Wednesday, March 7, 2012

နှမလက်လျှော့ နေလေတော့!

ဆိတ်ဆိတ်နေ ဆေဆေနိတ်
ဖြေဖြေစိတ် သောကတွေ

ကျေကျေဖြိတ် ချောနှမရေ

ဒေါသေတွေ ပြေတော့

သွင်မတူပဲ နီးဘို့ကြံလျှင်

ပြီးဘို့ရန် ခက်ပါဘိနော့။



တစ်ကျွန်းစီ့ ဝေးကွာနေ

တစ်ပြေစီ ခြားနေတော့

မဟေသီ တစ်ပါးမေကျော့

အားဖြေလျှော့ စံ ပါ။

ရက်စက်တယ် ထင်မလွဲပါနဲ့

ရင်ထဲမှာတော့ မချိအောင်နာ။


ဒုက္ခပြောတဲ့ သံသရာမှာ

ဖန်ခါခါ ဖမ်းမစားရအောင်

အလွမ်းများ ပွေ့ပိုက်လို့ရယ်

မေ့လိုက်စို့ကွယ်။


မျိုးမြင့်မြတ် ကညာနွယ်ရယ်

သာသနာဝယ် ပျော်စမ်းချင်လို့လေ---။


လက်လျှော့တော့ နှမငယ်ငယ်

ဘ၀နယ်ပယ်  နစ်စမ်းချင်နဲ့လေး---။

No comments:

Post a Comment