နောက်ဆုံးတစ်ခေါက်ကတော့ အီလက်ထရောနစ်ပုဒ်မဖြင့် (၁၄)နှစ်ထပ်မံကျခံရတာဖြစ်ပါတယ်။

 
၂၀၁၁ ခုနှစ်၊ သီတင်းကျွတ်မှာ လွတ်ငြိမ်းချမ်းသာခွင့်
ဖြင့်ပြန်လွတ်လာခဲ့ပါတယ်။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ
လွတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်
ပါတယ်။

No comments:

Post a Comment