Showing posts with label ကိုယ်ရဲ့ အတ္ထပတ္တိ. Show all posts
Showing posts with label ကိုယ်ရဲ့ အတ္ထပတ္တိ. Show all posts

Tuesday, February 28, 2012

အချစ်ဆိုတာ........

လောကကြီးမှာ လူတိုင်း လူတိုင်း အချစ်ဆိုတာကို အနည်း နဲ့ အများတော့ပတ်သတ်နေကြမှာပါ။ အချစ်ဆိုတာနဲ့ ခပ်ကင်းကင်းနေနိုင်တဲ့သူ ဒီလောကမှာ ရှိလိမ့်မယ်မထင်မိပါဘူး။ ၅၂၈ ဆိုတဲ့မေတ္တာမျိုးနဲ့ ချစ်ခင်တွယ်တာ တတ်ကြသလို ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ တစ်ဦးတစ်ယောက်ချစ်ဖူးခဲ့ကြမှာ မလွဲဧကန်ပါပဲ...

အမေ …

“အမေ”
အမေဆိုတဲ့ စကားလုံးတစ်လုံးကို ကျနော်တို့ စိတ်မှာပဲ. ထင်ထင်.. နှုတ်ကပဲ …ရွတ်ရွတ် အမေ့မျက်နှာက စိတ်မျက်နှာပြင်မှာ ပီပြင်တဲ့ အပြုံးနဲ့ ပေါ်လာစမြဲပါပဲ . ကျနော်တို့ ဘယ်အချိန် ဘယ်ကာလ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမေဆိုတာ ကျနော်တို့ရင်ခွင်မှာ  ပြောင်းလဲခြင်းမရှိခဲ့ဘူး 

Wednesday, February 22, 2012


 ချစ်သူသခင်


ဘယ်လိုလဲ ချစ်သူ။ ငါနဲ့ ထာဝရလက်တွဲဖို့ မင်း ဆုံးဖြတ်မထားရင် ဒီနေရာမှာတင် ငါ့ကို ထားခဲ့လိုက်ပါ။ မင်းမနှစ်သက်လို့  ငါ့ကိုစွန့်ပစ်မယ်ဆိုရင်လဲမတားရက်တော့ပါဘူး။ မင်းလဲမင်းစိတ်နဲ့ မင်းကိုယ်.. ရွေးချယ်ပိုင်ခွင့်တွေရှိပါတယ်။ လူဆိုတာ စက်ရုပ်မှမဟုတ်တာ ခလုပ်လေးကို နှိပ်လို့ ငါဖြစ်ချင်တာတွေကို မင်းကိုဖြစ်ခိုင်းလို့ ရမလား။ ငါဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရမယ်ဆိုရင် မင်းနဲ့ ထာဝရလက်တွဲခွင့်ကိုပဲ ရချင်တယ်။ ငါတို့ ၂ယောက်ရဲ့ကြားက ရေစက်ဆိုတဲ့ အရာလေး မကုန်ခမ်းတဲ့ အချိန်ထိတော့ ငါတို့ အဆင်ပြေနေမှာပါပဲ။

Wednesday, February 15, 2012

Why I choose to become a Buddhist Monk


One day in 2005 on Saturday afternoon, I keep in mind when nobody was at home apart from me. I was doing my homework. Suddenly, an old man walked into my home when I was thoughtful an arithmetic problem. I did not know that old man at all and his purpose in coming because I had never seen him before. At that time I was only tenth, and that old man looked like about eighty years old. He wore his hair in a bun and wore a set of grey patched clothes. He sat on my bed and said to me with a kind and pleasant countenance, “My lovely little boy, I want to tell you something.

Tuesday, February 14, 2012

A part of journey into human life



      In all over the world, a person who should has his /her biography in life so, as for me I have to write down I was born in human being.  In accordance with our parents recorded I was born on 1 June 1986 in Autbahlaing Village, Paletwa Township, and Chin State, which located west of Myanmar. My parents named me that U Phoe Aung according to our culture yet it is not same to the day of Sunday but actually was born in that day. In Chin State, people give the name in accordance with the day he was born so my name is a little bit awry in this sense. Anyway it is no problem as a name in layman life but in Sasana must same day and name.

အမေ...










အမေ...
အမေဆိုတဲ့ အရာကို တမ်းတပြီး တစ်ခါမှ မရေးဖူးဘူးနော်... ဒါပေမယ့် ခလုတ်ထိလို့ အမိတ တာ မဟုတ်ပါဘူး အမေ... အမေ့ကို တမ်းတပြီး ရင်ထဲက ခံစားချက်ကို ဖွင့်ထုတ်လိုက်တာပါ...။ ရိုးသားတဲ့ အမေဆိုတော့ အင်တာနက်လည်း မသုံးတတ်တာမို့ ဒီ ပို့စ်ကို အမေလည်း မဖတ်ဖြစ်လောက်ဖူးလို့ သားထင်ပါတယ်… မဖတ်ဖြစ်ပေမယ့်လည်း အမြဲတမ်း သားကို အရိပ် တကြည့်ကြည့် နေတတ်တဲ့ အမေမို့လို့ သားရဲ့ ခံစားချက်တွေ အားလုံးနီးပါးကို အမေရိပ်မိတယ်ဆိုတာ 

Monday, January 30, 2012

ပြုံးနိုင်ပါစေ

လူတွေ အထင်လွဲတာကို ခံရတဲ့အခါ ပါးပါးလျလျလေး ပြုံးပါ။ ဒါဟာ အသိပညာနဲ့ပြည့်စုံခြင်း တစ်မျိုးပါ။

မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါ။

နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါ။

ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါ။

လူ့ဘဝ ဒီတစ်သက်..




လူ့ဘဝတစ်သက်က သွားသုတ်သုတ် လာသုတ်သုတ်ပါပဲ။ ဆွေမျိုးမိဘတွေရဲ့ ပြုံးပျော်ရယ်မောသံကြားမှာ ကျွန်တော်တို့ မွေးဖွားခဲ့တယ်။ ပြီးတော့ မောင်နှမဆွေမျိုးတွေရဲ့ ဝမ်းနည်းငိုရှိုက်သံကြားမှာ ကျွန်တော်တို့ ထွက်ခွာခဲ့တယ်။ ကျွန်တော်တို့ရဲ့ ရှင်ခြင်း၊ သေခြင်းကို ကျွန်တော်တို့ဆုံးဖြတ်ခွင့်မရှိဘူး။ ဒါပေမဲ့ ဒီတစ်သက်ပိုင်ဆိုင်ရတာကို ကျွန်တော်တို့ဝမ်းမြောက်ပျော်ရွှင်သင့်ပါတယ်။

Monday, January 16, 2012

*အမေ့နေ့ မှတ်စုလေး*

*အမေ့နေ့ မှတ်စုလေး*
ဒီနေ့က ပြာသိုလပြည့်နေ့ အမေနေ့။ အမေနေ့အကြောင်းစဉ်းစားရင်းနဲ့ ဆယ်စုနှစ် နှစ်ခုလောက် ဝေးကွာနေတဲ့ အမေ့ကို တော်တော်သတိရပါတယ်။ ကျနော့်အမေက တောသူ၊ စာမတတ် ဒါပေမဲ့ မိခင်မေတ္တာ အပြည့်အ၀ ပေးနိုင်သူပါ။ သားသမီး ခုနစ် ယောက်ကို မိခင်မေတ္တာ အပြည့်အ၀နဲ့ ပြုစုပျိုးထော်ခဲ့တဲ့ မာတာ မိခင်ကြီး ကျန်းမာပါစေလို့ ဘုရားထံပါး ဆုတောင်းမိတယ်။

ကျနော်အသက် (၁၄) နှစ်လောက်ကတည်းက အမေရင်ခွင်နဲ့ ဝေးနေခဲ့ရတယ်။ အခုဆို အမေရဲ့ ဆိုဆုံးမသံကင်းမဲ့နေတာ ဆယ်စုနှစ်တွေကြာခဲ့ပါပြီ။ တောရွာတွေရဲ့ ဓလေ့အတိုင်း အိပ်ရာဝင် ပုံပြင်ပြောလေ့ရှိပါတယ်။ အမေပြောလေ့ ပြောထရှိတဲ့ ပုံပြင်တွေဟာ ဘုရားဟော နိပါတ်တော် လာ ဇာတက တွေဖြစ်ပါတယ်။ ဘုရင့်သားတော်တွေ အရွယ်ရောက်လို့ ပညာသင်ချိန်မှာ ဒိသာပါမောက် တွေဆီသွားပြီး ယောင်္ကျားတို့ တတ်အပ်တဲ့ အဌာရသတွေကို သင်ကြားရတဲ့အကြောင်းကို အမြဲ ပြောလေ့ ရှိပါတယ်။ ညနေအိပ်ရာ ၀င်ခါနီး အမေပြောတဲ့ ပုံပြင်တွေဟာ ကျနော်ရဲ့ မသိစိတ်ကို လွမ်းမိုးခဲ့တယ်။ ကျနော်ပညာတတ်တယောက် ဖြစ်ချင်လာခဲ့တယ်။ ပညာမတတ်ရင် အမေတို့လိုဘဲ အလုပ်ကြမ်းတွေကို လုပ်ရမယ် ဆိုတဲ့ အမေရဲ့ ပြောဆိုမှုက အိပ်ရာဝင်ခါနီး အမြဲကြားရတဲ့ ကြီးမားတဲ့ သင်ကြားမှုတခုဖြစ်ပါတယ်။

ကျနော်မြို့မှာ ပညာသင်ကြားနေတဲ့အချိန်ဆို အမေဟာ လယ်ယာလုပ်ငန်းတွေ ခေတ္တရပ်နားထားချိန် မှာဆယ်ရက် တပတ် သားထံ လာလည် လေ့ရှိပါတယ်။ ဆယ်တန်းအောင်ပြီး တက္ကသီလာ ရောက်သွားချိန်မှာတော့ အမေ့ခြေလှမ်းတွေတုန့်ဆိုင်းခဲ့ရတယ်။ စာမတတ်တဲ့အမေ၊ ခရီးသွားဖို့ ကြောက်တတ်တဲ့အမေဟာ သားဆီကို လာမလည်နိုင်တော့ဘဲ နွေရာသီ ကျောင်းပိတ်ရက် ကျနော် ပြန်လာမယ့် အချိန်ကိုအမြဲမျှော်နေတတ်ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တွေ နွေးထွေးတဲ့ အမေ့အိမ်ကိုပြန်တိုင်း အမေရဲ့ ချိုသာတဲ့ပြောစကားကိုကြားရင် အမြဲပျော်ရွင်ခဲ့ရပါတယ်။

“အမေဟိုတနေ့က အိမ်မက်မက်တယ်၊ သားပြန်လာတယ်လို့ ဒါနဲ့ အမေလည်း သားအတွက် ထမင်းတယောက်စာ အပိုချက်ထားတာ” ဆိုတဲ့ ပြောစကားကို အိမ်ကို ပြန်တိုင်း မေ့မရနိုင်တဲ့ အမေ့စကားတွေပါ။ အမေ့သမီးတွေကဘယ်သူ့အတွက် ချက်ထားလဲလို့ စနောက်ကြတယ်ဆိုရင် အမေဟာသူ့ရင်ထဲ၊ စိတ်ထဲ၊ အိမ်မက်ထဲ သားပြန်လာတဲ့အကြောင်းကို ပြောပြတတ်ပါတယ်။ ကျနော်တို့ဒေသမှာ ရာသီအလိုက်ပွင့်တဲ့ မှိုဆိုရင် ကျနော်အတွက်ဝေစုထား၊ အခြောက်ခံပြီး ကျနော်ပြန်ရောက်ရင် ချက်ကျွေးလေ့ရှိပါတယ်။

အရွယ်ရောက်လို့ အမှားအမှန်ကိုစဉ်းစားတတ်ချိန်မှာ အမေ့အိမ်ပြန်တိုင်း အမေ့ထမီကို လျော်ဖွတ်ပေးတော့ အမေ့အပြုံးကိုဒီနေ့အထိ မြင်ယောင်နေပါသေးတယ်။ ကျနော်တို့ဒေသဟာ ထုံးတမ်းစဉ်လာကို သိပ်အလေးထားတော့ ထမီဆိုရင် ခပ်ဝေးဝေးက နေရှာင်ကြတယ်။ ထမီလှမ်းတဲ့ ၀ါးလုံးတန်းအောက်က ငုံ့သွားရင်တောင် ဘုန်းနိမ့်လို့ဆိုပြီး ထမီလှန်းတဲ့ ၀ါးလုံးတန်းတွေကို အိမ်နောက်ဖေး အဝေးကြီးးမှာထားလေ့ရှိပါတယ်။ ဒီလိုအယူသီးတဲ့ ဒေသမှာ အမေ့ထမီကို လျှော်ပေးတော့ ကျနော့်အရွယ်တွေက ဟေ့ကောင် မင်းတော့ ဘုန်းနိမ့်တော့ မယ်တဲ့ဗျာ။

ကျနော်တို့လူမျိုးမှာ ရပ်ဝေး တနယ်တကျေးကို သွားမယ့်လူငယ်တွေအတွက် အမေရဲ့ထမီစလေး (သို့) အမေ့ရဲ့ထမီတထည် ကိုခရီးဆောင်အိတ် ဒါမှမဟုတ် သေတ္တာထဲမှာထည့်ပေးလေ့ရှိပါတယ်။ ကျနော်တို့ဒေသ အယူအရ ဆိုရင် အမေ့ထမီစပါရင် စုန်းကဝေ ပြုစားလို့မရဘူးတဲ့။ အမေ့ရဲ့ထမီစက အဲဒီလောက်ကိုအစွမ်းရှိတာ။ အဲဒါကိုမှ ထုံးတမ်းစဉ်လာအရ ဘုန်းနိမ့် ပြန်သတဲ့။ ပြောင်းပြန်ဖြစ်လေ့ လောကဓလေ့ လို့ထင်မိတယ်။

အမေနဲ့ပတ်သတ်ပြီး ရေးကြမယ်ဆိုရင် ဘယ်လောက်ဘဲ ရေးရေး ငြီးငွေ့ဖွယ်ရာမရှိတဲ့ နတ်သမီးပုံပြင်လို ဖြစ်နေမှာဘဲ။ ကျနော်ဘွဲ့လွန်တက်နေတဲ့ အချိန်နေထိုင်ရေးနဲ့ပတ်သတ်ပြီး အရမ်းအခက်အခဲကြုံခဲ့ရပါတယ်။ ဘွဲ့လွန်တက်နေတဲ့အချိန်ကစပြီး မိဘဆီက အထောက်အပံ့ကို လုံးမတောင်းမယူဘဲ မိမိဘာသာရပ်တည်ပြီးနေခဲ့တယ်။ စာမေးပွဲလည်းနီးနေတော့ တကယ့်ကို ဘေးကြပ်နံကြပ်ပါကြုံရပါတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန် အမေရုတ်တရက် ရောက်လာရော။ အမေအိမ်မက် မက်တယ်တဲ့။ ဗမာစကား၊ စာမတတ်တဲ့ အမေ၊ ခရီးသွားရမှာကြောက်တဲ့အမေဟာ ရန်ကုန်အထိလိုက်လာပြီး သားရဲ့အခက်အခဲ ဖြေရှင်းပေးခဲ့တဲ့ အမေပေါ့။

သားအိမ်ပြန်လာတဲ့အကြောင်းခဏခဏ အိမ်မက် မက်တဲ့အမေဟာ ဆယ်စုနှစ် နှစ်ခုလောက် အမေ့အိမ်ပြန်မရောက်တဲ့ သားလူမိုက် အိမ်ပြန်လာတဲ့အကြောင်းအိမ်မက် မက်နေအုံးမှာပါ။ အခွင့်အရေးကမျက်နှာသာ ပေးခဲ့ရင် ကျေးဇူးရှင် အမေကို သား၊ မိန်းမ တို့နဲ့အတူ လက်အုပ်ချီပြီး ကန်တော့ချင်ပါသေးတယ်။ အခုဆို အမေ့အိမ်မက်ထဲမှာ သားတဦးတည်းမဟုတ်ဘဲ နောက်တိုး တွေလည်း ပါနေအုံးမယ်ထင်တယ်။ အမေ့ထမင်းအိုးမှာ လည်ုးသုံးယောက်စာ အပိုချက်ရတော့မယ် အမေရေ့။

သားသမီးတွေက မိဘတွေကို အခက်အခဲကြုံမှ သတိရတတ်တာ လောကဓမ္မတာလို့ ပြောရပါမယ်။ ခြေတဘက်၊ မျက်လုံးတဘက်ဆုံးသွားရှာတဲ့ ကျနော့် မိတ်ဆွေတဦးက ဆိုရင် ကျနော်အိမ်ပြန်ရင် အမေ မှတ်မိပါ့မလားတဲ့။ အင်မတန်မှကြေကွဲစရာကောင်းတဲ့ မေးခွန်းပါ။ အမေဆိုတာ သားသမီးတွေကို ဘယ်အခြေအနေရောက်ရောက် မှတ်မိပါတယ်လို့ဆို့နင့်စွာနဲ့ အာပေးဖူးပါတယ်။ တခါတုန်းက ဆောင်းပါးလေးတပုဒ် ဖတ်ဖူးတယ်။ ကမ္ဘာ့ အလှဆုံးစကားလုံးက ဘာလဲလို့ စစ်တမ်း တခု အမေရိကား အပါအ၀င်ကမ္ဘာ အနှံ့ကောက်ယူခဲ့တယ်။ (၉၀) ရာခိုင်နှန်းကျော်သော အဖြေက အတူတူဖြစ်နေတယ်။ အဲဒီစကားလုံးက ဘာစကားလုံးဖြစ်မလဲ မိတ်ဆွေယူဆပါလဲ။ ( Mother) အမေပါတဲ့။

Sunday, January 15, 2012

သင်္ကန်းဆိုတာ မြတ်စွာ ဘုရားရဲ့ အရေတော်

သင်္ကန်းဆိုတာ မြတ်စွာဘုရားရဲ့ အရေတော် ။
========================

ရဟန်းသံဃာတွေကို ထောင်ချတဲ့ အပြစ်ထက် အဲဒီ သင်္ကန်းဆိုတဲ့ ရဟန်း သံဃာတွေ ရဲ့ တံခွန် ၊ မြတ်စွာဘုရားရဲ့ အရေတော်ကို ချွတ်ခွာတဲ့ အပြစ်က ပိုပြီးကြီးမားတယ်ဆိုတာကို နိုင်ငံတော် အစိုးရ သိစေချင်ပါတယ်။
အဲလို သိစေချင်တဲ့ အတွက်ကြောင့် သံဃာ့ နာယက အဖွဲ့အစည်း အဆင့်ဆင့်က နေမှ သံဃာ မဟာနာယက အဆင့် ရောက်သွားပြီးတော့ မဟာနာယက ဆရာတော်ကြီးမှ တဆင့် လွတ်တော်ထဲမှာ ဆွေးနွေးပြီးတော့ ထောင်ထဲမှာကျနေတဲ့ သိက္ခာ မချသေးတဲ့ ရဟန်းသံဃာတော်တွေကို လွတ်ပေးဖို့ မေတ္တာရပ်ခံနိုင်အောင် ၊
ထောင်ထဲမှာရောက်နေတဲ့ ယုံကြည်ချက် အကျဉ်းသား တစ်ယောက်မကျန် လွတ်ပေးဖို့ မေတ္တာရပ်ခံနိုင်အောင်၊ ဒီကြားထဲ အတော အတွင်းမှာ ထောင်က မလွတ်သေးခင် ထောင်ထဲက ရဟန်းသံဃာတွေ ဦးဇင်းလို ဘဝမျိုး နိမ့်ကျတဲ့ ဘဝမျိုး မဖြစ်အောင်၊ သင်္ကန်းဝတ်ခွင့် ရအောင် ၊ ဦးဇင်း တောင်းဆိုချင်တဲ့ အတွက်ကြောင့် ( ဦးဇင်း ခုလို သင်္ကန်းကို ဝတ်ခြင်း) ဖြစ်ပါတယ် ။