Showing posts with label မြန်မာ့သမိုင်း. Show all posts
Showing posts with label မြန်မာ့သမိုင်း. Show all posts

Friday, February 3, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ (၄၊ ၅) ရက်တွင် မန္တလေးသို့သွားရောက်မည့်

ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ (၄၊ ၅) ရက်တွင် မန္တလေးသို့သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီးနောက် မည်သည့်အချိန်တွင် သွားရောက်မည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးကျင်းပကာ ရက်ထပ်မံသတ်မှတ်မည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကပြောသည်။

Friday, January 27, 2012

နိုင်ငံရေး အကျဉ်းသား ၃၇၅ ဦးကျန်ရှိနေကြောင်း နိုင်/ကျဉ်းဟောင်းများအဖွဲ့ ထုတ်ပြန်

နိုင်ငံရေး အကျဉ်းသား ၃၇၅ ဦးကျန်ရှိနေကြောင်း နိုင်/ကျဉ်းဟောင်းများအဖွဲ့ ထုတ်ပြန်

ဇန်န၀ါရီ ၂၅၊ ၂၀၁၂ (YPI)
 သမ္မတ ဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ်ကြေညာခဲ့သော်လည်း အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၃၇၅ ဦးကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ထုတ်ပြန်ကြေငြာလိုက်သည်။
၎င်းတို့၏ ထုတ်ပြန်ကြေငြာချက်တွင်  နိုင်/ကျဉ်း ၆ရရ ဦးထဲတွင် ယခုလ ၂၂ ရက်နေ့အထိ လွတ်မြောက်သူ


Sunday, January 15, 2012

နယ်ချဲ့လက်ပါးစေများ လက်ချက်ဖြင့် ကျဆုံးခြင်း

နယ်ချဲ့လက်ပါးစေများ လက်ချက်ဖြင့် ကျဆုံးခြင်း
ခန်းမ မြို့တော် ၊ စည်းဝေး ခေါ်၍ ၊ ရက်သော် မကြာ ၊ ကာလမများ ၊ ခြောက်ရက်
ခြားပေါ့ ၊ ဒို့များ ရက်ဆိုး ၊ ရွှေရင် ကျိုးခဲ့ ၊ ဆဲ့ကိုး ဇူလိုင် ၊ ဘယ် မေ့နိုင်လိမ့် ၊ မဏ္ဍိုင်
တံခွန် ၊ ပြည့် သားမွန် ကို ၊ စွယ်ချွန်  ပြူးပြူး ၊ ခွေး ဘီလူးတို့  ၊ ရှူးရှူး  တိုက်တိုင်း ၊
လွှတ်စည်းဝိုင်းတွင် ၊ မဆိုင်းဝင်ကပ် ၊ ပစ်ခွင်းသတ်လို့ ၊ ကင်းပြတ်ဇီဝိန် ၊ ခါသည်ချိန်မှာ ၊
မငြိမ် စိတ် ၀မ်း ၊ ရွှေတုတ်  နွမ်းခဲ့ ၊ အလွမ်း  မှလေ ၊ ပြေပါစေ လို့ ၊ ရွှေသဲပြင်သွေး ၊
မျက်ရည် နွေးနဲပ ၊ ရေးရ တုံရီ ၊ စာမပီလဲ ၊ သီလို့ သ ရ ၊ ဘ၀ ကဗျာ ၊ ဤ အလွှာဖြင့် ၊
ဂါရ၀မှု ၊ အလေးပြုပါတယ် ဗိုလ်ချုပ်ရယ် ..

မြို့တော်ခန်းမကြီး၌ အရေးကြီးသော မိန့်ခွန်း မြွက်ကြားခြင်း

မြို့တော်ခန်းမကြီး၌ အရေးကြီးသော မိန့်ခွန်း မြွက်ကြားခြင်း
ဇူလိုင်ဆယ့်သုံး ၊ မြို့လုံးအကျွတ် ၊ မြေကြီးညွှတ်မျှ ၊ လွတ်လပ်တော့မှာ ၊ သေချာတာမို့ ၊
လွတ်လာတော့ကို ၊ ဘာတွေ လို၍ ၊ ဘယ်လို နေထိုင် ၊ ဘာ လုပ်ကိုင် ဟု ၊ နိုင်ငံလွတ်စ ၊
နေတတ်ကြအောင် ၊ ခန်းမမြို့တော် ၊ စည်းဝေး ခေါ်ပြီး ၊ အုတ်အော် သောင်းသောင်း ၊
လူထုပေါင်း ကို ၊ နွေနျောင်းဝသန် ၊ ဂျိုးဂျိမ့်ညံ၍ ၊ မိုးသံကလှုင် ၊ ချောင်း ရေ အိုင် နှင့် ၊
ချမ်းနိုင်ရှာဘဲ ၊ ရွှဲချင် ရွှဲတဲ့၊ မိုးဖွဲ ဖြုန်းဖြုန်း ၊ လေဟုန်းဟုန်း တွင် ၊ ဆုံးလဲ ဆုံးမ ၊သြ၀ါဒ
ဖြင့် ၊ လမ်းပြရှေ့တန်း ၊ ဗိုလ်အောင်ဆန်းကား ၊ လွမ်းပန်း သီခဲ့ရှာ ထင်ရဲ့ ... ။

ပင်လုံညီလာခံ၌ သွေးစည်းခြင်း တိုင်းရင်းသား

ပင်လုံညီလာခံ၌ သွေးစည်းခြင်း တိုင်းရင်းသား
သည်ဆောင်း ဟေမန် ၊မြောက်ပြန် လေညင်း ၊ ငွေနှင်း ဝေေ၀ ၊ မှုန်ပြေပြေ တည့် ၊
ဖေဖေါ်ဝါရီ ၊ လ ရာသီ ၀ယ် ၊ အက်တလီ  ထံ ၊ အင်္ဂလန်  မှ ၊ ပြန်လို့  ဆိုက်ရောက် ၊ ယား
မဖျောက်ဘဲ ၊ တောက်လျှောက်ဘဲတော် ၊ ဟိုတောင်ပေါ်ပေါ့ ၊ ပျော်စချင့်ညို့ ၊ တောင်စို့စို့
နှင့် ၊ မြို့တော် ပင်လုံ ၊ စုံသည်လူမျိုး ၊ မိုးသို့ စွင့်ပျံ ၊ ညီလာခံ ၌၊ နှုတ်သံရွတ်ရွတ် ၊တတွတ်
တွတ်နှင့်၊ လွတ် လွတ်လပ်ရေး၊ စိတ်ဓါတ် နွှေးခဲ့၊ မဝေးမပြား ၊ တသွေးသားမို့၊ ကျားကျား
မမ ၊ မကွဲကြနဲ့ ၊ ပြည်မ တောင်စောင်း၊ ညီတုံရှောင်းက၊ နှာခေါင်းသို့ ချဉ်း၊ ကျွန်ဗွက်တွင်း
မှ ၊ လွတ်ကင်း ရအောင် ၊ ကျုပ် ကယ်ဆောင်အံ့ ၊ ညီနောင် မခြား ၊ တိုင်းရင်းသားကို ၊
ရွှေပြားနှယ် ကုပ် ၊ မေတ္တာ အုပ်လို့ ၊ ဗိုလ်ချုပ် သွေးစည်းခဲ့တာလေ ။

အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုခြင်း

အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုခြင်း
ကောဇာ မှတ်ရေး ၊ လေးဆဲ့ခုနစ် ခု ၊ ရတု နှင်းအံ ၊ ဆီးကျံကျံနှင့်၊ ဇန်န၀ါရီ ၊ ခွါညိုစီတဲ့ ၊
ရာသီ ညို့မှိုင်း ၊နှစ်ဦးပိုင်း မှာ ၊ တိုင်းပြည် လွတ်ရန် ၊ အင်္ဂလန် နှင့် ၊ ဖန်ဖန် ကူးသန်း ၊ ဗိုလ်
အောင်ဆန်း က ၊ နန်းရင်းဝန်မည် ၊``အက်တလီ´´ကို ၊``ကိုယ့်ပြည်ကိုယ့်မင်း၊ကိုယ်ပိုင်နင်းပြီး
ရှင်းရှင်း လွတ်လွတ် ၊ ကွင်းလုံးကျွတ် တဲ့ ၊ လွတ်လပ်စွာ ဒို့ ၊ နေမဗျို့´´ လို့ ၊ ကျို့သံ မပါ ၊
မာသံ မနှော ၊ မှန်ရာပြော ကို ၊ သဘောကြိုက်ညီ ၊ အက်တလီ က ၊``ကောင်းပြီ ကွယ်ရို့ ၊
ပေးမည် ဒို့ ´´ဟု ၊ ချုပ်စို့လား စာ ၊ စက္ကူလွှာတွင် ၊ လွတ်ရာစာတမ်း၊ လက်ဆင့်ကမ်းသည် ၊
``အောင်ဆန်း အက်တလီ စာချုပ်´´ တဲ့ ။

နေသူရိန် အစည်းအဝေးမှ လွတ်လပ်ရေး တောင်းဆိုခြင်း

နေသူရိန် အစည်းအဝေးမှ လွတ်လပ်ရေး တောင်းဆိုခြင်း
ဖက်ဆစ် ကျင့်တန် ၊ ဂျပန် စစ်မီး ၊ ငြိမ်းပြီးသည့် နောင် ၊ ဗိုလ်ချုပ်အောင်ပေါ့ ၊ တထောင်
ကိုးရာ ၊ လေးဆယ် သာတဲ့ ၊သင်္ချာ အညွှန်း ၊ ငါးခု စွန်းမှာ ၊ရေမွန်း ကမ်းလျှံ ၊ မြစ်ယံ သမုဒ် ၊
သြဂုတ် ဆဲ့ကိုး ၊ ရေဖြိုးဖြိုး နဲ့ ၊ မိုးတွင်းအချိန် ၊ ရွှေ သိင်္ဂုတ္တရ ၊ တောင်များ ရှေ့စောင်း၊ ကန်
တော်ချောင်းဝယ် ၊ သိန်းသောင်း အရှိန် ၊ ``နေသူရိန်´´တဲ့ ၊ ဝေထိန်လျှံဝင်း ၊ ရုံတော်တွင်းမှာ ၊
ရဲတင်း သံကြွေး ၊ ``လွတ်လပ်ရေး´´ ကို ၊ ပေးဘို့ စကား ၊ ကမ္ဘာ ကြားအောင် ၊ နားကွဲ မတတ်
ပါဘဲတော် ... ။

ဗိုလိချုပ် အောင်ဆန်း ဂျပန်ကို တော်လှန်ပြီ

ဗိုလိချုပ် အောင်ဆန်း ဂျပန်ကို တော်လှန်ပြီ
( ၁၉၄၅ ) ခု ၊ ရတု နွေဦး ၊ လေရူးသုန်သုန်၊ ဝေမှုန်မှုန်ဝယ် ၊ ဒဂုန်တောင်အောက်၊ ဆံတော်
မှောက်မှာ ၊ လျှံတောက်ညီးညီး ၊ တပ်တော်ကြီး ကို ၊ ``ရန်မီးတောက်လျှံ ၊ ငြိမ်းသတ်ရန်တွက် ၊
ငါတို့ ထွက်အံ့´´၊ လက်နက်ကိုယ်စီ၊ ရဲတေးသီလို့ ၊ တပ်ချီကာထွက် ၊ မြေကြီးအက်မျှ ၊ ဖက်ဆစ်
သို့ ညွှန် ၊ စစ်တံခွန်သည် ၊ မိုးစွန် ကြွားကြွား လွှားသတော့ ... ။
ရဲသွေးတံခွန် ၊ ကြွားကြွား ကွန်လို့ ၊ အားသွန် တိုက်ဖျက် ၊ တော်လှန်ရက် မှာ ၊ သက္ကရာဇ်
လေးဆယ် ၊ ငါးခု ကယ်တဲ့ ၊ လ၀ယ် မတ်လ ၊ အောင်ကိန်းရ လို့ ၊ ရက်က နှစ်ဆယ့်ခွန် ၊ နိပွန်
ဘန်ဇိုင်း ၊ တွေ့လေတိုင်းကို၊ ဆုတ်ဆိုင်းမရှိ ၊ နှံတုံဘိကို ၊ ဇာတိ ဂျပန် ၊ ၀ိဥာဉ်ပြန်လဲ ၊ ကျန်ခဲ့
ရုပ်ကြွင်း ၊ နုပ်နုပ်စဉ်းလို့ ၊ သွေး ချင်းချင်းသာ 

ဂျပန် ကို တော်လှန်ရန် မဟာမိတ်နှင့် ဆက်သွယ်ခြင်း

ဂျပန် ကို တော်လှန်ရန် မဟာမိတ်နှင့် ဆက်သွယ်ခြင်း
ကိုယ့်ပြည်တိုင်းခွင် ၊ လွတ်လပ်ချင်၍ ၊ ပြင်ပအကူ ၊ ဂျပန်ယူပြီး ၊ ရန်သူအပြုတ် ၊ မောင်းနှင်
ထုတ်လဲ ၊ ကျုပ်တို့ အပေါ် ၊ အဆွေတော် တဲ့ ၊ ခေါ်လာ ဂျပန် ၊ အကျင့် တန်လို့ ၊ မခံနိုင်အား ၊
အသဲယားခဲ့ ၊ ကျားကြောက် ရှင်ကိုး ၊ ကျားထက်ဆိုးကို ၊ ဒဲ့ဒိုး ပက်ပင်း ၊ ကြုံရလျှင်းက ၊ ခံပြင်း
အံကြိတ် ၊ တိတ်တဆိတ်ပေါ့ ၊ မဟာမိတ်နဲ့ ဆက်သတော့ ... ။
ဖက်ဆစ်ဂျပန် ၊ နှံဘို့ အတွက်၊ နှက်ဖို့ အရေး၊ မက်လုံးပေးလို့ ၊ ရှေးကရန်သူ၊ ဖြစ်ခဲ့မူလည်း ၊
ခုမူ မိတ်ဖြစ် ၊ ကြိုးနှယ် ကျစ်ပြီး ၊ ဖက်ဆစ် တွန်းလှန် ၊ လွတ်မြောက်ရန် ဟု ၊ ပြင်းထန် ဆန္ဒ ၊
လျှို့ဝှက်စွဖြင့် ၊``ဖ ဆ ပ လ ´´ ၊ ဥုံဖွ လူပေါင်း ၊ စုစည်းဆောင်းပြီး ၊ ချက်ကောင်း စောင့်လို့
နေခဲ့၏ ။

အိမ်ထောင်ရှင် ဗိုလ်ချုပ်အောင်ဆန်း

အိမ်ထောင်ရှင် ဗိုလ်ချုပ်အောင်ဆန်း
ရန်ကုန်မြို့ကြီး ၊ သိမ်းပိုက်ပြီး၍ ၊ ခရီးကကြမ်း ၊ စစ်ကြောင့်နွမ်းမို့ ၊ အပန်းဖြေရင်း ၊ ဆေးရုံ
ချဉ်းပြီး ၊ အားသွင်း နေစဉ် ၊ ``ဖူးစာရှင်´´ တဲ့ ၊ ဒေါ်ခင်ခင်ကြည် ၊ ဆင်းသိင်္ဂီ နဲ့ ၊ ချစ်ရည် တူမျှ ၊
လက်ထပ်ကြပြီး၊ လ-ဇူလိုင်ရောက် ၊ မြှောက်စားရာထူး၊ ဗိုလ်မှူးကြီးအရာ၊``မဟာသေနာပတိ´
ကျော်ကိတ္တိဖြင့် ၊တိုင်းသိပြည်ပေါ် ၊ ကမ္ဘာကျော်ရော့ ၊နောက်သော် ဆင့်ပြီး ၊ ``စစ် ၀န်ကြီး´´တဲ့ ၊
ချီးအံ့ဖုံဖုံ ၊ ဘယ်မှာ ကုန်လိမ့် ။

ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်ကို သိမ်းပိုက်ခြင်း

ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်ကို သိမ်းပိုက်ခြင်း
( ၁၉၄၂ ) ခု ၊ နှင်းဥ ဆိုင်းဆိုင်း ၊ နှစ်ဦးပိုင်းမှာ ၊ သမိုင်း ကဏ္ဍ ၊ အသစ် စခဲ့ ၊ ဗမာ့တပ်မတော် ၊
ရဲဘော် ဂျပန် ၊ အလံပြိုင်တူ ၊ တလူလူပေါ့ ...၊ ဇမ္ဗူကျော်သောင်း ၊ မြေကြီး စောင်းမျှ ၊ တပ်ပေါင်း
လျှိုးလျှိုး၊ စွယ်ရောင်ပျိုးပြီး၊ မိုးလုံးဖြန့်ရစ် ၊ မာရ်မင်းစစ်သို့ ၊ ကြွေးဟစ်ကြေငြာ ၊ ပြည်ဗမာ - သို့ ၊
ချီလာ စစ်ခင်း၊ တိုက်တုံလျှင်းက ၊ ဗိုလ်မင်း တေဇ ၊ ခေါင်းဆောင်ရတဲ့ ၊ ဗမာ့ရဲကျော်၊ တပ်မတော်
က ၊ မြို့တော် ရန်ကုန် ၊ လေးဘက် ခြုံပြီး ၊ မာန်ဟုန်ပြင်းပျ ၊ တိုက် ခိုက် ကြလို့ ၊ မတ်လ ရှစ်ရက် ၊
ဗိုလ်ချုပ် လက်သို့ ၊ ကြွေသက်လျှောကျ ၊ ရန်ကုန် ရသည် ၊ တေဇ ဟေ့နော် ... တေဇနော် ... တဲ့ ။

သခင် အောင်ဆန်းမှ ဗိုလ်တေဇ သို့

သခင် အောင်ဆန်းမှ ဗိုလ်တေဇ သို့
ဒုတိယ ကမ္ဘာ ။ ထိန်ဝါလျှံညီး ၊ စစ်မီးလောင်ခိုက် ၊ ခွင့်ကောင်းဆိုက်ဟေ့ ၊ ``ကြိတ်လိုက်ကြစို့ ၊
ရဲဘော်ရို့``ဟု ၊ ပျို့ပျို့ ဆောင်စိတ် ၊ ရဲသုံးကျိပ် တို့ ၊ စစ် ရိပ် အောက် လွှား ၊ ရွေ့ကာ ရှားလို့ ၊
ယိုးဒယား ရောက် ၊ မြို့ဘန်ကောက်မှာ ၊ ကွန်းထောက်ချနေ ၊ ``ဘီအိုင်အေ´´ လို့ ၊ တွင်စေမဟဲ့ ၊
တပ်ကြီးဖွဲ့ပြီး ၊ တကဲ့ ရဲတောက် ၊ မောင်းသွေးဖောက်လို့ ၊ သောက်ကြရွှင်လန်း ၊ မောင်ကြီး ဆန်း
မှာ ၊ ဘုန်းတန်း ထွန်းပ ၊`` ဗိုလ်တေဇ ´´ တဲ့ ၊ ဘွဲ့လှ တပ်ဆင် ၊ စစ်ရေးပြင်ပြီး ၊
ပြည်တော် ၀င်ကြမလို့ တဲ့တော့ ။

အရှေ့ အာရှ စစ်ကြီး စ၍ ဖြစ်လာခြင်း

အရှေ့ အာရှ စစ်ကြီး စ၍ ဖြစ်လာခြင်း
ဤသို့ ဂျပန် ၊ ကျွန်းဟိုင်နမ် မှာ ၊တော်လှန်ဘို့ရေး ၊ စစ်အားမွေးကာ ၊ သွေးလို့ ကောင်းတုန်း ၊
ဗြုံးကနဲတော် ... ၊ လန့်လို့အော်မိ ၊ မြေပေါ် ရေပေါ် ၊ ဆော်ပလော်တီး ၊ စစ်မီးလျှံစွဲ ၊ မိုးလုံးရဲလို့ ၊
စွန်ဝဲဟန်ညီ ၊ လေတပ်ချီပြီး ၊ ဒီဇင်ဘာလ ၊ ရှစ်ရက် စခဲ့ ၊ အာရှ အရှေ့ ၊ စစ်မီး ဝှေ့လို့ ၊ ငွေ့တ
ထောင်းထောင်း၊ ဘယ်မြင်ကောင်းလိမ့်၊ အလောင်းချင်းဖက်၊ လည်ချင်းယှက်တဲ့ ၊ စစ်သက္ကရာဇ်၊
လေးဆယ့် တစ် မှာ ... ။

ဂျပန် ပြည်ရောက် သခင်အောင်ဆန်း

ဂျပန် ပြည်ရောက် သခင်အောင်ဆန်း
ပြည်ပဆက်ဆံ၊ တာဝန်ခံဖြင့် ၊ တော်လှန်ရေး တွက် ၊ အသက် သေသေ ၊ အရေ ခန်းခန်း ၊
စွန့်စားခန်း ပေါ့ ၊ အောင်ဆန်း ဗိုလ်ချုပ် ၊ လ သြဂုတ် မှာ ၊ တရုတ် ဟန်သွင် ၊ ခံ အိုင်တင် နှင့် ၊
ထင်ထင် ရှစ်ရက် ၊ ပြည်မှ ထွက်လို့ ၊ စက်သင်္ဘောခေါ် ၊ ``ဟိုင်လီ ´´ ပေါ်၌ ၊ စေဖော် လုပ်သား ၊
မီးထိုး လားသို့ ၊ လိုက်သွားပြီးနောက် ၊ ဂျပန် ကို ရောက်ပါလေရော့တော် ... ။
တခေါက် မြန်မာ ၊ ပြန်လာရာတွင် ၊ သွားမှာ အတု ၊ ခေါခေါ ပြုလို့ ၊ သူဟု တတ်အပ် ၊ ဘယ်သူ
မှတ်လိမ့် ၊ ပါးနပ်ပိပိ ၊ ရောက်တုံ ဘိသော်၊ သတိ ချွန်းချိတ် ၊ တိုးတိတ်တိတ် ဖြင့်၊ သုံးကျိပ် ရဲဘော်၊
ခေါင်းဆောင်ခေါ်ပြီး ၊ ကျွန်းမော် ``ဟိုင်နမ်´´၊ တော်လှန် ရန် ဟု ၊ ကိုယ်ခံ အလွှာ ၊ စစ်ပညာကို ၊
လေ့လာ ဆည်းပူးကြပါတယ် ။

မြေအောက်တော်လှန်ရေး သခင် အောင်ဆန်း

မြေအောက်တော်လှန်ရေး သခင် အောင်ဆန်း
ငှက် ဖြစ်၍ပျံ ၊ ခံနိုင်မလား၊ နဂါးလိုတိုး ၊ မြေထဲလျှိုးမလား ၊ ဖမ်းလားဆီးလား၊ ၀ရန်းသားလဲ ၊
အလကားပင် ၊ ရာ မထင်ဘူး ၊ သခင် ထိပ်တန်း ၊ ကိုအောင်ဆန်း နဲ့ ၊ စိတ်ဝမ်း တူမျှ ၊ သခင်မြ တို့ ၊
ဗမာ့ လွတ်ရေး ၊ မြှော် ထောက်တွေးပြီး ၊``အရေးတော်ပုံ ´´ ၊ ကမ္ပည်း ခြုံတဲ့ ၊ မြေခုံ အောက် ဘေး ၊
တော်လှန်ရေးတွက်၊ သွေးစည်းချည်နှောင်၊ ပါတီထောင်ကြ၊ တိုင်းဘောင်တွင်းက၊ ရေးရာကျတော့၊
သခင်မြ ကိုင် ၊ နိုင်ငံပြင်ဘေး၊ ဆက်ဆံရေးကို၊ ချပေးဝန်ထမ်း၊ ကိုအောင်ဆန်း တဲ့ ၊ ခွဲခြမ်းဝန်တာ ၊
လျှို့ဝှက်စွာ နဲ့ ၊ ဗမာလွတ်ကြောင်း ၊ စက်ကုန်မောင်းသည် ၊ အကြောင်း နင်တို့ သိစေမဟဲ့ ... ။

ဗိုလ်ချုပ် အောင်ဆန်း ဇာတိချက်ကြွေ ဖွားရာမြေ

ဗိုလ်ချုပ် အောင်ဆန်း ဇာတိချက်ကြွေ ဖွားရာမြေ
ဆွေကြီး မျိုးမြတ် ၊ နတ်မောက်မြို့သား ၊ ဦးဖား ရှေ့နေ ၊ အမေ ဒေါ်စု ၊ ရွှေဥ သက်မှန်း ၊
သားအောင်ဆန်းပေါ့ ၊ ဂဏန်း သက္ကရာဇ် ၊ တစ် နှစ် ခွန် ခြောက် ၊ နွေဦးပေါက်မှာ ၊ဆောင်းနောက်
မြီးညောင်း ၊ တပေါင်းဆန်းရွှေ့ ၊ တရက်နေ့တွင် ၊ စက်ငွေ့နဂါး ၊ စနေဖွားမို့ ၊ နံအားလျော်ခြင်း ၊
``မောင်ထိန်လင်း´´ တဲ့ ၊ ကိုရင်း အောင်သန်း ၊ ကာရန် မှန်းလို့ ၊``အောင်ဆန်း´´ပေါ့တော် ၊
နောက်တော့ခေါ်ကြ ... ။

သမဂ္ဂ ဥက္ကဌ ၊ တက္ကသိုလ် ကောင်စီဝင် ကိုအောင်ဆန်း

သမဂ္ဂ ဥက္ကဌ ၊ တက္ကသိုလ် ကောင်စီဝင် ကိုအောင်ဆန်း
တက္ကသိုလ်ဘောင် ၊ ပဲခူးဆောင် မှ ၊ အောင် ၀ိဇ္ဇာတန်း ၊ ကိုအောင်ဆန်း မှာ ၊ ပွင့်လန်း ထင်ရှား ၊
ရေပန်းစားပြီး ၊ သူ့အား သမဂ္ဂ ၊ ဥက္ကဌ တဲ့ ၊ ဟိုကလဲ ဌ ၊ ဒီက ဌ နဲ့ ၊ မြှောက်ကြသူ့ကို ၊ ဥဒဟိုပေါ့ ၊
ပုဂ္ဂိုလ် အရ ၊ကြည်ညိုကြ နဲ့ ၊ ထက်စွ ကြံစည် ၊ နှလုံးရည်ကြောင့် ၊ ကောင်စီမှာလဲ ၊ ကျောင်းသား
ထဲက ၊ သူဘဲ ပဌမ ၊ရွေးခံရ၏ ။

ဗိုလ်ချူပ်အောင်ဆန်း ၁၉၁၅-၁၉၄၇

ဗိုလ်ချူပ်အောင်ဆန်း ၁၉၁၅-၁၉၄၇                                                                                                                                                                                                                                                                                     ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့

ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။



သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)



ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။



"Invictus"

Out of the night that covers me,

Black as the Pit from pole to pole,

I thank whatever gods may be

For my unconquerable soul.

In the fell clutch of circumstance

I have not winced nor cried aloud.

Under the bludgeoning s of chance

My head is bloody, but unbowed.

Beyond this place of wrath and tears

Lies but the horror of the shade,

And yet the menace of the years

Finds, and shall find me, unafraid.

It matters not how strait the gate,

How charged with punishments the scroll,

I am the master of my fate:

I am the captain of my soul.

Engrave this quote in Our Store! Rate this Quote! Tell a Friend.