Showing posts with label ဂျာနယ်. Show all posts
Showing posts with label ဂျာနယ်. Show all posts

Thursday, February 23, 2012

ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား
ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက် ဦးအောင်ကျော်ဖြူလမ်း အိမ်အမှတ် (-) တွင် ၁၇-၂-၂ဝ၁၂ ရက် ည ၈ နာရီခန့်က နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက်ကာ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အခင်းဖြစ်ပွားချိန်တွင် ဝင်ရောက်ရိုက်နှက်မှု ဖြစ်သည့် အိမ်၌အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား လူငယ်ခြောက်ဦး ရှိနေရာ ရိုက်နှက်မှုကြောင့် နှစ်ဦး(ပုံ)မှာ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော ဌာနတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။''ထိတာက သုံးယောက်ထိတာ အိမ်ရှင်ရဲ့သား အသက် ၂၄ နှစ်လောက်ရှိတဲ့ ဖြိုးသက်စံကတော့ ပထမ အရိုက်ခံလိုက်ရပြီးတာနဲ့ လန့်ပြီးလဲကျပြီးတော့ တက်နေတယ်။ သူရဲ့ညီအငယ်ဆုံး ဆယ်တန်းကျောင်းသား ဖြိုးငြိမ်းစံ (၁၆ နှစ်)ကတော့ အခုဆေးရုံမှာ၊ နောက်တစ်ယောက်က ဖြိုးသက်စံတို့ သူငယ်ချင်း အောင်သူစိုးလည်း ဆေးရုံမှာ အခုဆေးရုံမှာ အတွင်းလူနာ နှစ်ယောက်ပေါ့''ဟုဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ တစ်ဦးကဆိုသည်။ အခင်းမဖြစ်မီ တစ်ရက်က အဆိုပါ အိမ်မှ အသက် ၁၉ နှစ်ခန့်အရွယ် ဖြိုးဇင်အောင်ဆိုသည့် လူငယ်နှင့် သူငယ်ချင်းများ အပြင်တွင် စကားများ ရန်ဖြစ်ခဲ့ကြသေးသည်ဟု ဖြိုးဇင်အောင်က ပြည်မြန်မာဂျာနယ်ကို ပြောသည်။
''ကျွန်တော်တို့ အချင်းချင်းတစ်ယောက်ကို တစ်ယောက်စကြ နောက်ကြရင်းလက်သီးနဲ့ အပြန်အလှန် ထိုးခဲ့ကြတယ်။ အခုအခင်းဖြစ်တဲ့နေ့မှာ ကျွန်တော်အိမ်မှာမရှိဘူး။ အလုပ်ကပြန်လာမှသိတာ'' ဟု၎င်းကပြောသည်။ ၎င်းနေအိမ်ကို အစုလိုက် ဝင်ရိုက်သည့်အတွက် နောက်ဖေးမီးဖိုခန်း တစ်ခုလုံး ပစ္စည်းများဖရိုဖရဲ ပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။ လာတာတော့ ကောင်လေးတွေ ၁ဝယောက်ကျော် လောက်ရှိတယ်။ အစက ဂိမ်းလာကစားတယ် ထင်လို့ မေးကြည့်တာ၊ လူလာရှာတာတဲ့၊ ဒါကြောင့် အခြေအနေကို ကြည့်လိုက်တော့ ပုံမဟန်တာနဲ့ ကလေးတွေပြန်ကြလို့ ပြောလိုက်သေးတယ်။ ခဏကြာတော့ အဲလိုပဲ ရိုက်ကြနှက်ကြဖြစ်တယ်'' ဟု အခင်းဖြစ်ပွားရာ နေအိမ်အနီးမှ မျက်မြင်တစ်ဦးက ဆိုသည်။ ဝင်ရောက်ရိုက်နှက်သည့် လူငယ်များသည် စတီးနာရီကို လက်တွင်ဆုပ်၍ ထိုးကြိတ်ခြင်းဖြစ်ကာ တုတ်၊ ခုံဖိနပ်များကိုပါ ကိုင်ဆောင်လာသည် ဟုလည်းမျက်မြင်သက်သေ များကပြောသည်။''အဲဒီအိမ်မှာ TV ကြည့်နေတဲ့ လူကကြည့်၊ ဂီတာတီးနေတဲ့သူက တီးနဲ့နေကြတာပေါ့။ သူတို့ အဖေကမရှိတော့ဘူး။ အမေကလည်း အိမ်မှာမရှိဘူး။ အင်းစိန်မှာ။ မီးဖိုချောင်ထိ ဝင်ရိုက်ကြတာ''ဟုအရိုက်ခံရ၍ ဆေးရုံရောက်နေသည့် ဖြိုးငြိမ်းစံ၏ အဒေါ်ဖြစ်သူက ရှင်းပြသည်။ အဆိုပါအမှုကို ဗဟန်းမြို့နယ်ရဲ စခန်းတွင်(ပ) ၈၁/ ၂ဝ၁၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုပုဒ်မ ၂၉၄၊ ၄၅၂၊ ၁၁၄ တို့ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ပြည်မြန်မာဂျာနယ်

Sunday, February 5, 2012

အသားဈေး ကျဆင်းရေး ပုသိမ်စည်ပင်ရုံးရှေ့မှာ ဆန္ဒပြ

သားသတ်လိုင်စင် လေလံပွဲပြုလုပ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့မှာ မနေ့က မနက်ပိုင်းက အသားဈေးနှုန်း ကျဆင်ရေး ဆန္ဒပြသူတွေထဲက အဖမ်းခံခဲ့ရသူတွေ အခုညနေပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ စုံစမ်းသိရပါတယ်။
မနေ့က ဖေဖေါ်ဝါရီ ၂ရက် မနက်ပိုင်းမှာ အမဲ၊ ၀က်၊ ဆိတ်စတဲ့ အသားဈေးနှုန်း ကျဆင်းရေးအတွက်

နှစ်ငါးဆယ် အခွင့်အရေးအတွက် အရေးကြီးသောကာလ

(၂၀၁၂ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က အယ်ဒီတာ့အာဘော် ဖြစ်ပါတယ်။ )
ယခုအခါ မြန်မာနိုင်ငံတွင် ယခင် နှစ်ငါးဆယ် အတွင်း မကြုံဖူးခဲ့သည့် အဖြစ်သနစ်စုံတို့ ပေါ်ပေါက်လျက်ရှိသည်။
အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး လှုပ်ရှားသူ အများအပြား လွတ်မြောက်ကာ ခရီးရောက်မဆိုက်ပင် ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများအတွက် စိုင်းပြင်းနေကြသည်။

Saturday, February 4, 2012

မြန်မာ့စီးပွားရေးသုံးသပ်ချက်.....

စီးပွားရေးစနစ် တစ်ခု....အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့
စီးပွားရေးစနစ်တစ်ခုကိုပဲ့ကိုင်
ရတာ တကယ်တော့မလွယ်ကူပါဘူး။
တခြားနိုင်ငံတွေမှာဆို company တွေကအစ စီးပွားရေးနဲ့ ဘွဲ့ရတွေကို
ထိုက်ထိုက်တန်တန် လစာပေးပြီး မိမိရဲ့စီးပွားရေးလုပ်ငန်းခွဲတစ်ခုစီမှာ
အကြံပေးပဲဖြစ်ဖြစ် အဖွဲ့ခေါင်းဆောင်နေရာတွေပေးပြီးပဲဖြစ်ဖြစ်
 

Friday, February 3, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ရွှေ့ဆိုင်း



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ရွှေ့ဆိုင်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ
၎ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့်
အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ
အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ
မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို
ဆက်သွယ်မေးမြန်းထားပါတယ်။


Friday, January 27, 2012

ကော့မှူးဒေသခံ ထောင်နှင့်ချီ၍ NLD အဖွဲ့ဝင်များအား ကြိုဆို

ယနေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများကိုယ်စား ကိုကိုကြီး၊ ကိုမြအေးနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ အဓိက ဆွေးနွေးခဲ့ကြသော အချက်များမှာ ၁။ ကြားဖြတ်ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ဘယ်လိုပါဝင်ပူးပေါင်းနိုင်မည်လဲ၊ ၂။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ဘယ်လိုအခန်းကဏ္ဍက ပါဝင်ပတ်သတ်နိုင်မည်လဲ နှင့် ၃။ မလွှတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး တို့ဖြစ်ကြောင်း သိရသည်။

ကော့မှူးဒေသခံ ထောင်နှင့်ချီ၍ NLD အဖွဲ့ဝင်များအား ကြိုဆို

By , on January 27, 2012 4:34 pm မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များက မဲဆွယ်စည်းရုံးရေး ခရီးထွက်ခဲ့ရာ ရာပေါင်းများစွာသော လူထုက ကြိုဆိုခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်အတွင်း ကျေးရွာတရွာတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီဦး စည်းရုံးဟောပြောနေစဉ် (ဓာတ်ပုံ - NLD)
“ဒေါ်အောင်ဆန်းစုကြည် မပါတာတောင် အိုးစည်ဗုံဗောင်းနဲ့ ကြိုကြတာ၊ အရမ်းအားရဖို့ ကောင်းပါတယ်” ဟု NLD မဲဆွယ်စည်းရုံး ရေး ခရီးစဉ်တွင် ပါဝင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီဦးကပြောသည်။
ကိုညီညီဦးအပါအ၀င် NLD ပါတီဝင် ၃ ဦးနှင့် ကော့မှူးဒေသခံ ပါတီဝင် ၂၈ ဦးတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ စေလွှတ်မှုဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါဒေသသို့ သွားရောက် ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်အပိုင် ၀ါးသင်္ခ ကျေးရွာတွင် သန်းခေါင်စာရင်း ၀င်ထားသည်။
ဒေသခံများက စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးပြီး လူသိနည်းသည့်

Tuesday, January 17, 2012

Democratic Wave ဒီလှိုင်း ဂျာနယ်စတင်ထုတ်ဝေ

Democratic Wave ဒီလှိုင်း ဂျာနယ်စတင်ထုတ်ဝေ
ဓါတ်ပုံ (MNN)
Democratic Wave ဒီလှိုင်း ဆိုတဲ့နံမည်နဲ့ ပါတီစာစောင်တစ်ခုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ စတင် ထုတ်ဝေလိုက်ပါတယ်။ လောလောဆယ် နှစ်ပတ် တစ်ကြိမ်ထုတ်ဝေမယ့် ဒီလှိုင်းစာစောင်ကို စာဖတ်သူတွေ စိတ်ဝင်စားအောင် ဂျာနယ်ပုံစံနဲ့ ထုတ်ဝေ ရောင်းချသွားမယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဒီတော့ ဘယ်လို အကြောင်းအရာတွေကို ဒီလှိုင်းမှာ