Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, March 25, 2012

စက်ရုပ်ဘဝ

မနက်မိုးလင်း ရောင်နီလဲရောက်
သံစဉ်ချိုချို ကြေးငှက်လေးတွေ
မြည်တွန်သံနင့် တပြိုင်နက်ထဲ
စက်ရုပ်ကလေး နိုးထလာခဲ့
ကော်ဖီခွက်ကို မြန်မြန်မော့ကာ
နံနက်တိုင်းရဲ့ အားသစ်တွေနှင့်
ဆိုင်ကယ်တွေကြား တိုးကျိတ်ရင်းနဲ့
ဝမ်းစာအတွက် တိုက်ပွဲဝင်ခဲ့
တစ်နေ့လာလဲ ဒီနေရာနဲ့
တခါလာလဲ ဒီအလုပ်ပဲ
ဝမ်းရေးအတွက် အလုပ်ခွင်မှာ
စက်ရုပ်လေးတော့ ပျင်းရိခဲ့ပေါ့
အလုပ်ဆင်းလို့ အိပ်ပြန်ရောက်တော့
စက်ရုပ်ကလေး အနားယူကာ
မနက်ခင်းသစ် ရောက်လာပြန်ပေါ့
နေ့နေ့ညည အလုပ်နှင့်အိမ်
လွမ်းဆွတ်ခြင်းနှင့် သတိရခြင်း
ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းများ
အထီးကျန်စွာ ဖြတ်သန်းခဲ့ရ
ဒီလိုနဲ့ပဲ စက်ရုပ်ကလေး
တိုင်းတစ်ပါးမှာ ရှင်သန်လာတာ
ဇွန်လ ၆ရက်ဆို
၃နှစ်တောင်မှ ရှိခဲ့ရောပေါ့..။

တစ်နေ့နေ့တော့

 

လက်တွေ့ဆန်တဲ့လောကထဲ
အိမ်မက်တွေကို အရည်ဖျော်
သောက်သုံးဖို့ကြိုးစား..။

မျှော်လင့်ချက် ရောင်ခြည်သန်းနေတဲ့
အငွေ့သက်တွေကို ရှုရှိုက်...

မွန်းကျပ်စွာ လှိုက်မောလို့..
လည်မြိုမှာ စို့နင့်လို့ရယ်.....။

သိပ်ချစ်တယ်ဆိုပေမယ့်လည်း...
မတူညီတဲ့မျဉ်းပြိုင်နှစ်ကြောင်း..

ကျောချင်းကပ်နေတဲ့ ကမ္ဘာငယ်တစ်ခုစီမို့
မျက်နှာခြင်းဆိုင် ပြန်ဆုံဆည်းဖို့ရာ
ကံမကုန်သေးသ၍ တစ်နေ့နေ့တော့....

ခန္ဓာရပ်ချိန်

ဘယ်အရာမဆို
တည်တံခြင်း နဲ့ ပျက်စီးခြင်း
အဆိုးနဲ့အကောင်း ဒွန်တွဲနေတက်တာ..

အချိန်တွေ ကြာလာလေ
အသုံးပြုတာ များလာလေ
ပျက်စီးဖို့ အခွင့်ရေးပိုများလေ..

ဘဝတစ်လျှောက်လုံး
ခွန်အားတွေကို ထုတ်ပိုး
ခရီးပေါင်းများစွာကို ချီတက်နေခဲ့တယ်

လောင်စာတွေကုန်ခမ်း
လောင်မြိုက်ခြင်းတွေ မီးခိုးတိတ်ချိန်
ချုပ်ငြိမ်းခြင်းမှာ အဆုံးသတ်တယ်။


တုနှိုင်းလို့မမှီ

 

စိတ်နှလုံးကို ရွှင်ပြုံးစေလို့
လူအပေါင်းအား လူလောကသို့
ပို့ဆောင်ပေးသော အမျိုးသမီး
အမိမည်၏။။

ငယ်စဉ်ဘဝ အစဉ်လမ်းပြ
ပဲ့ကိုင်ဆုံးမ ရှေ့ဆောင်ခဲ့ပေ
အနန္တဂိုဏ်ဝင် ကျေးဇူးရှင်တည်း
အမိဆရာ။

ရင်ဝယ်ပိုက်ထွေး နမ်းရှိုက်မဝ
မုန်းတယ်ဘယ်ခါ မရှိလင့်ကာ
ချစ်ခြင်းတွေတာ အသက်ပမာ
အမိချစ်သား။

ကမ္ဘာမြေကြီး မြင့်မိုရ်တောင်လည်း
ယူဇနာပေါင်း တစ်သန်းနှစ်သောင်း
နှိုင်းယှဉ်မေတ္တာ တုနှိုင်းမသာ
အမိမေတ္တာ။

ဤလောကတွင် ပြောမကုန်နိုင်
အမိကျေးဇူး မြဲစွာမှတ်လေ
ဘယ်အခါခါ ဘယ်ချိန်တမ်းတ
အမေ့ရဲ့ထာဝရမေတ္တာ
တုနှိုင်းလို့မမှီသာ။

Monday, March 19, 2012

                               ဝေါဟာရ ရဲ့ သင်္ကေတ




အေးအတူ ပူအမျှ


ခံစားမှုထပ်တူ


တူညီမှုတွေနဲ့ လက်တွဲ

နှလုံးသားမှာ အစဉ်စွဲ


ပြောပြစရာရှိတာ ပြောပြ

သောကစရာရှိတာ သောက


ကူညီ  ဖေးမ  ထွေးပိုက်


စရိုက်ကတော့


အလိုက်ထိုက်ပေါ့ သူငယ်ချင်း ။




နှလုံးသွေးဖြင့် ဂဟေဆက်

 
အမုန်းတွေးတွေ အပြင်ထွက်


ချိုသာ  ကြင်နာ  ပျော်ရွှင် 


အောင်ပွဲဆင်ဖူးတဲ့ အပြုံး

ငါတို့ အားလုံး ပိုင်တယ် သူငယ်ချင်း


ကျရှုံးတိုင်း  မငိုနဲ့ 


အောင်မြင်တိုင်း  မပျော်နဲ့ 


လောကဓံကို ကျောခံလို တု


အဘဗုဒ္ဓ ထုတ်ပြတာတဲ့ တရား


အနှစ်တစ်ခုတွင် နစ်လို့ဝင်စေ သူငယ်ချင်း။



ပီသလွန်းတဲ့ လူ့စရိုက်


ချစ်လိုက်  မုန်းလိုက်


မုန်းလိုက်  ချစ်လိုက်


အမိုက်တိုက်နဲ့ ပျော်မွေ့ 


အော်  အကွေ့ဆိုတာ ဒါပါလား


သတိကို ကတိနဲ့ စပ်


ဘ၀ကိုအပ်ထားပါ  သူငယ်ချင်း ။





အချိန်ရရင် ချိန်ဆကြည့် 


မှိန်ပြပြ ဖြစ်တဲ့ နေမင်း 


မကွယ်မခြင်း  အသက်သွင်းကြမယ်


နိုးထလိုက်ပါ


အဖိုးများပါတယ် 


အားပြည့်တဲ့ စကားနဲ့ရော 


အားပေးမယ့်လူသားပါ


သူငယ်ချင်းဆိုတဲ့ဝေါဟာရ 
ကမ္ဘာတည်သမျှ



ပီသနေကြမယ်နော်။

Friday, March 9, 2012


ဘ၀ဆိုတာ
 
Life is an opportunity, benefit from it.
ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...

Life is a beauty, admire it.
ဘ၀ဆိုတာ အလှတရား... လေးစားပါ...

Life is a dream, realize it.
ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..

Life is a challenge meet it.
ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...

Life is a duty, complete it.
ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...

Life is a game, play it.
ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...

Life is a promise fulfill it.
ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...

Life is sorrow, overcome it.
ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...

Life is a song, sing it.
ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....

Life is a struggle, accept it.
ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....

Life is a tragedy confront it.
ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...

Life is an adventure, dare it.
ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...

Life is luck, make it.
ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...

Life is life, fight for it."
ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...

Wednesday, March 7, 2012

ပန်းပန်လျှက်ပါ

လူရယ်လို့ဖြစ်လာ
ရုန်းကန်ရစမြဲမို့
လောကဓံတရားက
ခက်ထန်တဲ့ လှိုင်းလုံးကြီးပမာ
မထင်မှတ်ဘဲ
အတင်းဝင်ခတ်
မပျော့နွဲ့တဲ့ ငါ့စိတ်ဓာတ်
ပဲ့ထွက်မသွားဘဲ ကြံကြံခံခဲ့။

နှမလက်လျှော့ နေလေတော့!

ဆိတ်ဆိတ်နေ ဆေဆေနိတ်
ဖြေဖြေစိတ် သောကတွေ

ကျေကျေဖြိတ် ချောနှမရေ

ဒေါသေတွေ ပြေတော့

သွင်မတူပဲ နီးဘို့ကြံလျှင်

ပြီးဘို့ရန် ခက်ပါဘိနော့။


ချစ်မပြေနိုင်လို့ပါရှင်!

အလွမ်းတွေ ပွေ့ပိုက်လို့
မေ့လိုက်စို့ သူဆို
မေ့မကိုဋ် ''သူ'' အကိုရယ်
ကြူမချို စကား။
မသနား ရက်စက်တယ်လေတယ်။
အသက်သေစေ ညွန်းလေရော့လား။

ဘ၀အလင်္ကာ




ဘ၀က ပါးပါးလေးရယ်
အသက်တိုတာလည်း မပြောနဲ့
အကုသိုလ်ကိုမှ မပယ်နိုင်သေးတာကိုး။

စိတ်က လေးရူးလို
စေတီမြင်ရင်လဲ
ဖူးလိုက်တာပဲ
သုရာဆိုလဲ
မူးလိုက်တာပဲ။

နှုတ်ဆက်ခွဲခွါခြင်း


ဘ၀တစ်ကွေ့မှာ
ခဏတွေ့ခဲ့ကြပေမဲ့

မေ့မရတဲ့သံယောဇဉ်

ထာဝရခင်မင်မှုတွေနဲ့

ချစ်ခဲ့ကြတဲ့သူငယ်ချင်းရေ ---

နင်လားဟဲ့လောကဓံ !

နောင်တဆိုတာလည်း
နောက်ကျခဲ့သူ ငါ့အတွက်တော့
သင်ပုန်းပေါ်က ကြက်ခြေခတ်တွေပါပဲ။

ဘ၀က လက်တွေ့ဆန်တော့
စိတ်ကူးအိပ်မက်တွေက
တယောတစ်လက်လို
လေးတွဲ့ရှည်လျားခဲ့တယ်။

ရီးဖော် !



ပန်းတိုင်းတစ်ခု လျှောက်လှမ်းရာဝယ်
ပူပြင်းခက်ထန် ကြမ်းတမ်းတဲ့လမ်းခရီး
လမ်းခုလတ် တစ်နေရာမှာ
နားခိုရာ အရိပ်တစ်ခု။

ပင်ပန်းနွမ်းနယ်ပြီး
မောပန်းလာတဲ့အခါ
လန်းဆန်းတက်ကြွ
ခွန်းအားပြည့်စေတဲ့ ရေတစ်ပေါက်။

ညီလေးဖတ်ဖို့ ........

 ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

မရှိခြင်း

အကြင်နာလေညှင်းလေးတွေက
လွတ်လပ်ခြင်း ကောင်းကင်ယံမှာ ပေါင်းဆုံကြတယ်။

သံယောဇဉ် သစ်ရွက်လေးတွေက
မေတ္တာစမ်းချောင်းထဲမှာ ပေါင်းဆုံကြတယ်။

ဘ၀ရဲ့ အဘိဓမ္မာ ရေစီးကြောင်းတွေက
ဒုက္ခပင်လယ်ထဲမှာ ပေါင်းဆုံကြတယ်။

အရာအားလုံးဟာ
မတည်မြဲခြင်း သင်္ခါရတရားမှာ ပေါင်းဆုံကြတယ်။

ဘ၀အလှ ခဏ!

ဘ၀ဆိုတာ
ရှေ့ကကြည့်တော့ ဘကုန်း
နောက်ကကြည့်တော့ ၀လုံး
ပြုံးတက်ရင်တော့ ချစ်စရာ
သုံးတတ်ရင်တော့ အနှစ်ပါ။

အလှဆိုတာ
ရောင်းသူက တစ်ဆယ်
ဝယ်သူက တစ်ကျပ်
မြင်တတ်ရင်တော့ လှပါတယ်
ဆင်တတ်ရင်တော့ ရပါတယ်။

ငိုနေလို့ အပိုပဲ



သူငယ်ချင်း
လောကကြီးထဲ ခြေချတော့
အူဝဲဆိုတာနဲ့ ချခဲ့တယ်။
ငိုခြင်းနဲ့ စခဲ့တဲ့ဘဝ
အဆုံးသတ်ပါတော့။

တစ်ခါရူံးတိုင်း တစ်ခါငိုလည်း
ဘ၀ဟာ စိုပြည်လာမှာမှ မဟုတ်ဘဲ

သက်တမ်းကုန်ချိန်


ရန်သူကိုမလေး၊
အထင်သေးမိသောအခါ၊
စွမ်းအားရှိတောင်း၊ သူရဲကောင်းသော်တည့်၊
ရှုံးတတ်၏။

သူမပေးနိုင်ဘိ၊
တောင်းရမ်းမိသောအခါ၊
မေတ္တာကြီးလှ၊ မိနှင့်ဘသော်တည့်၊
မုန်းတတ်၏။

သူနာပြုဘုရား






ကိုယ်ရိပ်သဏ္ဍန်၊ ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့။
ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်

ဘုရားသခင်အတု


မောင်သင်းခိုင်
(၁)
“ကျုပ်သန်တုန်းမြန်တုန်းအရွယ်က
“ကနူးလှေ” ကိုထွင်းရတာ
သစ်တုံးခုတ်တာကစပြီး လှေကိုရေထဲချတဲ့အထိ
သုံးလကြီးတောင်ကြာတယ်…သုံးလ
ကျော်ချင်ကျော်မယ် သုံးလအောက်တော့မလျှော့ဘူး။
ခုတော့ဗျာ….ကမ္ဘာမြေကြီးရယ်
နေ့ရယ်ညရယ် နေရယ် လရယ်
သက်ရှိသက်မဲ့အရာအားလုံးကို
ဘုရားသခင်က….ခုနှစ်ရက်ထဲနဲ.
ဖန်ဆင်းလိုက်တယ်ဆိုတော့