Sunday, March 4, 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်း ဇေယျာကမ်းခြေ ခရီးစတင်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
   မန္တလေးတိုင်းခရီးစဉ်အတွင်း ၃-၂-၂၀၁၂ က
Mandalay Hill Resort တွင်ကျင်းပသော ညစာစားပွဲမြင်ကွင်း
 
မန္တလေးမြို့သို့ ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ရွှေကျင်သာသနာပိုင် မစိုးရိမ်တိုက် ဝါဆိုကျောင်း ဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီး ယခုအခါ မဟာဂန္ဓာရုံကျောင်းသို့ သွားရောက်နေကြောင်း၊ ထို့နောက် စစ်ကိုင်းခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
မတ်၊၄၊၂၀၁၂ (နံနက် ၈း ၃၀ ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်တွင် မန္တလေးမြို့၊ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့သွားရောက်လျက်ရှိပြီး ထိုကျောင်းရှိဆရာတော်ကြီးများကို ဖူးမြော်ပြီးပါက စစ်ကိုင်းမြို့သို့ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
မတ်၊၄၊၂၀၁၂ (ypi) မန္တလေးမြို့တွင် စည်းရုံးရေးဆင်းရန်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်တွင် တည်းခိုရာဟိုတယ်မှ ထွက်ခွာလာပြီး မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်သို့ရောက်ရှိကာ တရားနာလျက်ရှိပြီး ထိုကျောင်းတိုက်မှ မကြာမီပြန်လည်ထွက်ခွာတော့မည်ဖြစ်သည်။

No comments:

Post a Comment