Monday, March 5, 2012

အချစ်ဆိုတာ 
 
 အချစ်ဆိုတာ ကို
မက်မောတွယ်တာမိလို့
နာကျင်မူ ဆိုတဲ့အရာ
ခံစားခဲ့လာရတယ်
တစ်ခါမှ မစဉ်းစားမိဘူး
အချစ်ကိုမက်မက်မောမောတွယ်တာမိလိမ့်မယ်လို့
 
ချစ်သူကို
မြတ်နိုးမှူနဲ့ နားလည်မူ၊
ယုံကြည်မူ
မေတ္တာ နဲ့သံယောဇဉ်ပါ
ပေါင်းစပ်ပြီး ချစ်လိုက်မိတယ်
ချစ်သူရယ်
အဲလိုချစ်ခဲ့ရဲ့နဲများ
ဘာကြောင့်...ရှောင်ပြေးသွားရတာလဲ
အချစ်ဆိုတာ
ကျယ်ကျယ်ဝန်းဝန်း မသိတတ်ခဲ့တဲ့ ငါ
ချစ်သူနဲ့တွေ့မှ အချစ်ဆိုတာကို
အဓိပ္ပါယ် ပြန်ဆိုဖို့
စကားလုံးတောင် မလောက်ငှဘူး
မဆုံနိုင်တော့မယ့် အတူတူနေ့တစ်နေ့ကို
လွမ်းခြင်းတွေနဲ့ ခရီးဆက်မနေတော့ပါဘူး
အချစ်နဲ့ မျှော်လင့်ချက်ကို
စွန့်လွတ်လိုက်ပါတော့မယ်။

No comments:

Post a Comment