Sunday, March 4, 2012

ပြည်သူလူထုသိန်းနှင့်ချီကြိုဆိုတဲ့ အမေစု ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ရုပ်/သံ)
စစ်ကိုင်းတံတားပေါ်မှာ (ဓါတ်ပုံ-D-Wave)

ပြည်သူလူထုသိန်းနှင့်ချီကြိုဆိုတဲ့ ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ရုပ်/သံ) ပြည်သူတဦး ပေးပို့ ထားတာပါ။
အကအခုန်တွေနှင့် ပြည်သူတွေ အူလှိုက်အသဲလှိုက်ကြိုဆိုကြပုံကို ကြည့်ရှုခံစားနိုင်ပါတယ်။


သိန်းနှင့်ချီတဲ့လူအုပ်ကြားထဲမှာ စစ်ကိုင်းမြို့ က စုန်းပြူးတွေလည်းပါတဲ့အကြောင်း
စစ်ကိုင်းက ပြည်သူတဦးက အခုလို သတင်းဆက်လက်ပေးပို့ ထားပါတယ်။


4/3/2012 နေ့တွင်စစ်ကိုင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည်
လာရောက်ဟောပြောမည့် အစီအစဉ်အတွက်ပြင်ဆင်နေသော အဖွဲ့များနှင့်
လာရောက်သည့်သူများအား စ-အ-ဖ ထောက်လှမ်းရေးအတွက် စစ်ကိုင်းမြို့
လေးကျွန်းမြေရပ်ရှိ  စိုးကြည်ဝင်း ဗွီဒီယိုမှ
 မြင့်ကျော် ဆိုသူက တာဝန်ယူ ရိုက်ကူးပေးနေကြောင်းသိရပါသည်။

 
၎င်းသည် တချိန်တခါကလည်း  ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်သူများကို
ထောက်လှမ်းရေး သတင်းအတွက် ခိုးယူရိုက်ကူးရင်း  ချောင်းဦးမြို့ တွင်ပြသနာ
တက်ဖူးသူတဦးဖြစ်ကြောင်း သိရပါသည်၊

No comments:

Post a Comment