မေတ္တာ မရှိခင်၊ သစ္စာသိမြင်နိုင်သလား
စကားဦးနိဒါန်း သစ္စာစကား
ဗုဒ္ဓဘုရားရှင် ထုတ်ဖော် ဟောကြားတော်မူခဲ့သော သစ္စာလေးပါး မြတ်တရားကို လက်တွေ့ ကျင့်သုံးပြီး ကိုယ်တိုင်သိရန်မှာ အရေးအကြီးဆုံး လိုအပ် ချက်ဖြစ်ပါသည်။ သစ္စာ မသိက ဖြစ်တာလည်း မသိနိုင်ပါ။ ဖြစ်တာကို မသိပါက ပျက်တာကိုလည်း သိလိမ့်မည် မဟုတ်ပါ။ ဖြစ်ပျက် မမြင်လျင် အသစ် စက်စက်ဟု အရာရာတိုင်းကို ထင်မြင်တတ်ခြင်း အမှတ်မှား (သညာဝိပလ္လာသ)၀င်လာတတ်ပါသည်။ ဤကဲ့သို့  ဖြစ်ရခြင်းမှာ သစ္စာလေးပါးကို စနစ် တစ်ကျ မကျင့်သုံးနိုင်သောကြောင့်ဟု ဗုဒ္ဓ၀ါဒတွင် ဟောကြားထားပါသည်။ သစ္စာလေးပါးကို ကိုယ်တိုင်မသိလျင်လည်း ဘ၀ပြဿနာအဖြေရှာရာတွင် နှောင့်နှေး ကြံ့ကြာတတ်ပါသည်။



