လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ (ဇော်ဇော်အောင်)
လိုရင်းပြောကြစို့။လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ။ဘာကြောင့်လဲ။
၁။ ဆင်းရဲကျပ်တည်းလှတဲ့ စားဝတ်နေရေးကိစ္စ။
၂။ လွတ်လပ်မှု၊ တရားမျှတမှု စတဲ့လူ့အခွင့်အရေးများ ဆုံးရှုံးနေရတဲ့ ကိစ္စ။
၃။ စုတ်ပြတ်နုံချာလှတဲ့ အခြားသော လူမှုဘ၀ဒုက္ခများ။
ဒီ (၃) ချက်ဟာ “ဒီနေ့” မိဘပြည်သူလူထုကြီးတရပ်လုံး လူးလိမ့်နေအောင် ခံစားနေရတဲ့ အရေးကိစ္စတွေဖြစ်တယ်။ ဒီအရေးကိစ္စတွေ ပြေလည်သွားအောင် (သို့မဟုတ်) ပပျောက်သွားအောင်လုပ်တာဟာ (အထက်ကစကားနဲ့ဆက်ရင်) နိုင်ငံရေးလုပ်တာပဲ။ ဒီကိစ္စ (၃) ရပ်ကို လူငယ်များဆောင်ရွက်ကြပါ။
ကာလရှည်ကြာစွာ မှားယွင်းစွဲမှတ်လာတဲ့ အယူအဆတစ်ခုရှိပါတယ်။ အဲဒီအယူအဆအမှားကြီးက ….. လူငယ်၊ ကျောင်းသားတွေ ပညာကိုသာ သင်ကြပါ။ပညာသင်ချိန်မှာ နိုင်ငံရေးမလုပ်ကြနဲ့။ပညာစုံမှ နိုင်ငံရေးထဲဝင်လုပ်ပါ …. ဆိုတဲ့ အယူအဆအမှားကြီးပဲ၊ နိုင်ငံရေးလုပ်တာဟာ အိမ်ထောင်ပြုတာမဟုတ်ဘူး။ပညာသင်
ဒီလို စဉ်းစားပါ။ပညာသင်ချိန်မှာ နိုင်ငံရေးလုပ်တာဟာပညာကောင်းေ
ဒါကြောင့်လူငယ်တွေ ပညာသင်ချိန်မှာ နိုင်ငံရေးလုပ်ကြပါ။ ပညာလည်းသင်ကြပါ။ ပညာသင်ရင်း နိုင်ငံရေးလုပ်လို့ရပါတယ်။ ဒီမယ်လူငယ်တို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကျောင်းသားကိုအောင်ဆန်းဟာ ပညာသင်ရင်းနဲ့ နိုင်ငံရေးလုပ်ခဲ့သူ ဖြစ်တယ်။ လူငယ်တွေနိုင်ငံရေးလုပ်ကြပါလို့ တိုက်တွန်းရတဲ့ အကြောင်းရင်းတွေထဲမှာ သိပ်အရေးကြီးတဲ့ အကြောင်းရင်းတခု ရှိသေးတယ်။
ဒီလိုပြောကြည့်ကြဦးစို့။
လူငယ်တွေနိုင်ငံရေးလုပ်ကြပါလို့ ဘာကြောင့်ပြောရသလဲ။ မိဘပြည်သူတွေရဲ့ ကိစ္စမို့လို့ လုပ်ကြပါလို့ ပြောရတာ။ ပညာရေးကိစ္စမို့လို့ လုပ်ကြပါလို့ ပြောရတာ ။ နောက်အကြောင်းတစ်ခုရှိသေးတယ်။ အဲဒါဘာလဲဆိုတော့ ……။
လူကြီးတွေ နိုင်ငံရေးလုပ်ကြတာ သိပ်ဟန်မကျဘူး။ ဒါကြောင့်လူငယ်တွေ နိုင်ငံရေးဝင်လုပ်ကြပါလို့ ပြောရတာဖြစ်တယ်။
ဒီနေရာမှာတော့ ပြဿနာတွေ အများကြီးရှိနိုင်ပါတယ်။ သမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်
ဒီလိုစဉ်းစားမိတယ်။
လွတ်လပ်ရေးရပြီး ၁၄ နှစ်လောက်အကြာမှာ ကြီးကျယ်တဲ့ နိုင်ငံရေးအပြောင်းအလဲကြီး တစ်ရပ်ကြုံလိုက်ရတယ်။ အဲဒီအချိန်ကစပြီး တိုင်းပြည်နိုင်ငံရဲ့အရေး(န
ိုင်ငံရေး) လုပ်ကြတဲ့ လူကြီးတွေဟာ (၁) ဥာဏ်ပညာနည်းပါးကြတယ်။ (၂) မဆင်မခြင်ထင်ရာလုပ်ကြတယ်။ အဲဒီအကျိုးဆက်က တိုင်းပြည် ချွတ်ခြုံကျပြီး ကမ္ဘာ့အလယ်မှာ ဆင်းရဲမွဲတေတဲ့ နိုင်ငံအဖြစ် မျက်နှာငယ်ခဲ့ရတာပဲ၊ စကားပြောရိုင်းသွားရင် ခွင့်လွှတ်ပါ။ အဲဒါ … တချို့လူကြီးတွေ အသုံးမကျလို့ …. ဖြစ်ရတာ။
အထက်စာပိုဒ်တစ်နေရာမှာ …လူကြီးတွေ နိုင်ငံရေးလုပ်တာ သိပ်ဟန်မကျဘူး … လို့ လျှော့လျှော့ပေါ့ပေါ့ ပြောခဲ့ပါတယ်။ အမှန်က … အသုံးကို မကျတာ … ပါပဲ။
ဒါကြောင့် လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ။ လူကြီးတွေမလုပ်နိုင်တဲ့ အလုပ်တွေကို တာဝန်ယူထမ်းရွက်ကြပါ။
ဒီမယ်လူငယ်တို့။ မောင်ရင်တို့ လုပ်နိုင်ပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်က လုပ်နိုင်ပါ့မလားလို့ သံသယနဲ့ မေးလာရင် … သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်လို့ ပြောလိုက်ပါ။ ဒီမယ်လူငယ်တို့။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲသမိ
ဒါကြောင့်လိုရင်းကို ချုပ်ရရင် --- လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ……။




No comments:
Post a Comment