Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Monday, February 6, 2012

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင်မည့် Dr စိုးမင်း နှင့် တွေ့ ဆုံခြင်း

ဒေါက်တာစိုးမင်း နှင့် တွေ့ ဆုံခြင်း
မေး။ ။ DASSK ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာ
ကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ 

အချက်နှစ်ချက်ကို ရွေးထုတ်လိုက်
တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

Sunday, January 15, 2012

‘‘တက်စရာ ရုံးမရှိဘူး’’ ချင်းလွှတ်တော်အမတ် နှင့် အင်တာဗျူး

‘‘တက်စရာ ရုံးမရှိဘူး’’ ချင်းလွှတ်တော်အမတ် နှင့် အင်တာဗျူး

မြန်မာနိုင်ငံတွင် အမည်ခံ အရပ်သား အစိုးရသစ် တက်လာပြီးနောက် ၄ လအကြာ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ် တော်ကို သြဂုတ်လ ၂၂ ရက်နေ့က ခေါ်ယူကျင်းပခဲ့ပြီး၊ လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် တိုင်းဒေသကြီး နှင့် ပြည် နယ် လွှတ်တော်အစည်းအဝေးများ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ချင်းပြည်နယ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့် ပြည်နယ်အစိုးရ ဖွဲ့စည်းထားသော်လည်း ပြည်နယ်အစိုးရတွင်း မပါ ၀င်သည့် လွှတ်တော်အမတ်များ၏ အနေအထားနှင့် ၎င်းတို့အနေဖြင့် မည်သည့်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ရှင်း ရှင်းလင်းလင်း မသိရသေးပေ။

ယင်းကိစ္စအတွက် ၂၀၁၀ ရွေး ကောက်ပွဲ တွင် ချင်းပြည်နယ်မှ အမတ်(၁၁)ဦး ရွေးကောက်ခံထားရသော ချင်းတိုးတက် ရေးပါတီ (စီပီပီ) ၏ ချင်းပြည်နယ် ဖလမ်း မြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခံရသော ဦးနာ့ထန်း ကို ခိုနူမ်းထုန်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။   ။ မကြာခင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဦးနာ့ထန်းအနေနဲ့ ဘာတွေတင်ပြဖို့ စီစဉ်ထားလဲ?