ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း ကောက်နှုတ်ချက်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်း တွင်သိန်းချီရှိသော
လူထုအား ကျန်းမာရေး မကောင်းသည့်ကြားကပြောကြားနေသည်။
အန်တီကတော့အဲဒီမိန့်ခွန်းမှာထည့်ပြောသွားပါတယ်။ပြည်သူက
ထားတဲ့ မေတ္တာကြောင့်သူနေလို့ကောင်းသွားပြီတဲ့။
သတင်း-ဓါတ်ပုံ D-Wave
 |
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဇေယျာရွေမြေစစ်ကိုင်းမြေ အ၀င် စစ်ကိုင်းတံတားပေါ်တွင် လူထုက ကြိုဆိုနေကျစဉ် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၅ ရက် (မနက်ဖြန်) တွင် နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း၊ လမ်းခရီးတွင် နွားထိုးကြီး၊ မိထ္ထီလာစသည့်မြို့ကြီးများတွင် မိန့်ခွန်းများ ပြောကြားမည် ဖြစ်ရာ နေပြည်တော်သို့ ထိုနေ့ ညနေ ၄ နာရီတွင်ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း နေပြည်တော် ပုဗသီရိမြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ပြောကြားခဲ့သည်။
No comments:
Post a Comment