Monday, March 5, 2012

ရင်ကွဲလည်း ချစ်လျှက် 
 ရင်ကွဲပြီ
ရင်ခွဲသူရှိလို.
ရင်ကွဲပြီ. . .
ရက်စက်ခြင်းရဲ.
ဓားသွားအောက်မှာ
ငါ့နှလုံးသား
ဟက်တက်ကွဲ
အနေသိပ်ခက်
သေလိုက်ချင်တယ်. . .

နှုတ်ဖျားက
မေတ္တာမဲ့ သံစဉ်
ခြွေချချိန်
မကြားချင်ဘူး
မကြားရဲဘူး
နားသာကန်းလိုက်ချင်တယ်. . .
မျက်ဝန်းက မိုးတွေပြို
အချစ်ရဲ. ပူလောင်ခြင်း
နေမင်းဆယ်စင်း
ပြိုင်တူထွက်တာထက်
ပူပြင်းလွန်းတယ်. . .
နူးညံ့တဲ့ နှလုံးသားမှာ
အမုန်းမြှား
နင့်သည်းစွာ စူးနစ်
အထိနာခဲ့ရတယ်
အထိနာလည်း
ချစ်လျှက်
သူသိပါစေ. . . ။ ။

No comments:

Post a Comment