တကယ်ချစ်တက်လာတဲခါ အလွမ်းတွေကလည်း ချိုမြိန်လာတယ်..။ သူ့အကြောင်းတွေးလိုက်ရုံနဲ နှလုံးသားတွေနွေးထွေးလာတယ်..။ သူ့နာမည်လေးရေရွတ်မိရုံနဲ့ နူတ်ခမ်းတွေ အလိုလိုပြုံးတတ်လာတယ်..။ သူ့စကားသံတွေ ပြန်ကြားရုံနဲ့ အနားမှာရှိနေသလို အင်းအားတွေ ဖြစ်ပေါ်စေတယ်...။ အချစ်ဆိုတာ အနေနီးခြင်း..ဝေးခြင်းဆိုတာထက် နှလုံးသားမှာ ရှိခြင်း...မရှိခြင်းနဲပဲ သက်ဆိုင်တယ်ဆိုတာ အခုတော့ ကောင်းကောင်းနားလည်သွားပြီး..ချ
Showing posts with label ချစ်နဲ့ဆိုင်သော ကဗျာ များ. Show all posts
Showing posts with label ချစ်နဲ့ဆိုင်သော ကဗျာ များ. Show all posts
Saturday, April 14, 2012
Sunday, March 25, 2012
သဝန်တိုနေတယ်..
သဝန်တိုနေတယ်..
မျက်ဝန်းနက်ဖြင့် မကြည့်လေနဲ့ ချစ်ဦးရယ်
မောင်ရူးသလို သူတို့ရူးလိမ့်မယ်
ညို့စွဲတဲ့အပြုံး မပြုံးနဲ့ကွယ်
သူတို့တတွေ ချစ်ကြလိမ့်မယ်
သဝန်တိုရင်ပူ အချစ်တွေဆူလို့
နှလုံးနုနုကျက်လုနေပြီ အို…..ချစ်ဦးသခင်
မြင်လှည့် ဝင်လှည့်ပါ မောင့်ရင်ညှာ
အချစ်တွေနဲ့ ပူလောင်နေတာ
မြတ်နိုးစိတ်နဲ့ တသက်လုံးချစ်တော့မည်
ချစ်သူမျက်နှာ လမင်းပမာ တင်စားချင်တာ
သနပ်ခါးဘဲကြား “နမ်း”ချင်တယ်တအား
ရှက်ပြုံးမမေ့ဆုံးမို့ တသက်လုံး ပိုက်ထွေးတော့မယ်
ရိုးမြေကျချစ်တယ်……
မောင်ရူးသလို သူတို့ရူးလိမ့်မယ်
ညို့စွဲတဲ့အပြုံး မပြုံးနဲ့ကွယ်
သူတို့တတွေ ချစ်ကြလိမ့်မယ်
သဝန်တိုရင်ပူ အချစ်တွေဆူလို့
နှလုံးနုနုကျက်လုနေပြီ အို…..ချစ်ဦးသခင်
မြင်လှည့် ဝင်လှည့်ပါ မောင့်ရင်ညှာ
အချစ်တွေနဲ့ ပူလောင်နေတာ
မြတ်နိုးစိတ်နဲ့ တသက်လုံးချစ်တော့မည်
ချစ်သူမျက်နှာ လမင်းပမာ တင်စားချင်တာ
သနပ်ခါးဘဲကြား “နမ်း”ချင်တယ်တအား
ရှက်ပြုံးမမေ့ဆုံးမို့ တသက်လုံး ပိုက်ထွေးတော့မယ်
ရိုးမြေကျချစ်တယ်……
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
Thursday, March 22, 2012
သီတင်းကျွတ်ည
ဟေ့..................
ဒီည ငါအတိတ် အနာဂါတ် အားလုံး
ရွေ့လျားနေတဲ့ လပြည့်ညအောက်
ငွေရောင်လွှမ်းသွား။
ဟေ့........
ဒီကာလ ငါ အချစ် အမုန်း အားလုံး
ထိန်ညီးနေတဲ့ မီးပုံးလှအောက်
ရွှေရောင်လွှမ်းသွား။
ဟေ့........
ဒီမျှ ငါ့ရင်ထဲက အရာအားလုံး
လတ်ဆတ်နေတဲ့ မီးရှူးပန်းအောက်
တဖြောက်ဖြောက် ကြွေသွား။
အင်အားများအားလုံး
ရှေ့ဆက်မယ့်ခရီးအတွက်
အသင့်ပေါ့။
ဒီည ငါအတိတ် အနာဂါတ် အားလုံး
ရွေ့လျားနေတဲ့ လပြည့်ညအောက်
ငွေရောင်လွှမ်းသွား။
ဟေ့........
ဒီကာလ ငါ အချစ် အမုန်း အားလုံး
ထိန်ညီးနေတဲ့ မီးပုံးလှအောက်
ရွှေရောင်လွှမ်းသွား။
ဟေ့........
ဒီမျှ ငါ့ရင်ထဲက အရာအားလုံး
လတ်ဆတ်နေတဲ့ မီးရှူးပန်းအောက်
တဖြောက်ဖြောက် ကြွေသွား။
အင်အားများအားလုံး
ရှေ့ဆက်မယ့်ခရီးအတွက်
အသင့်ပေါ့။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
တိတ်တခိုး
ခြေဖျားထောက်ကာမော့်ကြည့်တော့
တိမ်ဖျားမှာခိုနေတဲ့ ဒီအပြုံး
အားရအောင်နမ်းရှိုက်ချင်ရဲ့...........။
လက်လှမ်းကာ ဖမ်းဆုပ်လိုက်တော့
ဝေးကွာတဲ့ဟိုးတစ်နေရာမှာ တည်နေတဲ့ ဒီအရိပ်
အားသွန်ကာပြေး အေးအေးလေးပွေ့လိုက်ချင်ရဲ့..............။
မသိတဲ့အသည်းပန်း မလန်းအောင်လဲ
မတိုက်တွန်းချင်ဘူး
ပြည့်စုံတဲ့ရင်ထဲကအရာကို
မတိမ်းညွတ် ယိမ်းယိုင်ချင်လာအောင်
ဆွဲဆောင်မယ့် မျက်ဝန်းစကားလှစေမယ့်အချိန်ခဏလေး
ပေးမလားဆောင်ယူဖို့
ငံ့လင့်နေပေါ့
တိတ်တခိုး..............။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
တန်ဆောင်တိုင်ည
မြူခိုးဝေတဲ့ဆောင်းတစ်ည
လပြည့်အလှနဲ့အတူ
မီးရောင်စုံတွေကခုန်နေတဲ့
အဝေးပြေးလမ်းမကြီးရဲ့အဆုံး
မမုန်းနိုင်အောင်စီးဆင်းသန်မာဆဲ
မြစ်ငယ်လေးတစ်ခုရဲ့ရေအလျင်နဲ့အတူ
တလှုပ်လှုပ်ပြေးလွှား မီးခွက်လှလှလေးတွေ
ဟိုဟိုဒီဒီငေးကြည့် မြင်သာမြင်ကြင်ခွင့်မရတဲ့
အမိနို့ချိုရည်ကိုတောင့်တ လွမ်းဆွတ်သံတွေအားလုံး
မီးပန်းအလှအောက် ကျပျောက်သွား..............။
အလှပေါ်အယဉ်ဆင့်
သူသူငါအပြိုင်ကျဲ အလှဖွဲ့တွေနဲ့အပြုံးတစ်ဆုပ်က
ရင်ထဲမှာလှိုင်းထန်စေတဲ့အခါ
လက်ထဲမှာနွေးထွေးမှုတစ်ခုဖမ်းဆုပ်ထားတာ
ခံစားမှုထပ်တူကျ ပြိုင်တူအခါခါပြုံးမိကြရဲ့.....။
ကျောထဲစိမ့်တဲ့ ဒီဥတုအအေး
ခပ်အေးအေးလေးရင်ဆိုင်ရင်းပေါ့
အပြေးကလေးခွာလှမ်း
အပြန်လမ်းလည်းမဝေးခဲ့ဘူးကွယ်....။
တစုံတရာကျပျောက်သွားလား
ဘာကိုမှအလေးနက်မထား
အငိုဆိုတဲ့အက်ရှင်အတွက်
ထားခဲ့တဲ့ဒီမျက်ရည်
မြစ်ငယ်လေးရဲ့သောင်ပြင်မှာချန်ရစ်ခဲ့တဲ့ ငါ့ရင်ထဲကတန်ဆောင်တိုင်ည.........။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
အကြင်
မွေးရာပါလား သူ့အားကြင်နာ
ထာဝရမှာ ကဗျာဟာ မလှခဲ့ပေမယ့်
အရှုံး နဲ့ အမုန်း အတုန်းအရုံးပြိုလဲဖို့
မဖြစ်တာ ရင်မှာသိတာမို့.................။
ကမ်းပါပြိုတိုင်း
ပဲ့ကျသွားတဲ့မြေသားလို
မလှမပဘဝနဲ့တော့ မဟာမဆန်ချင်ခဲ့ဘူးလေ...........။
မထင်မရှားအမှတ်အသားတစ်ခုနဲ့တော့
ငါ့ရင်ကိုဖွင့်ထားခဲ့မယ်
နင်မသိတောင် အများကအသိအမှတ်ပြုခံစားပေမယ်ဆို
ငါကျေနပ်ပေးမှာ နေသားတကျရယ်ပေါ့........။
မှားခဲ့ပါတယ်ဆိုရင်
ခွင့်လွှတ်ရမှာအစဉ်သာမို့
ထည်ဝါနေတဲ့ငါ့ရဲ့ အကြင်.............။
မွေးရာပါလား သူ့အားကြင်နာ
ထာဝရမှာ ကဗျာဟာ မလှခဲ့ပေမယ့်
အရှုံး နဲ့ အမုန်း အတုန်းအရုံးပြိုလဲဖို့
မဖြစ်တာ ရင်မှာသိတာမို့.................။
ကမ်းပါပြိုတိုင်း
ပဲ့ကျသွားတဲ့မြေသားလို
မလှမပဘဝနဲ့တော့ မဟာမဆန်ချင်ခဲ့ဘူးလေ...........။
မထင်မရှားအမှတ်အသားတစ်ခုနဲ့တော့
ငါ့ရင်ကိုဖွင့်ထားခဲ့မယ်
နင်မသိတောင် အများကအသိအမှတ်ပြုခံစားပေမယ်ဆို
ငါကျေနပ်ပေးမှာ နေသားတကျရယ်ပေါ့........။
မှားခဲ့ပါတယ်ဆိုရင်
ခွင့်လွှတ်ရမှာအစဉ်သာမို့
ထည်ဝါနေတဲ့ငါ့ရဲ့ အကြင်.............။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
အသင်္ချေ
အပြာရောင်စစ်စစ်ကောင်းကင်အဖြစ်
ကြင်နာမှုအပြည့်လွှမ်းခြုံ
မာယာလွှမ်းမိုး အချစ်ဆုံးလို့
အရာရာအမှောင်ဖုံး
ပျာရည်တစ်ပေါက်မှောက်ခဲ့ဘူးတယ်......................
တမ်းတမိတဲ့အခါ
ရက်စက်တဲ့မာယာတွေနဲ့ အခါခါလဲကျရှုံးရတယ်...............
ကံကြမ္မာအောက် ပြဝပ်မိရတဲ့အဖြစ်
လဲလဲအကွဲကွဲနဲ့ မူးမေ့ရတာလဲ
ထာဝရဝေးဖို့အကြောင်းဖန်လာတယ်...............
ဝတ်ရည်ထဲမှာ အသွေးသားနဲ့တည်ဆောက်လိုက်လဲ
အရာရာပြောင်းလဲကမောက်ကမတောင်းဆိုချက်အောက်
ပြိုလဲရတော့တယ်...........................
ဝေးသွားတောင် ဖောက်မိတဲ့သစ္စာတွေအတွက်
ပေးဆပ်ရချက်က ဘာမှမဟုတ်ဘူးလို့ဖြေတွေးတွေးဖို့တောင်
အစားထိုးစရာအားနည်းလှတဲ့ကြွေကျခဲ့ဒီပန်းသီးကို
ရင်တွင်းထာဝရသိုဝှက်စောင့်ရှောက်ရမှာ
ရင်မှာဖြစ်တဲ့အကြွေးသစ္စာကိုချစ်ခြင်းတရားအမှားတခုနဲ့
နောင်တအဖြစ်လောကအလယ်ရှင်သန်ခွင့်ပေးထားရမှာသိစေချင်တာ
တပ်မက်ခဲ့တယောက်သောသူ
လွှမ်းမိုးခဲ့တယောက်သောသူ
နှလုံးသားကခံစားနေတဲ့တယောက်သောသူ.............
အသင်္ချေမကချစ်ခြင်းများကိုဖောက်ဖျက်သူကိုပါ။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
ခရစ္စမတ်
ဆောင်းတွင်းမြူနှင်းတွေဖုံးနေတော့
ကိုယ့်ရင်မှာထာဝရနွေးထွေးစေမယ့်
အကြင်နာရင်ခွင်အောက်ခိုလှုံခွင့်ရနေခဲ့တာ
ဒီနေ့ ဒီအချိန်လေးအတွက်
အမှတ်တရ လက်ဆောင်လေးလား.........
ရင်ခုန်တာလရိပ်အောက်ပေါ့
အပြုံးနုနုခြွေပေးနေတဲ့
သူ့နှုတ်ခမ်းထက် ပျားရည်ဆမ်းပေးရမလား..........
စိတ်ကူးတွေစိုပြေနေတာမို့
ဒီရင်ခွင်ခိုလှုံမိတဲ့ကိုယ့်အဖြစ်ကို
ထာဝရပိုင်ဆိုင်ခွင့်လေး
ခရစ္စမတ်ထင်းရှူးပင်အောက်
ရင်နှင့်အမျှတောင်းဆုပြုနေတာ
သူသိနေပါလား....................
တွဲလက်အစုံစုံတွေကြား
အခါခါလမ်းသလားမိတဲ့
ကိုယ်တို့အဖြစ်ကို
ခရစ္စမတ်ဘိုးဘိုးက ပြုံးပြုံးကြီးကောင်းချီးပေးနေလေရဲ့.............။
ကိုယ့်ရင်မှာထာဝရနွေးထွေးစေမယ့်
အကြင်နာရင်ခွင်အောက်ခိုလှုံခွင့်ရနေခဲ့တာ
ဒီနေ့ ဒီအချိန်လေးအတွက်
အမှတ်တရ လက်ဆောင်လေးလား.........
ရင်ခုန်တာလရိပ်အောက်ပေါ့
အပြုံးနုနုခြွေပေးနေတဲ့
သူ့နှုတ်ခမ်းထက် ပျားရည်ဆမ်းပေးရမလား..........
စိတ်ကူးတွေစိုပြေနေတာမို့
ဒီရင်ခွင်ခိုလှုံမိတဲ့ကိုယ့်အဖြစ်ကို
ထာဝရပိုင်ဆိုင်ခွင့်လေး
ခရစ္စမတ်ထင်းရှူးပင်အောက်
ရင်နှင့်အမျှတောင်းဆုပြုနေတာ
သူသိနေပါလား....................
တွဲလက်အစုံစုံတွေကြား
အခါခါလမ်းသလားမိတဲ့
ကိုယ်တို့အဖြစ်ကို
ခရစ္စမတ်ဘိုးဘိုးက ပြုံးပြုံးကြီးကောင်းချီးပေးနေလေရဲ့.............။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
နှစ်သစ်ရနံ့သစ်အစစ်သစ်သစ်
ဝင်္ကပါလား ကျောင်းတော်လား
မကွဲပြားဘူး .........
ဒီလောကမှာ အသက်ရှင်နေတဲ့
စိတ်ရနံ့ကိုခံစား.........
အဖြစ်ပျက်အများပြားကို
ထာဝရဇာတ်ခုံပေါ်
သဲသဲလှုပ်ကကြ.........
ဒီတစ်ချက်မှားပေမယ့်
တစ်သက်လုံးအတွက်
ဝမ်းစာဆိုတာ
မမေ့ကြဖို့.........“၂၀11”
ရင်ခုန်မှုဖြစ်အင်အသွင်ပြင်စုံ
ခံစားစံစားကြပြီးတဲ့နောက်
ဝင်္ကပါအလှည့်ပြောင်းမှာ......
မတိမ်းမစောင်းကျရောက်လာတဲ့
ဒို့အတွက်
အသစ်စက်စက်နှစ်သစ် “၂၀12”
အစုန်ဆင်းမယ့်ဒီနှစ်မှာ
အဆန်ကတော့ အိပ်မက်အသစ်တွေ
မွေးဖွားခံစားကြပါစို့လာ...........
ဆုတောင်းမယ်နှစ်ဟောင်းကအညစ်တွေအားလုံး
ထပ်မရှိုးကြဖို့ကိုပေါ့...............။
ဆုပ်ထားတဲ့ ယုံကြည်ရာကို
ထပ်ကာမှန်းလို့
အနိုင်ယူကြဖို့
ဒီဘဝတိုက်ပွဲကို.................။
မကွဲပြားဘူး .........
ဒီလောကမှာ အသက်ရှင်နေတဲ့
စိတ်ရနံ့ကိုခံစား.........
အဖြစ်ပျက်အများပြားကို
ထာဝရဇာတ်ခုံပေါ်
သဲသဲလှုပ်ကကြ.........
ဒီတစ်ချက်မှားပေမယ့်
တစ်သက်လုံးအတွက်
ဝမ်းစာဆိုတာ
မမေ့ကြဖို့.........“၂၀11”
ရင်ခုန်မှုဖြစ်အင်အသွင်ပြင်စုံ
ခံစားစံစားကြပြီးတဲ့နောက်
ဝင်္ကပါအလှည့်ပြောင်းမှာ......
မတိမ်းမစောင်းကျရောက်လာတဲ့
ဒို့အတွက်
အသစ်စက်စက်နှစ်သစ် “၂၀12”
အစုန်ဆင်းမယ့်ဒီနှစ်မှာ
အဆန်ကတော့ အိပ်မက်အသစ်တွေ
မွေးဖွားခံစားကြပါစို့လာ...........
ဆုတောင်းမယ်နှစ်ဟောင်းကအညစ်တွေအားလုံး
ထပ်မရှိုးကြဖို့ကိုပေါ့...............။
ဆုပ်ထားတဲ့ ယုံကြည်ရာကို
ထပ်ကာမှန်းလို့
အနိုင်ယူကြဖို့
ဒီဘဝတိုက်ပွဲကို.................။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
ရသချစ်သူ
ကြင်နာစွာနဲ့ ထာဝရဖေးမသူ............
ခင်မင်မှာလဲ အများနဲ့အတူ ခိုင်မြဲနားလည်သူ.................
ကူညီမယ်အခက်ခဲ ပုစ္ဆာများစွာကို လက်တွဲအတူဖြေရှင်းသူ......................
အနီးဆုံးသောသူစိမ်းပေမယ့် ရင်းနှီးမှုအပေါင်းသရဖူဆောင်းထားသူ..................
လျှို့ဝှက်ကွယ်ကာ အနာများလဲ အားပါးတရဖာထေးပေးသူ.................
ဖြူစင်စွာလဲ အမြင်မှာမစဲ သည်းသည်းလှုပ်ချစ်မယ့်သူ...........
စည်းခြားမှုများကို သံယောဇဉ်ခဲဖျက်နဲ့ တယုတယပယ်ဖျက်ပေးသူ..........
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာရင်ခွင်ထဲ မှေးစက်ခြွေးသိပ်စေသောသူ..............
ဒီလိုရသပိုင်ဆိုင်မိတာ ငါ့ရဲ့ချစ်သူနဲ့အတူ.....................
ငါ့ကိုချစ်သော ငါကချစ်ရတဲ့သူ အမြဲတူတူ ရသမြောက်ချင်သော ချစ်သူ...............
ခင်မင်မှာလဲ အများနဲ့အတူ ခိုင်မြဲနားလည်သူ.................
ကူညီမယ်အခက်ခဲ ပုစ္ဆာများစွာကို လက်တွဲအတူဖြေရှင်းသူ......................
အနီးဆုံးသောသူစိမ်းပေမယ့် ရင်းနှီးမှုအပေါင်းသရဖူဆောင်းထားသူ..................
လျှို့ဝှက်ကွယ်ကာ အနာများလဲ အားပါးတရဖာထေးပေးသူ.................
ဖြူစင်စွာလဲ အမြင်မှာမစဲ သည်းသည်းလှုပ်ချစ်မယ့်သူ...........
စည်းခြားမှုများကို သံယောဇဉ်ခဲဖျက်နဲ့ တယုတယပယ်ဖျက်ပေးသူ..........
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာရင်ခွင်ထဲ မှေးစက်ခြွေးသိပ်စေသောသူ..............
ဒီလိုရသပိုင်ဆိုင်မိတာ ငါ့ရဲ့ချစ်သူနဲ့အတူ.....................
ငါ့ကိုချစ်သော ငါကချစ်ရတဲ့သူ အမြဲတူတူ ရသမြောက်ချင်သော ချစ်သူ...............
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
သင့်တော့်တဲ့အခါ
ခပ်စိမ်းစိမ်းလေးပါပဲ
မသိကြတဲ့နှစ်ဦးသားရင်ကို
ဆက်သွယ်ပေးတာ
Available ပါတဲ့...............။
ဖိတ်ခေါ်မယ်ကြည်ဖြူစွာနဲ့
အမှတ်တရမြောက်မြားစွားကို
ထာဝရချည်နှောင်ပေးတာ
Yes ပါတဲ့...............။
ပုံမှန်လေးပဲ
တသိမ့်သိမ့်ဒီရင်အစုံကို
နာကြားမယ်ဇော်ဂျီနဲ့
Answer နှိပ်ကာတဲ့............။
မကြင်နာရှောင်ခွာချင်တော့
လွှဲရှောင်မယ်ပတ္တမြားရောင်နဲ့
မချိတင်ကဲခွင့်ပြုမိန့်မရတာ
Busy ပုံပါတဲ့...............။
ဆွေးနွေးခွင့်မရှိတော့ရင်တော့
ပုန်းကွယ်မယ်တိတ်တိတ်လေးပေါ့
ကျန်သူရင်မနစ်နာစေဖို့
Invisible လေးနဲ့တဲ့.............။
မမြင်နိုင်ကိုယ်မပိုင်ချင်တော့ရင်
မပူပင်ခပ်အေးအေးလေးပေါ့
လွန်ကဲစွာပူဆွေးနေသူကို
ပေးလိုက်မယ်ရက်စက်စွာလေ
Block လိုက်ပြီတဲ့............။
အကြင်နာလွှတ်ကာပေးတော့
မညိုငြင်ဆက်ကာကမ်းမယ်
ပေဖူးလွှာ mailing စနစ်နဲ့
ထပ်ပြီးသာလျှောက်လှဲချင်ပေမယ့်
သူမုန်းကာစိမ်းခါးနေတော့
ပေဖူးလွှာsetting change တယ်
Delete Forever နဲ့......................။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
အမှတ်တရချစ်သူများည
နှင်းဆီတွေမပါဘူး
ပကာသနလဲမပါဘူး
ခဝါချစရာမာနလဲမရှိပါဘူး...............
အချစ်တွေသာဗရပွနဲ့
အနန္တစကြာဝဠာတစ်ခုလုံးကို
အပြုံးတွေနဲ့မော်ကြည့်
အနမ်းတွေကိုရှိုက်ဖိုမိရင်း
ကြည်နူးခဲ့ကြပေါ့
ပြီးခဲ့တဲ့ချစ်သူများညမှာလေ.............
ခုတခါလာပြန်တဲ့
ဒီလိုညမျိုးမှာ
အဝေးရောက်အနမ်းတွေနဲ့အတူ
ပို့လာတဲ့ e ချောကလက်တွေ
နှင်းဆီတွေတပုံတပင်နဲ့
ခပ်မဆိတ်ချစ်ခြင်းလက်ဆောင်ကို
အနမ်းတစ်ရာနဲ့သာ
ရမလားရယ်လို့
အင်တာနက်ကဖေးတခုခုမှာ
ငံ့လင့်စောင့်စားနေမိတာ
ကာရံလဲမပါဘူး
မာယာဟန်လဲမညာပါဘူး
ခရီးသွားဟန်လွှဲလည်းမဟုတ်ဘူး
ယုံကြည်ရသူချစ်သူအတွက်
ပုံအပ်ထားတဲ့အချစ်တွေကို
သူ့နောက်ကွယ်သစ္စာပြုတယ်
မြန်မြန်နီးဖို့ရင်ဆိုင်မယ်အလွမ်းတွေ
ပြန်ရောက်မယ့်ချစ်သူများညလို
ပျော်မွေ့ဖွယ်အချစ်နှုတ်ခမ်းလေး
တမ်းတရင်းဆွေး.................
ပကာသနလဲမပါဘူး
ခဝါချစရာမာနလဲမရှိပါဘူး...............
အချစ်တွေသာဗရပွနဲ့
အနန္တစကြာဝဠာတစ်ခုလုံးကို
အပြုံးတွေနဲ့မော်ကြည့်
အနမ်းတွေကိုရှိုက်ဖိုမိရင်း
ကြည်နူးခဲ့ကြပေါ့
ပြီးခဲ့တဲ့ချစ်သူများညမှာလေ.............
ခုတခါလာပြန်တဲ့
ဒီလိုညမျိုးမှာ
အဝေးရောက်အနမ်းတွေနဲ့အတူ
ပို့လာတဲ့ e ချောကလက်တွေ
နှင်းဆီတွေတပုံတပင်နဲ့
ခပ်မဆိတ်ချစ်ခြင်းလက်ဆောင်ကို
အနမ်းတစ်ရာနဲ့သာ
ရမလားရယ်လို့
အင်တာနက်ကဖေးတခုခုမှာ
ငံ့လင့်စောင့်စားနေမိတာ
ကာရံလဲမပါဘူး
မာယာဟန်လဲမညာပါဘူး
ခရီးသွားဟန်လွှဲလည်းမဟုတ်ဘူး
ယုံကြည်ရသူချစ်သူအတွက်
ပုံအပ်ထားတဲ့အချစ်တွေကို
သူ့နောက်ကွယ်သစ္စာပြုတယ်
မြန်မြန်နီးဖို့ရင်ဆိုင်မယ်အလွမ်းတွေ
ပြန်ရောက်မယ့်ချစ်သူများညလို
ပျော်မွေ့ဖွယ်အချစ်နှုတ်ခမ်းလေး
တမ်းတရင်းဆွေး.................
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
နွေတစ္ဆေ
ခြောက်ကပ်ကပ်ဝါကျတစ်ကြောင်းကို
မင်းနှုတ်ဖျားကထွက်ကျလာအောင်
ဒီနွေတချိန်တုန်းက
ပိတောက်တွေအနားလေရူးတွေကြားမှာ
ရင်ခုန်စွာပျိုးထောင်ခဲ့ရ...............
ပိတောက်တစ်ခိုင်ပေးပြီး
တစ်ယောက်ဆိုတစ်ယောက်ချစ်မယ့်သူလို့
ခပ်ပြုံးပြုံးလဲပြောခဲ့ကြသေး..........
မဝေးသေးတဲ့အတိတ်
အဟောင်းအဖြစ်ရင်မှာကျန်ရစ်ခဲ့တာ
မင်းပေးခဲ့တဲ့ပိတောက်
သိပ်မခြောက်သေးခင်ကတည်းကပေါ့...........
နွေလေရူးလို
မင်းကချစ်ခြင်းတွေပေးခဲ့သလောက်
ပိတောက်လို
သစ္စာတရားတွေနောက်
ကောက်ကောက်ပါအောင်တော့ မလိုက်ခဲ့ကြဘူး.........
ပိတောက်တွေ
လေရူးတွေ ရောက်လာလို့
ကောင်းကင်ပြာပြာအောက်
ခပ်ခြောက်ခြောက် အတွေးဆွေးဆွေးတွေနဲ့
အခုတော့ ငါတယောက်တည်း
သွေ့ခြောက်နေတဲ့ မင်းပေးခဲ့တဲ့ပိတောက်တွေကို
မင်းနမ်းခဲ့ မင်းတယုတယတွဲခဲ့တဲ့
ငါ့လက်အစုံနဲ့ ခြေမွပစ်မိနေတာ
အကြိမ်အခါတစ်ရာမကတော့ဘူး.............
အပြစ်မယူဖြစ်ပေမယ့်
သဘာဝကပေးလိုက်တဲ့ခွန်အားနဲ့တော့
မွေးရာပါဗီဇကို လျော့ပါးအောင်ပေါ့
ဖောက်ထုတ်လိုက်ဒီအဖြစ်ဆိုးတွေကို
နွေလေရူးနဲ့ထပ်တူ
ခပ်ပူပူရှူရှိုက်လိုက်တဲ့
ဝင်သက်လေပြန်လှည့်အထွက်မှာ
ပျောက်ဆုံးအောင်ဖျောက်ဖျက်လိုက်တဲ့အခါ
ပိတောက်အမှုန်တွေပါတပါတည်းပေါ့..................
ပူလွန်းတဲ့ဒီနွေအောက်
ကောက်ကောက်ပါအောင်
ခပ်မဆိတ်လိုက်ရတဲ့နောက်
အမြဲတမ်းခြောက်နေတဲ့
တစ္ဆေတစ်ကောင်လိုလို.............
နွေရင်ပြင်ကိုအလှဆင်တဲ့
ပိတောက်တွေပွင့်တိုင်း
ငါမင်းအချစ်ကို
တမ်းတခြောက်ခြားနေတတ်တာ
တစ္ဆေအလားပါပဲဟာ..................
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
မျက်ဝန်းရဲ့အဝေးမှာ
အချိန်တခါတုန်းက
နှစ်ဦးသားအကြည့်တွေကို
မျက်ဝန်းကတဆင့်ချစ်စကားတွေဖလှယ်ရင်း
အပြုံးတွေချိုမြိန်နေတာကို
မျက်ဝန်းကတဆင့်တုံ့ပြန်ကြည်နူးရင်း
အနမ်းချိုချိုတွေအားပါတရခံစားရင်း
ဒို့မျက်ဝန်းတစ်စုံရဲ့နယ်မြေပတ်လည်မှာ
မင်းခစားခဲ့ရင်း
ပျော်ရွှင်ကြည်နူးခဲ့ရတယ်နော်...............
အခုအချိန်မှာ
နှုတ်ဆက်မသွားပဲတိတ်တိတ်လေး
ငါ့မျက်ဝန်းအကွယ်တနေရာမှာ
နှလုံးသားခပ်စိမ်းစိမ်းအောက်
ရင်းနှီးနေပြီလား..............
မမှန်းဆရဲပါချစ်သူ
အကြိမ်ကြိမ်ခံစားရရင်တောင်
မပြောင်မြောက်တဲ့မင်းပြက်လုံးတွေကြား
ငါဟားတိုက်မရယ်မိပေမယ့်
ဒူးတိုက်ဆွေးနွေးခွင့်လေးတော့မျှော်လင့်နေသေးတယ်.................
ချိုရှရှမင်းအပြုံးတွေကို
ငါ့မျက်ဝန်းကပုံရိပ်ယောင်အဖြစ်
အမြဲထင်ဟပ်နေစေတာ
ထာဝရအတွက်ငါဝိဉာဉ်တည်ငြိမ်နေဆဲပါ............
ငါ့မျက်ဝန်းရဲ့အဝေး
အကြင်နာကမ်းနားရဲ့အပြင်ဘက်
အမုန်းပင်လယ်ထဲ
မင်းငါ့ကိုနစ်မြုပ်ဖို့ သံသယအင်အားနဲ့
စိုင်းပြင်းနေပြီလားဆိုတာ
အခံစားရဆုံးနှလုံးသားအနာတရတခုပါ.............
အာဃာတတွေရဲ့အဆုံး
အမုန်းတရားတွေဖုံးနေတဲ့
အချစ်ဗလာဟင်းလင်ပြင်ထဲ
ငါ့ဘဝအပြင်ဘက်မှာ
မင်းလွင့်မျောမယ်ဆိုရင်တောင်
ငါ့မျက်ဝန်းရဲ့အဝေးမှာ
ငါချစ်ရသူမင်း ရှင်သန်နေအုံးမှာလား..........
မျက်ဝန်းတစုံထဲရှိသလို
ငါနှလုံးသားဟာလဲ မင်းနဲ့ပေါင်းမှတစုံဖြစ်မှာမို့
အကြင်နာကိုဒီရင်မှာသိမ်းထားခဲ့ပေးပါလို့
တောင်းဆိုပါရစေ.............
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
ချောကလက်တကိုက်
တိတ်တိတ်လေးပါပဲ
အဝေးထွက်မသွားခင်
အပြုံးမပါတဲ့အနမ်းလေးနဲ့
ခပ်ကြိတ်ကြိတ်လက်သိပ်ထိုးပေးလိုက်တဲ့
ချောကလက်လေး............
ငါ့ရင်ခွင်နွေးနွေးမှာ
အပူမီးတစတစပြင်းလာတော့
ဆုပ်ကိုင်ထားမိတဲ့တစုံတရာ
အဲဒါ.........ပေးထားခဲ့တဲ့ချောကလက်လေး......
အကြင်နာမျက်ဝန်းကိုရင်ခုန်တုန်း
မရမကလှမ်းပေးပါလို့
ဆွတ်ခိုင်းမိအိပ်မက်ရှင်ကို
အလွမ်းပိုပိုရက်ဆက်လာတဲ့အခါ
မကြာမကြာစားမိတဲ့ချောကလက်
ခုတော့နောက်ဆုံးတကိုက်ကိုတမ်းတမက်မောစွာ
အဖြေရှာနေတဲ့ရင်ထဲ တသသနဲ့.........
ချောကလက်တကိုက်လို
ပျောက်ဆုံးလွယ်ပျော်ဝင်လွယ်ခဲ့တာတော့
မဟုတ်တာ သေချာနေတယ်နော်
အပြုံးမပါတဲ့အနမ်းကိုတမ်းတလိုက်ပြီး
အငမ်းမရလွမ်းရှိုက်ခံစားငံ့လင့်နေမယ်
နောက်ထပ်ရမယ့်ချောကလက်တကိုက်ကို
မင်းကိုယ်တိုင်ခွံ့ကျွေးမယ့်အချိန်လေး
မျှော်လင့်ရင်းနဲ့တွေး...........ဆွေး.........ငေးငေးလေး။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
အသက်မဲ့အစိမ်းချုပ်
ကာရံလှလှလေးတခု
ဗြုန်းခနဲရရှိတော့
မဟာအဖြစ် မာယာမသုံး
အမုန်းတုတောင်မရှိခဲ့တော့ဘူး.....
ဗုံမပါဆိုင်းမဆင့်
မယုံနိုင်တဲ့ဇာတ်ကြမ်းတစ်ခုကို
စိတ်မပါလက်မပါဝင်ကဖို့
အကြောင်းဖန်လာတော့
ကံကြမ္မာဖန်ပေးတဲ့ရင်ခွင်ပိုင်ရှင်လဲ
အမုန်းတရားဇာတ်ဆရာနောက်
ခပ်ကောက်ကောက်ပါသွားရော........
လေလွင့်ခြင်းဆိုတဲ့
အတ္တကန္တာရထဲမှာ
ဗလာအနာတပွေ့တပိုက်နဲ့
သစ္စာသွေးစိမ်းရှင်ရှင်တွေက တို့လို့တွဲလောင်း...........
ဟောင်းလောင်းပေါက်ယုံကြည်မှုကို
သံသယလောက်ကောင်တွေက
တတိတိဝါးမြိုနေတုန်း
ဟုတ်တိပတ်တိ ဘဝကို
အသာငဲ့ကြည့်လိုက်တော့
ထိန်းသိမ်းခြင်းအတ္တစရိုက်က
အသာတကြည်နေရာယူပြီး
နာကျည်းမှုဗိုင်းရပ်စ်တွေကို
မေ့ပျောက်ခြင်းပိုးသတ်ဆေးတွေနဲ့
ခွင့်လွှတ်သည်းခံခိုင်းနေပြန်တယ်...........
နေသားတကျဖြစ်နေတဲ့
ရောဂါဘယကို ဘယ်လိုကုစားကုစား
စွဲလန်းမှုပြဿနာက
တပ်မက်စေပြန်လေတော့
မလွန်ဆန်နိုင်တဲ့သင်္ကေတတစ်ခုအောက်မှာ
အလွမ်းစစ်မျက်နှာစာကပြိုင်ဘက်တယောက်က
အသည်းကိုဟက်တက်ကွဲစေခဲ့တော့..........
မောဟအောက် မာန်တွေပျောက်ဆုံး
အပြုံးတွေပန်းလိုခင်း
အနမ်းတွေခဝါချ
နှလုံးသားကိုဒေဝါလီခံလိုက်တာ
နောက်ဆုံးမှာ ဘဝကအသက်မဲ့သွား........
နောင်တဆရာဝန်က
ဖွတ်ဖွတ်ကြေဒဏ်ရာကို
အမဲရောင်ချည်နဲ့
အစိမ်းလိုက်ချုပ်တော့
ငါကအသက်မဲ့နေပြီ...............
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
နှစ်ဘက်လွှ
တောင်နဲ့မြောက်
လက်ဝဲနဲ့လက်ျာ
ဘယ်ဟာဖြစ်ဖြစ်
အားလုံးမှာ အချစ်နဲ့အမုန်းပါတယ်
မေတ္တာတရားကိုကိန်းသေပြု
လိုအင်ကိုညီမျှခြင်းလုပ်
သစ္စာကို ချစ်ခြင်းနဲ့မြှောက်မလား
အဖြေက ချစ်ခြင်းမဟုတ်တဲ့မုန်းခြင်းလား
မသေချာမရေရာရင်
မှန်းဆအဖြေက မေတ္တာကိုနှစ်ထပ်ကိန်းနဲ့ညွှန်းမလား
သေချာသွားတာက
လိုအင်တွေအတောမသတ်တော့
အရာရာကိုရွေးချယ်ချင်နေတာ
အတွင်းစိတ်ကသိုသိုသိပ်သိပ်နဲ့
လော်လီသွားတဲ့သစ္စာတရား
ဖောက်ပြားမှုနယ်ပယ်ကို
အပိုင်းစားရသွားတယ်
ဒါဟာအဖြေဆိုရင်
ရလဒ်ကလိုအင်နဲ့ထပ်တူကျလား
ရေရာတဲ့အဖြေမတွေ့ခင်
ခံစားလိုက်ရတာက
နယ်ပယ်ရဲ့ခံစားခွင့်ထဲကအကျိုးအမြတ်တခုကိုလေ
ဘဝကိုအရင်းတည်
သစ္စာတရားကိုရောင်းစား
အမြတ်ထွက်လာတာက
ရင်တွင်းဖြစ်ရှင်သန်ခြင်းတခုပေါ့…………။။
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
ချစ်သူ့ပိတောက်
မခွဲရက်ဘူးရယ်လို့
အမူပိုပိုချွဲကာ
အသည်းတညှာကိုင်လှုပ်ကာမေးပုံက
သိပ်ချစ်ရဲ့လားတဲ့.........
အပြုံးကဗျာဗရပွရယ်နဲ့
အမောဗလာ
အမြဲပြောပြောတာကြောင့်
အကြင်သူပြိုင်ဘက်ကင်းတယ်
ထာဝရတသက်လုံးတဲ့........
အဖြစ်ထွေထွေရယ်
မနှစ်ဒီနွေဦးမှာလ
တန်ခူးအပြိုင်သင်္ကြန်အခါသမယမှာ
ပိတောက်တခက်ဆက်ကာလှမ်းတယ်
ဒို့သစ္စာစကားတဲ့.....
အမုန်းတွေဖယ်ဝေးမယ်
အချစ်တွေသာပေးမယ်လို့
အကြင်ထိုသူပြောစကားရယ်က
ဒီနှစ်အတာကူးမှာ
ပြောင်းနေပြီလားလို့မေးလိုက်ချင်ရဲ့........
အမူပိုပိုချွဲကာ
အသည်းတညှာကိုင်လှုပ်ကာမေးပုံက
သိပ်ချစ်ရဲ့လားတဲ့.........
အပြုံးကဗျာဗရပွရယ်နဲ့
အမောဗလာ
အမြဲပြောပြောတာကြောင့်
အကြင်သူပြိုင်ဘက်ကင်းတယ်
ထာဝရတသက်လုံးတဲ့........
အဖြစ်ထွေထွေရယ်
မနှစ်ဒီနွေဦးမှာလ
တန်ခူးအပြိုင်သင်္ကြန်အခါသမယမှာ
ပိတောက်တခက်ဆက်ကာလှမ်းတယ်
ဒို့သစ္စာစကားတဲ့.....
အမုန်းတွေဖယ်ဝေးမယ်
အချစ်တွေသာပေးမယ်လို့
အကြင်ထိုသူပြောစကားရယ်က
ဒီနှစ်အတာကူးမှာ
ပြောင်းနေပြီလားလို့မေးလိုက်ချင်ရဲ့........
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
အမုန်းစစ်
ဒီလှိုင်းနဲ့တူတဲ့တံပိုး
အဖြူရောင်ခေါင်းတွေနဲ့ပေါ့.....
သေချာကြည့်တော့မျက်ဝန်းတစုံက
ထွက်ကျလာတဲ့တစုံတရာပါလား...
ထာဝရစိုးမိုးသူ
တဒင်္ဂကျေနပ်ရာ ရှုစိမ့်လား
ကျေနပ်လိုက်ပါတယ်
အမုန်းစစ်စစ်ဆိုလဲ
လက်ခံမယ်အမြဲချစ်တဲ့သူမို့
သိပ်ချစ်တဲ့မေတ္တာတွေနဲ့
မင်းအမုန်းကိုမုဒိတာပွားမယ်.....
မှတ်ထားစေချင်တာ
မင်းပေးမှာ
ငါ့အတွက်အမုန်းစစ်ဖြစ်ဖို့သာ....
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
Wednesday, March 21, 2012
ချစ်တယ်
မျက်ဝန်းချင်း
နှလုံးသားချင်း
နှုတ်ခမ်းဖျားချင်း
ထပ်တူစွာခံစား
အပြုံးပန်းများဖလှယ်ကြရင်းနဲ့
နေ့ရက်ပေါင်းများစွာရဲ့ စက္ကန့်တိုင်းမှာ
ဘဝချင်းထပ်တူကျ
စိတ်ချင်းနားလည်ကြနဲ့
အသက်ဆုံးတိုင် ယုယမယ်ဆိုတာ
သူနဲ့ကိုယ်သာ သိမြင်ခံစားရတဲ့
နှစ်ကိုယ်တူ မူပိုင်စကား
အမြဲကြားရတာက
ချစ်တယ်.........
အခုထိ ယနေ့ထက်ထိ
မပြောင်းလဲသေးတာ ယုံကြည်ရတဲ့သစ္စာ
ကြည်နူးမှုအပြည့်နဲ့မျှဝေရင်း
တသက်တာအတွက်
ခရောင်းလမ်းများစွာကျော်ဖြတ်ရင်းပေါ့
တွဲလက်ကို တင်းတင်းဆုပ်
မဖြုတ်တမ်း လှမ်းလျှောက်မိမှာ
ဧကန်ပဲမို့
ဖြတ်သန်းရမယ့် လမ်းမျိုးစုံမှာ
အားပေးစကားလေးအဖြစ်
သူနဲ့ကိုယ့် နှုတ်ဖျားတွေက
ထွက်ကျကာ နှစ်သိမ့်မယ့်စကား
ချစ်တယ်.......
နှလုံးသားချင်း
နှုတ်ခမ်းဖျားချင်း
ထပ်တူစွာခံစား
အပြုံးပန်းများဖလှယ်ကြရင်းနဲ့
နေ့ရက်ပေါင်းများစွာရဲ့ စက္ကန့်တိုင်းမှာ
ဘဝချင်းထပ်တူကျ
စိတ်ချင်းနားလည်ကြနဲ့
အသက်ဆုံးတိုင် ယုယမယ်ဆိုတာ
သူနဲ့ကိုယ်သာ သိမြင်ခံစားရတဲ့
နှစ်ကိုယ်တူ မူပိုင်စကား
အမြဲကြားရတာက
ချစ်တယ်.........
အခုထိ ယနေ့ထက်ထိ
မပြောင်းလဲသေးတာ ယုံကြည်ရတဲ့သစ္စာ
ကြည်နူးမှုအပြည့်နဲ့မျှဝေရင်း
တသက်တာအတွက်
ခရောင်းလမ်းများစွာကျော်ဖြတ်ရင်းပေါ့
တွဲလက်ကို တင်းတင်းဆုပ်
မဖြုတ်တမ်း လှမ်းလျှောက်မိမှာ
ဧကန်ပဲမို့
ဖြတ်သန်းရမယ့် လမ်းမျိုးစုံမှာ
အားပေးစကားလေးအဖြစ်
သူနဲ့ကိုယ့် နှုတ်ဖျားတွေက
ထွက်ကျကာ နှစ်သိမ့်မယ့်စကား
ချစ်တယ်.......
Labels:
ချစ်နဲ့ဆိုင်သော ကဗျာ များ
Subscribe to:
Posts (Atom)



