Friday, March 2, 2012

ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ်၌ လူထုနှင့် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်အတွက် ဒေါင်းရုပ်ကြီးနှင့် လိုအပ်သည်များကို ပြင်ဆင်နေသော လုပ်သားများကိုတွေ့ရစဉ်။ သတင်းနှင့်ဓာတ်ပုံ - စည်သူလွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မန္တလေးမြို့ စည်းရုံးရေးခရီးစဉ်တွင်မြို့အရှေ့တောင်ဘက်စွန်းရှိ(ဆဆ/၉)၅၁လမ်း နှင့်
 အောင်ဇေယျလမ်းထောင့်ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ
မြေနေရာလွတ်၌မတ်လ၃ရက်တွင်မြို့နေလူထုနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှသိရသည်။


ဒေါ်အောင်ဆန်းစုကြည် မန္တလေး စည်းရုံးရေး မူလခရီးစဉ်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ကို သတ်မှတ်ခဲ့ သော်လည်း လူထုနှင့် တွေ့ဆုံရန် နေရာ အခက်အခဲဖြစ်ခဲ့သောကြောင့် စည်းရုံးရေး ခရီးစဉ်ကို မတ်လ ၃ ရက်နေ့သို့ ပြောင်းရွှေ့ပြင်ဆင် သတ်မှတ် ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့ စည်းရုံးရေးဆင်းရာတွင် မြို့နေပြည်သူ လူထုအား ဟောပြောရန်နေရာများကို စီစဉ်ပေးရန် ဆန္ဒ ရှိကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင် မပြေခဲ့မှုများလည်း ရှိခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်က တံတား ဦး လေယာဉ်ကွင်းကနေ ပုလိပ်၊ မြစ်ငယ်၊ ရန်ကုန်-မန္တလေးလမ်းတစ်လျှောက် လူထုကို နှုတ်ဆက်လာပြီး ၃၇ လမ်းရောက် ရင် အောက်ကိုဆင်းမယ်။ ၈၄ လမ်းရောက် တာနဲ့ ဈေးချိုဘက်ကိုသွားမယ်။ ဈေးချို ကနေ ၂၆ လမ်းအတိုင်းတက်သွားပြီး ၇၈ လမ်းသွားမယ်။ "၇၈ လမ်းကနေ သိပ္ပံလမ်း သွား မယ်။ သိပ္ပံလမ်းကနေပြီး ဟောပြော မဲ့ကွင်းကို သွားမယ်ဆိုပြီး အကြမ်းဖျင်း တော့စီစဉ်ထားတယ်။ ဟောမဲ့ကွင်းက လည်း လူဦးရေသောင်းနဲ့ ချီပြီးဆံ့ပါ တယ်။ မဟာမြတ်မုနိ ဘုရားကြီးကို ဖူးဖို့ လည်းရှိပါတယ်" ဟု ဦးသိန်းတန်က ဆက်လက် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဟောပြော မည့်ကွင်းကို မန္တလေးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များက မြေကွက်လပ်ရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မတ် လ ၃ ရက်နေ့တွင် မန္တလေးမြို့လူထုနှင့် တွေ့ဆုံပြီး ၄ ရက်နေ့၌ စစ်ကိုင်းသို့ စည်းရုံးရေး ဆင်းမည်ဖြစ်သည်။
မတ်လ ၅ ရက်နေ့တွင် တံတားဦး၊ နွားထိုးကြီး နှင့် မိတ္ထီလာမြို့များ၌ လူထုနဲ့ တွေ့ဆုံ မည်ဖြစ်ပြီး နေပြည်တော်သို့လည်း သွား ရောက်မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင် (မြန်မာ့တိုင်းမ်)

No comments:

Post a Comment