မြန်မာ့နိုင်ငံရေးပြောင်းလဲမှုကို စစ်တပ်က ထောက်ခံဟု သမ္မတအကြံပေး ပြောကြား

မြန်မာတပ်မ တော်ဟာ မြန်မာပြည်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ အပြည့်အဝ ထောက်ခံမှု ရှိတယ်လို့ သမ္မတရဲ့ နိုင်ငံရေးအကြံပေးလည်းဖြစ်၊ အစိုးရအဖွဲ့ရဲ့ အတွင်းလူလို့ သိကြတဲ့ ဦးကိုကိုလှိုင်က ပြောလိုက်ပါတယ်။

ဦးကိုကိုလှိုင်
ထိုင်းသတင်း စာ တစောင်ဖြစ်တဲ့ နေရှင်းသတင်းစာရဲ့ အယ်ဒီတာချုပ်နဲ့ မေးမြန်းတဲ့အခါမှာ ဦးကိုကိုလှိုင်က ပြောလိုက်တာပါ။ အရင် စစ်အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကလည်း လက်ရှိ နိုင်ငံရေး အ
ခြေအနေသစ်တွေကို နောက်ကွယ်ကနေ ကြိုးကိုင် ညွန်ကြားတာမျိုး မရှိဘဲ၊ လုံးဝအနားယူသွားပြီလို့ ဦးကိုကိုလှိုင်က ပြောပါတယ်။
ဒေါ် အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ချခံခဲ့ရသူ ဖြစ်တဲ့အတွက် စစ်တပ်အပေါ်မှာ အပြည့်အဝ ယုံကြည်မှု မရှိသေးတာကလည်း သဘာဝကျတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိလည်း ဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။
လက်နက်ကိုင် သူပုန်ထမှုတွေ သက်တမ်းရှည်ကြာနေတဲ့ မြန်မာ့နိုင်ငံမှာစစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့လည်း သမ္မတရဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောကြားခဲ့ပါတယ်။
ဒီဗွီဘီ




No comments:
Post a Comment