Monday, March 5, 2012

မေမေ မေတ္တာ



အမေ့ရင်ခွင်
ကျွန်တော်ခိုဝင်နားစဉ်မှာ
ဒုက္ခဆိုတာ ဖယ်ခွာ
သုခတွေသာ
နေရာယူခဲ့တာပါ။
လောကရင်ခွင်
ကျွန်တော်ခိုဝင်စဉ်မှာတော့

ပင်လယ်ရဲ့လှိုင်းကြမ်း
လေနီရမ်းတွေလည်း
တွေ့ခဲ့၇တယ်မေမေ။
ထိုစဉ်မကပါဘူး
အတိတ်ရူးတွေလည်း
မေ့မူးခဲ့မိတယ်တယ်မေမေ။
ဘ၀ရဲ့လောကဓံ
အကြိမ်ကြိမ်ခံပြီးမှာတော့
မေမေရင်ခွင်သာနွေး
အမေ့စကားတွေသာတွေးရင်နဲ့
အမေ့ပေးတဲ့စကား
ကျွန်တော့်အတွက်အင်အားအဖြစ်နဲ့
ကြောစိတ်တွေကိုဖျောက်ပြီး
ဘ၀လမ်းကို
ဆက်လျှောက်နေတယ်မေမေ။
အမေဆိုတာ
ဒုက္ခတွေရှင်း
သောကတွေ ကင်းရအောင်
ရှေ့ကနေကာစီး
ခံတပ်ကြီးပေါ့
အမေဆိုတာ
လှိုင်းကြမ်းတဲ့ပင်လယ်
ဆူးထက်တဲ့ကောင်းကင်
လေထန်တဲ့မှုန်တိုင်း
ဘယ်လောက်ပင်ရိုင်းလည်း
မရ ရအောင်ကယ်
မေခလာနတ်သမီးရယ်ပေါ့ ၊
အမေဆိုတာ
ဓားတောင်ကိုကျော်ကျော်
မီးပင်လယ်ကိုဖြတ်ဖြတ်
အမေတို့အတွက်မပင်ပန်း
မေတ္တာရေစင်တွေနဲ့ ..လန်းနေဆဲပါ။
အမေဆိုတာ
ဘာနဲ့နှိုင်းနှိုင်း မရိုင်းတဲ့ပန်းတစ်ပွင့်
ဘာနဲ့ယှဉ်ယှဉ် တုနှိုင်းမမှီတဲ့ သဇင် ။
အို…..
မာတာမိခင်ကျေးဇူးရှင်
အမေ…
စမ်းရေတွေဘယ်လောက်ခမ်းခမ်း
ပန်းလေးတွေဘယ်လောက်နွမ်းနွမ်း
ကျောက်ဆောင်တွေဘယ်လောက်မာမာ
ငလျင်တွေဘယ်လောက်ခါခါ
မုန်တိုင်းတွေဘယ်လောက်ရိုင်းရိုင်း
ဘာတွေနဲ့ဘယ်လိုနှိုင်းနှိုင်း
နှိုင်းမရတဲ့ အရာ….
အဲဒါဟာ.
အမေ့မေတ္တာပါ….
ကာလလရေကြည်
တည်စမှာပင်
ကျားမ မရွေး
မကွဲပြားသေးဘဲ
ကြင်နာချစ်ထွေး
ဂရုစိုက်ပေးတဲ့မေမေ….
သီတာချမ်းမြေ့
သားမျက်နှာတွေ့ရဖို့
သေမင်းကိုယှဉ်ပြိုင်
အနိုင်တိုက်ခဲ့တဲ့မေမေ..
လောကဓံကိုလည်း မကြောက်
ဘ၀တွေပြောင်မြောက်အောင်
အကြင်နာနွေးနွေးနဲ့
ထုဆစ်ပေးခဲ့တဲ့မေမေ….
ကမ္ဘာတွေပျတ်သော်လည်း
မေတ္တာမပျယ်
နှလုံးသားမှာအမြဲ
နှောင်ကြိုးတွေခိုင်ခဲ့တာ
ချစ်သော မေမေရယ်ပါ….။

No comments:

Post a Comment