Wednesday, March 7, 2012

လိုက်ရဲရဲ့လား

နေရာသစ်ဆိုပေမဲ့
ရွှေအစစ်ပဲပေးတာပါ
အနာဂတ်လှဖို့အတွက်
ပစ္စုပ္ပန်ကိုတော့ရင်းရမှာပဲ
ဒီခရီးက
လေထန်ရင်ထန်မယ်
လှိုင်းကြမ်းရင်ကြမ်းမယ်
မနေ့က နေ့တွေတိုင်းမှာ
ငါ့တို့အတွက် ဘာကျန်ခဲ့လဲ
 
အစေ့ချရုံနဲ့
အပင်တော့ ပေါက်လာမှာ မဟုတ်ဘူး
ငှက်တစ်သောင်းမနားနိုင်တောင်
အပင်ကောင်းတစ်ပင်ဖြစ်ဖို့အတွက်
ဆုတောင်းရုံနဲ့
ကျေနပ်နေတော့မှာလား
လျှပ်တပြက်လောက်ဘ၀ထဲမှာ
လျှပ်စီးလက်သလောက်ဖြစ်ဖြစ်
အလင်းတန်းကို ပုံဖော်ဖို့
အမှည့်လွန်သစ်သီးမဖြစ်ခင်
ဒီနေ့ပဲ လမ်းလျှောက်ရအောင်
မင်း ----- လိုက်ရဲရဲ့လား ။

No comments:

Post a Comment