Friday, March 9, 2012

လမ်းခွဲ ည . 

. 
အမှောင်ထုကြီး စိုးမိုးလို့
အရာဝတ္ထုတိုင်းရဲ့
မူလအသွင်းကို ပြောင်းလဲသွားစေခဲ့တယ် . . .

ချစ်သူရေ . . .
ခွဲခွာခြင်း၊ နှုတ်ဆက်ခြင်းတွေနဲ့
ငါတစ်ယောက်တည်း သတ်မှတ်ခဲ့တဲ့

အဲဒီညက
နှုတ်ဆက်ထွက်ခွာခဲ့တဲ့
ငါ့ပါးပြင်ပေါ်က
မျက်ရည်စတွေ
မင်းမြင်ရဲ့လား . . .

ငါ့မျက်ဝန်းက
အဆွေးရိပ်တွေကိုရော
မင်းတွေ့ခဲ့ရဲ့လား . . .

ကြေကွဲနေတဲ့
ငါ့နှလုံးသားရဲ့
ငိုနေသံကိုရော
မင်းကြားခဲ့ရဲ့လား . . .

အခု ငါတစ်ယောက်တည်း
လူမသိ၊ သူမသိ
ငိုနေတာကိုရော
မင်းသိရဲ့လားကွာ . . ..

ငါ့ချစ်သူ
မင်းတစ်ယောက်
ငါ့ရဲ့ လောင်မြိုက်မှုတွေနဲ့
ဆက်လက်ရှင်သန်ကျန်ရစ်ခဲ့မှာကို
ငါ မလိုလားခဲ့လို့
အဲဒီညက
ငါ ဟန်ဆောင်ပြုံးပြခဲ့ရတာပါ . ..

အဲဒီ ဟန်ဆောင်အပြုံးတွေမှာရော
အဆွေးရိပ်တွေ
ပူလောင်မှုတွေ
ဝမ်းနည်းမှုတွေ
ကြေကွဲမှုတွေ
အပြည့်နဲ့ပါကွာ . . .

တကယ်တော့
ခွဲခြားခြင်းဆိုတာ
ကျန်ရစ်သူကိုရော
ချန်ထားရစ်သူကိုပါ
ပူလောင်စေတတ်တယ်ဆို
ငါ သိလိုက်တဲ့အချိန်မှာ
ငါအတွက်
အရာအားလုံးက
အရမ်းပဲ နောက်ကျသွားခဲ့ပြီလားကွာ . . .

No comments:

Post a Comment