Monday, March 5, 2012

 ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ပေါ်​ပေါက်​ရေး​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်များ​ သတင်း​စာရှင်း
၈၈ မျိုး​ဆက်​ကျောင်း​သား​တွေရဲ့​ ငြိမ်း​ချမ်း​ရေး​နဲ့​ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ခေါင်း​စဉ်နဲ့​ သတင်း​စာရှင်း​လင်း​ပွဲတခုကို ဒီက​နေ့​ ရန်ကုန်မှာ ပြုလုပ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများ 
 
သတင်းစာရှင်းလင်းပွဲ ဇန်န၀ါရီ ၂၁ ရက်နေ့က ကျင်းပစဉ်
သင်္ဃန်း​ကျွန်း ​မြို့​နယ်၊​ သီရိဂုဏ်အိမ်ယာမှာ ပြုလုပ်တဲ့​ သတင်း​စာ ရှင်း​လင်း​ပွဲမှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​အတွင်း​သွား​ခဲ့​တဲ့​ မြစ်ကြီး​နား​၊​ မန္တ​လေး​ စတဲ့​ ခရီး​စဉ် အ​တွေ့​အကြုံ​တွေနဲ့​ အဲ့​ဒီအ​တွေ့​အကြုံ​တွေ​ပေါ် မူတည်ပြီး​တော့​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​ ​ပေါ်​ပေါက်​ရေး​အတွက် ​ဆောင်ရွက်သွား​မယ့်​ ကိစ္စရပ်​တွေကို ရှင်း​လင်း​ ​ပြေကြား​ခဲ့​ကြပါတယ်။
တနင်္ဂ​နွေ​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အဓိက ရှင်း​လင်း​ပြောကြား​ခဲ့​တာကို ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုဂျင်မီက ခုလို​ပြောပြပါတယ်။
“အဓိကက​တော့​ အထက်မြန်မာပြည် မြစ်ကြီး​နား​၊​ မန္တ​လေး​ ခရီး​စဉ်နဲ့​ ပဲခူး​တိုင်း​ ခရီး​စဉ်၊​ နိုင်ငံ​တော် သမ္မတ မိန့်​ခွန်း​ပေါ့​။ အဲဒီအရာ​တွေ​ပေါ် အ​ခြေတည်ပြီး​ ကျ​နော်တို့​ သွား​နေတဲ့​ လမ်း​ကြောင်း​တခု​ပေါ့​။ ငြိမ်း​ချမ်း​ရေး​နဲ့​ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ ​ခေါင်း​စဉ်​အောက်က​နေ ကျ​နော်တို့​ ​ပြောကြဆိုကြတာပါ။”
သတင်း​စာရှင်း ​လင်း​ပွဲကို ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​၊​ ကိုမြ​အေး​၊​ ကိုဂျင်မီစတဲ့​သူ​တွေနဲ့​ ပြည်တွင်း​ပြည်ပ သတင်း​ဌာန​တွေက သတင်း​စာဆရာ ၅၀ ​လောက်တက်​ရောက်ခဲ့​ကြပြီး​၊​ သိလိုတာ​တွေ ​မေး​မြန်း​ခဲ့​ကြတာကိုလည်း​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေက ပြန်လည် ​ဖြေကြား​ခဲ့​ကြပါတယ်။
တနင်္ဂ​နွေ​နေ့​ သတင်း​စာရှင်း​လင်း​ပွဲအပြီး​ ည​နေပိုင်း​မှာပဲ ကိုမင်း​ကိုနိုင်၊​ ကို​ဌေး​ကြွယ်၊​ ကိုဂျင်မီနဲ့​ ကိုအံ့​ဘွယ်​ကျော်တို့​ဟာ မ​ကွေး​တိုင်း​၊​ ​ချောက်မြို့​ကို ခရီး​ထွက်မှာဖြစ်ပြီး​၊​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​တွေ​ပေါ်​ပေါက်​ရေး​ ​ဆောင်ရွက်သွား​ကြမယ်လို့​ သိရပါတယ်။
၈၈ မျိုး​ဆက်​တွေရဲ့​ အခုသတင်း​စာရှင်း​လင်း​ပွဲဟာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး​၊​ အကျဉ်း​ထောင် အသီး​သီး​က ပြန်လည်လွတ်​မြောက်ခါစက ပထမအကြိမ် သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ခဲ့​ပါတယ်။ 
ဒီဗွီဘီ

No comments:

Post a Comment