Wednesday, March 7, 2012

ချစ်မပြေနိုင်လို့ပါရှင်!

အလွမ်းတွေ ပွေ့ပိုက်လို့
မေ့လိုက်စို့ သူဆို
မေ့မကိုဋ် ''သူ'' အကိုရယ်
ကြူမချို စကား။
မသနား ရက်စက်တယ်လေတယ်။
အသက်သေစေ ညွန်းလေရော့လား။

ရိုရိုလေး နေသူကို

ပွေပူအောင် လှည့်စား
မေတ္တာရောင် သစ္စာအမှားတွေနဲ့
ချစ်ပါလား ချော့မြှူ
အဟုတ်ထင် ယုံကာမှတ်ပါလို့
ပုံကာအပ် ချစ်မိပါသူ။

ဖြေနိုင်ဘူး အကို ''သူ'' ရယ်

အလူမူ သူနော် ပြေ့လို့
သူတော်ဓလေ့ မွေ့မလို့ဟန်ပွေ
မေ့ဘို့ကြံနေ။

''အမိုက်မ'' လို့ဆိုကြစေကွယ်

ပျိုနှမ မေ မလျှော့နိုင်ဘူးလေး။

မျှော်စောင့်လို့ ချစ် ချစ်နေမယ်

အချစ် မပြေနိုင်လို့ပါရှင့်လေး


(နှမလက်လျှော့ နေလေတော့ ဆိုလှာသူ ကိုကိုနိုင် (ကေတု) သို့---

No comments:

Post a Comment