Monday, March 5, 2012

နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှလူထု - ဒေါ်အောင်ဆန်းစုကြည်ကို သောင်းနှင့်ချီစောင့်မျှော်နေ


ဒေါ်စု နေပြည်တော်သို့ ယာဉ်တန်းဖြင့် ၀င်လာပီ။ ယာဉ်တန်းသည် မီးလုံးများဖွင့်ကာ အရှိန်ပြင်းစွာ မောင်းနှင်လာကြသည်။ အလံများကိုထောင်ထားကြသည်။ ““ပြည်သူကိုမလှိမ့်တပတ်လုပ်တဲ့အစိုးရ... ၂၀၁၀ ရွေးကောက်ပွဲမှာလည်း... အနိုင်ယူတာ လုံးဝမတရားတဲ့အပြင်... ဒီမိုကရေစီ အတုအယောင်ပါလေ... ”” ဆိုတဲ့ သီချင်းကို အကျယ်ကြီး ဖွင့်ကာ နေပြည်တော်သို့ ၀င်လာကြပြီ။ ဓာတ်ပုံ-ဥက္ကာကိုကို

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် ယခု လေးနာရီ ငါးမိနစ်တွင် နေပြည်တော်သို့ ၀င်ရောက်လာပြီဖြစ်သည်။ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်သို့ ၀င်ရောက်၍ ခေတ္တနားလျှက်ရှိသည်။

ဓာတ်ပုံ- ဥက္ကာကိုကို
နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှ ကွင်းအတွင်းတွင် ဒေါ်အောင်ဆန်းးစုကြည်ကို စောင့်မျှော်နေသူများမှာ သောင်းနှင့်ချီ ရောက် ရှိစုဝေးကာ ဒေါ်အောင်ဆန်းစုကြည်အလာကို စောင့်မျှော်လျှက်ရှိကြောင်း ကွင်းအတွင်းရောက်ရှိနေသော 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
နေပြည်တော်မရောက်မီ လမ်းပိုင်းတစ်နေရာတွင် ကြိုဆိုနေကြသူများ

No comments:

Post a Comment