မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ရွှေ့ဆိုင်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ
၎ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့်
အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ
အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ
မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို
ဆက်သွယ်မေးမြန်းထားပါတယ်။
“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။
ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့
မသွားဖြစ်တော့ဘူး။”
ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ
“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။
ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ
မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း
ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ
ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး
အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊
ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။
ပထမ ရမလိုလို ဘာလိုလို ပြောတော့
ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို
ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က
ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။
ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က
အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို
ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”
“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့
ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက
သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို
မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက
မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့
အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ
လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။
ဝန်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ
အဖြေထွက်မလာဘူးဗျ။” “ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး
ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း
တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး
FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ
အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့
ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ
ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက
သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက
ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို
ပြောင်းလိုက်တာပဲ။” အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။
“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။” သက်ဆိုင်ရာအာဏာပိုင်တွေဖက်က
ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။
“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးေ ပါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ
ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန်
စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ
ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။
ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့
အဓိပ္ပါယ်ထွက်တယ်ဗျ။” ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့
ကြိုးစားဖို့ ရှိပါလား။ “အဲဒါ ဥက္ကဌကတော့
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့
ပြောပါတယ်။ ရက်က အတိအကျ
မပြောနိုင်သေးပါဘူး” ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊
ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။ သတင်း......VOA
ဗထူးကွင်းအား မငှားရမ်းခဲ့သည့်အကြောင်းရင်းကု
ရန်ကုန်၊ ဖေဖော်ဝါရီ-၃
နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်းက ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD အနေနဲ့လည်း ဘောလုံးအဖွဲ့ချုပ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အစိုးရအထက်အဖွဲ့အစည်းတစ်ခုခုက အထူးကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ်ဆိုရင်တော့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ခွင့်မပြုစရာ အကြောင်းမရှိပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချု ပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ဗထူးကွင်းအား ဘောလုံးအဖွဲ့ချုပ်က မငှားဘူး။ ဦးဇော်ဇော်က မငှားဘူးဆိုသည့် သတင်းများထွက်ပေါ်နေသည့် အပေါ်၌လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက စိတ်မကောင်းဖြစ်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလ၇ရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးေ နွးအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၂ (YPI)
လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။
ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။
ပုသိမ်တက္ကသိုလ်
ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။
“အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊ ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ် ၊ ဒါပေမယ့် မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် ” ဟု အင်္ဂလိပ်စာ တတိယနှစ် ကျောင်းသူတဦးကလည်း YPI သို့ပြောသည်။
စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်း လည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။
”ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလို့ ကျောင်းမှာ သတိပေးထားတယ်” ဟု ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးက ပြောသည်။
ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ တို့က “ကျောင်းပညာရေး တိုးတက်စေရန် ”ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်။
ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ပြီးနောက် တတိယမြောက် နယ်ခရီးစဉ်ဖြစ်သည်။ ပထမခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်သွားရောက်ခဲ့ကာ၊ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ ရေရရှိရေး အစီအစဉ်ကြည့်ရှုရန် သွားရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။ ။
.............................. .............................. .............................. .............................. ..
<ဥက္ကာကိုကို (Reporter at 7Day News Journal)'s status in Facebook>
အဆင့်အတန်းမြင့်တဲ့လူ့အဖွဲ့အစည်းဆိုတာ (မောင်ဝံသ)
ပထမ ရမလိုလို ဘာလိုလို ပြောတော့
ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို
ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က
ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။
ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က
အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို
ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”
“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့
ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက
သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို
မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက
မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့
အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ
လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။
ဝန်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ
အဖြေထွက်မလာဘူးဗျ။” “ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး
ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း
တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး
FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ
အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့
ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ
ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက
သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက
ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို
ပြောင်းလိုက်တာပဲ။” အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။
“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။” သက်ဆိုင်ရာအာဏာပိုင်တွေဖက်က
ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။
“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးေ
ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန်
စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ
ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။
ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့
အဓိပ္ပါယ်ထွက်တယ်ဗျ။” ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့
ကြိုးစားဖို့ ရှိပါလား။ “အဲဒါ ဥက္ကဌကတော့
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ
ပြောပါတယ်။ ရက်က အတိအကျ
မပြောနိုင်သေးပါဘူး” ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊
ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။ သတင်း......VOA
ဗထူးကွင်းအား မငှားရမ်းခဲ့သည့်အကြောင်းရင်းကို ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ပြန်လည်ရှင်းလင်း
by 7Day News Journal on Friday, 3 February 2012 at 20:44
နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်းက ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ဗထူးကွင်းအား ဘောလုံးအဖွဲ့ချုပ်က မငှားဘူး။ ဦးဇော်ဇော်က မငှားဘူးဆိုသည့် သတင်းများထွက်ပေါ်နေသည့် အပေါ်၌လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက စိတ်မကောင်းဖြစ်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလ၇ရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးေ
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ
by Yangon Press International on Friday, 3 February 2012 at 17:36
လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။
ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။
ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။
“အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊ ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်
စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်း
”ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလိ
ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ တို့က “ကျောင်းပညာရေး တိုးတက်စေရန် ”ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်။
ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ပြီးနောက် တတိယမြောက် နယ်ခရီးစဉ်ဖြစ်သည်။ ပထမခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်သွားရောက်ခဲ့ကာ၊ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ ရေရရှိရေး အစီအစဉ်ကြည့်ရှုရန် သွားရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။ ။
..............................
<ဥက္ကာကိုကို (Reporter at 7Day News Journal)'s status in Facebook>
ဒေါ်အောင်ဆန်းစုကြည်လာမယ့်နေ့မှာ ပုသိမ်တက္ကသိုလ်က ကျောင်းသားတွေကို စာမေးပွဲဖြေဆိုစေဖို့ ပုံမှန်မဟုတ် တဲ့ ရုတ်တရက်အမိန့်ကို ထုတ်လိုက်ပါတယ်။ ကျောင်းသားတွေဟာ ဘာသာရပ်အားလုံးကို တစ်နေ့တည်း ဖြေဆိုကြရမှာဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီစာမေးပွဲကို လာမဖြေဘူးဆိုရင် ဒေါ်စုလမ်းကြောင်းဆီ သွားကြတယ်လို့ သတ်မှတ်မယ်လို့ ဆရာ/ဆရာမတွေက ပြောတယ်လို့ ...သိရပါတယ်။ အဲဒီလိုသတ်မှတ်ခံရရင် ဘာဖြစ်မလဲလို့ တချို့ကျောင်းသား တွေရဲ့ အမေးကို သိချင်ရင်လုပ်ကြည့်လိုက် ဆိုပြီး ဆရာမတွေက ပြန်ဖြေတယ်လို့ သိရပါတယ်။ အချိန်ကိုက်ကြေငြာလိုက်တဲ့ မတရားသော စာမေးပွဲကို မကျန်းမာဖြစ်နေတဲ့၊ အဝေးရောက်နေတဲ့ ကျောင်းသားတွေအားလုံး လာရောက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ကားတွေစီးလုံးငှားထားပြီးဖြစ်နေ ကြပါပြီ။ ပုသိမ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်လာရောက်တဲ့နေ့ မှာ ကျောင်းသားတွေ အနေနဲ့ စာမေးပွဲဖြေဆိုနေကြမလား... ကျောင်းအာဏာကိုဖီဆန်ပြီး ကြိုဆို ကြမလားဆိုတာ စောင့်မျှော်ကြည့်ကြရမှာပါ။ ကျောင်းသားဆိုတာ အစဉ်အလာကောင်းမွန် ခဲ့ကြသူတွေပဲဖြစ်ပါတယ်။

by Maung Wuntha on Friday, February 3, 2012 at 12:04pm
Popular News ဂျာနယ်၊ ဖေဖော်ဝါရီ ၂ ၊ ၂၀၁၂ မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး
ဖြစ်ပါတယ်။
လူသာမန်တွေက မိမိတို့ရဲ့သားသမီးတွေကို ချစ်ကြတယ်။ ကြီးမြတ်သူတွေ ကတော့
မိမိတို့ရဲ့မိဘတွေကို ချစ်ကြတယ်ဆိုတဲ့ အဆိုအမိန့် တစ်ခုကို ဖတ်ဖူးခဲ့တယ်ဗျ။
အဲဒီအဆိုအမိန့်နဲ့ ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစားတွေးတောကြည့်လိုက်တဲ့အခါ
လူတွေမှာ ခံစားသိ (conceptual knowledge) နဲ့ ကြံဆသိ (perceptional knowledge)
ဆိုပြီး အခြေခံအသိနှစ်မျိုးရှိတဲ့အနက် ခံစားသိဆိုတာက အဆင့်
နိမ့်တဲ့အသိဖြစ်တယ်။ ဥပမာ မီးကိုကိုင်ကြည့်ပြီးမှ
ပူမှန်းသိတဲ့အသိမျိုးပေါ့ဗျာ။ ဒါမျိုးဟာ ဘာမှန်းစဉ်းစားဆင်ခြင်တွေးတောနေစရာ
မလိုဘဲ အာရုံငါးပါးနဲ့ ထိတွေ့ပြီးတော့မှ သိတဲ့အသိမျိုး ဖြစ်တာမို့
လူတိုင်းမှာရှိတဲ့ အဆင့်အနိမ့်ဆုံး အသိဖြစ်တယ်ဗျ။ ဆင်ခြင်သိဆိုတာကတော့
မိမိမှာရှိထား၊ လေ့လာဆည်းပူး သိရှိထားတဲ့ အတွေ့အကြုံ ဗဟုသုတ အသိပညာများပေါ်မှာ
အခြေခံပြီး အရာကိစ္စတစ်ခု ကောင်း၏၊ ဆိုး၏၊ မှန်၏၊ မှား၏ဆိုတာကို တွေးတော
ဆင်ခြင်သုံးသပ်ဖော်ထုတ်ရတဲ့အသိမျိုး ဖြစ်လို့ လူတစ်ယောက်ရဲ့ ဥာဏ်ပညာ အဆင့်နဲ့
တိုက်ရိုက် အချိုးကျနေတဲ့ အဆင့်မြင့်အသိမျိုးဖြစ်တယ်ဗျ။
အတ္တကိုချစ်တဲ့ အဆင့်နိမ့်အချစ်
ဒါကြောင့် မိမိရဲ့ သားသမီးကို ချစ်တဲ့အချစ်ဆိုတာ မိမိကိုယ်တိုင်ရဲ့ အသွေးအသား
ငါးဆယ်ရာခိုင်နှုန်းနဲ့ မိမိဇနီး၊ ခင်ပွန်းရဲ့ အသွေး အသား
ငါးဆယ်ရာခိုင်နှုန်းတို့ ပေါင်းစပ်မိရာက ပေါ်ပေါက်လာတဲ့အရာ (တစ်နည်း)
မိမိရဲ့အာရုံငါးပါးနဲ့ မိမိဇနီး၊ ခင်ပွန်းရဲ့ အာရုံငါးပါးတိုးတိုက် ထိတွေ့
ပေါင်းစပ်မိရာက ပေါ်ပေါက်လာတဲ့အရာဖြစ်တာကြောင့် မိမိသားသမီးကို
ချစ်တဲ့အချစ်ဆိုတာ မိမိကိုယ်ကို (တစ်နည်း)မိမိအတ္တကို မိမိချစ်တဲ့
အဆင့်နိမ့်အချစ်မျှသာ ဖြစ်တယ်ဗျာ။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ ဘာဆင်ခြင်တုံ
တရားမှ မလိုဘူးဗျ။
တစိမ့်စိမ့်တွေးပြီးချစ်စိတ်ပေါ်မှ
မိဘကိုချစ်တဲ့အချစ်ကျတော့ အဲသလိုမဟုတ်ဘူးဗျ။ မိဘကိုချစ်ဖို့ဆိုတာ မိမိကို
ကလလရေကြည် သန္ဓေတည်ကတည်းကစလို့ ဖ၀ါး လက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်အရွယ်ကနေ
လူလားမြောက်ပြီး လူ့လောကထဲမှာ နေရာတစ်ခုရတဲ့အထိ ဒုက္ခမျိုးစုံခံပြီး
ပြုစုယုယကျွေးမွေး စောင့်ရှောက် လာခဲ့ပုံတွေကို စိတ်အတွေးထဲမှာ
မြင်အောင်ပြန်ကြည့်နိုင်မှ (တစ်နည်း)
တစိမ့်စိမ့်ပြန်လည်တွေးတောဆင်ခြင်နိုင်မှသာ ပေါ် ထွန်းလာတဲ့ အဆင့်မြင့်
အချစ်မျိုးဖြစ်တယ်ဗျ။ ကျေးဇူးကို တစိမ့်စိမ့်ဆင်ခြင်သုံးသပ်တာမျိုး မရှိဘဲ
မိဘအပေါ် ထားရှိတဲ့အချစ်မျိုး မပေါ်ပေါက်နိုင်ဘူးဗျ။ အဇာတသတ်ဘုရင်
သူ့ရဲ့သားတော်လေး မွေးဖွားလာတဲ့အခါ သူ့ရင်ထဲမှာ တဖွားဖွားပေါ်ပေါက်
လာတဲ့အချစ်နဲ့ အဲဒီက တစ်ဆက်တည်း ဆင်ခြင်မိပြီး သူ့ဖခင် ဗီမ္မိသာရမင်းကြီး အပေါ်
ချစ်တဲ့စိတ်ပေါ်ပေါက်လာပုံ ဇာတ်ကွက်နှစ်ခုဟာ အဲဒီသိစိတ်နှစ်ခုရဲ့ ထင်ရှားတဲ့
ဥပမာဖြစ်တယ်ဗျ။
ပစ္စုပ္ပန်နဲ့ အတိတ်
ခံစားသိနဲ့ ဆင်ခြင်သိဆိုတာကို နောက်တစ်ဆင့်တက်ပြီး စဉ်းစားလိုက်တဲ့ အခါ
ခံစားသိဆိုတာ ပစ္စုပ္ပန်ကို ချစ်တဲ့အချစ်ဖြစ်ပြီး ဆင်ခြင်သိဆိုတာ အတိတ်
သို့မဟုတ် သမိုင်းကိုချစ်တဲ့အချစ်ဖြစ်တယ်ဆိုတာကို တွေ့ကြရမှာဖြစ်တယ်ဗျ။
အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်တဲ့အချုပ်အခြာ
အာဏာပိုင်နိုင်ငံတစ်ခု ဖြစ်တယ်ဗျ။ အဲဒါရဲ့ အဓိပ္ပာယ်က ခုချိန်ခါမှာ
ကျွန်တော်တို့နိုင်ငံဟာ ဘယ်တိုင်းတစ်ပါးလူမျိုးခြားနိုင်ငံတစ်ခုရဲ့ သိမ်းပိုက်
ကျွန်ပြုမှုအောက်မှာမှ ရှိမနေတဲ့ နိုင်ငံဖြစ်တယ်ဗျ။ လွတ်လပ်တဲ့
နိုင်ငံတစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ ဘယ်လူမျိုးခြားကိုမှ
သခင်ခေါ်စရာမလိုဘူးဗျ။ ဘယ်လူမျိုးခြားရှေ့မှာမှ ဒူးတုပ်ဝပ်တွား စရာမလိုဘူးဗျ။
ကျွန်တော်တို့ ပြည်သူတွေ သဘောမတူဘဲ ဘယ်နိုင်ငံခြားသား ကမှ
ကျွန်တော်တို့နိုင်ငံပိုင်ပစ္စည်းအစအနတစ်ခုကို တောင်းယူလို့ မရဘူးဗျ။
ဒီအနေအထားကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်း နှစ်သက်ကြတယ်၊
ချစ်ကြတယ်ဗျာ။ ဒါပေမယ့် အဲဒီအချစ်ဟာ လွတ်လပ် အချုပ်အခြာ အာဏာပိုင်စိုးမှု
ရှိနေတဲ့ လက်ရှိပစ္စုပ္ပန်အနေအထားကို ခံစားခွင့်ရရှိနေမှုကနေ ပေါ်ထွက်လာတဲ့
အဆင့်နိမ့်အချစ်သာ ဖြစ်တယ်ဗျ။ ကျွန်တော်တို့နိုင်ငံကို အဆင့်မြင့်နိုင်ငံတစ်ခု
ဖြစ်စေချင်တယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးကို အဆင့်မြင့်တဲ့
အချစ်နဲ့ ချစ်ကြဖို့ လိုတယ်ဗျ။ သမိုင်းကို ပြန်လည်ဆင်ခြင်တွေးတောသုံးသပ်ပြီး
မြတ်နိုးလေးစားတန်ဖိုးထားကြဖို့ လိုတယ်ဗျ။
ကျေးဇူးကို ဘယ်လိုသိမလဲ
ဒီတစ်နေ့ ကျွန်တော်တို့ နိုင်ငံအတွင်း အပြင်မှာရှိနေကြတဲ့ နိုင်ငံရေး တက်
သမိုင်းကို အလေးမထားရင်
သမိုင်းကို အလေးမထားသူ အများကြီးရှိနေတဲ့နိုင်ငံတစ်ခုအတွက် လွတ်လပ်ခြင်း၊
ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း စတဲ့ ကောင်းမြတ်ခြင်း မရှိတာတွေဟာ
အမြဲတမ်းတံလျှပ်လိုပဲ မိမလိုလိုဖြစ်လိုက် ပျောက်သွားလိုက် ဖြစ်နေမှာပဲ
ဖြစ်တယ်ဗျ။ သဘာဝတရားကြီးထံက မျက်နှာသာပေးမှုကို ဘယ်လောက်ပဲရထားသည်ဖြစ်စေ
အဲဒီနိုင်ငံတွေဟာ အဲဒီကောင်းမြတ်ခြင်း မင်္ဂလာတွေကို ဘယ်တော့မှ
ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင် နိုင်ကြမှာ မဟုတ်ဘူးဗျ။
အမှားကို တာဝန်ယူသူတွေ
အခုအချိန် အဲဒီအချက်ကို သဘောပေါက်တဲ့နိုင်ငံတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတာကို
တွေ့မြင်နေရတယ်ဗျ။ မကြာသေးခင်က ဖတ်ရတဲ့ သတင်းတစ်ပုဒ်မှာ ဂွါတီမာလာ သမ္မတက
သူ့နိုင်ငံရဲ့ ၃၆ နှစ်ကြာ ပြည်တွင်းစစ်အတွင်း ၁၉၈၂ ခုနှစ်က
အစိုးရတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ အစုလိုက်အပြုံလိုက်သေပွဲဝင်ခဲ့ကြရရှာတဲ့ လူ
၂၀၀ကျော်တို့ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို အခမ်းအနားတစ်ခုမှာ တရားဝင်
ဝန်ချတောင်းပန်လိုက် တယ်လို့ ပါတယ်ဗျ။ နောက်တစ်လလောက်အကြာမှာ အယ်လ်ဆာဗေးဒို
သမ္မတကလည်း သူ့နိုင်ငံရဲ့ ၁၂နှစ်ကြာ ပြည်တွင်းစစ်အတွင်း ၁၉၈၁ ခုနှစ်က
မြို့တစ်မြို့မှာ လူ ၁၀၀၀ လောက်ကို အစိုးရစစ်တပ်က အစုလိုက် အပြုံလိုက်
သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို အဲဒီမြို့အထိသွားပြီး တရားဝင်ဝန်ချတောင်းပန်
ခဲ့တယ်လို့ သိရတယ်ဗျ။
ဒီလုပ်ရပ်တွေဟာ နိုင်ငံရဲ့လက်ရှိခေါင်းဆောင်တွေက သမိုင်းကို အလေးထားကြောင်း၊
သမိုင်းမှာ အုပ်ချုပ်သူတွေမှားခဲ့တဲ့ အမှားအတွက် တာဝန်ယူကြောင်း
ပြသတဲ့လုပ်ရပ်တွေဖြစ်တာကြောင့် ချီးကျူးသြဘာပေးကြရမှာ ဖြစ်တယ်ဗျ။
မကြာသေးခင်တစ်ရက်ကလည်း ထိုင်းအစိုးရက အတိတ်မှာ ပေါ်ပေါက်ခဲ့တဲ့
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ကြရသူတွေ၊
ထိခိုက်နစ်နာခဲ့ကြရသူတွေအတွက် စုစုပေါင်း လျော်ကြေး ဒေါ်လာ ၆၃ သန်းပေးမယ့် အစီ
အစဉ်တစ်ရပ်ကို အတည်ပြုလိုက်တယ်လို့ သိရတယ်ဗျ။ ဒီလုပ်ရပ်ဟာလည်း ချီးကျူးလေးစား
သင့်တဲ့ လုပ်ရပ်ဖြစ်တယ်ဗျာ။
စွန့်လွှတ်ခဲ့ကြသူတွေ
ကျွန်တော်တို့ နိုင်ငံမှာလည်း အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊
ငြိမ်းချမ်းရေးရုန်းကန်မှု အဆက်ဆက်မှာ ဘ၀တွေ၊ အသက် တွေ စတေး
ပေးဆပ်စွန့်လွှတ်ခဲ့ကြရသူတွေ အနမတဂ္ဂရှိခဲ့တာ အားလုံးအသိဖြစ်တယ်ဗျာ။
မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်
ကျောင်းသားခေါင်းဆောင်အများစုဆိုရင်လည်း သူတို့ရဲ့ လူငယ်ဘ၀တစ်ခုလုံး
ဆုံးရှုံးသွားခဲ့ကြရသူတွေ ဖြစ်တယ်ဗျ။ တချို့ဆိုရင်လည်း ဘ၀တွေ
အစိပ်စိပ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားခဲ့ကြရတယ်ဗျ။ အသက်ကိုပါ ပေးဆပ်
သွားခဲ့သူတွေလည်း မနည်း မနောရှိခဲ့တယ်ဗျာ။
ဘ၀တွေ ပြန်လည်ထူထောင်ပေးဖို့
အဲသလို အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသူတွေရဲ့ ကျေးဇူးကို
အမြဲသတိရဖို့ဆိုတာ အဆင့်အတန်းမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့
တာဝန်ပဲဖြစ်ပါတယ်။ တာဝန်မသိ၊ ကျေးဇူးမသိတဲ့ လူ့အဖွဲ့အစည်းဟာ အနာဂတ်မရှိတဲ့
လူ့အဖွဲ့အစည်းဖြစ်တယ်ဗျ။ ဒါကြောင့် တစ်ချိန်ချိန်မှာ အဲဒီလို သူရဲကောင်းတွေရဲ့
ဘ၀ ပြန်လည်ထူထောင်ရေးကိစ္စကို နိုင်ငံတော်က တာဝန်ယူတဲ့အထိ ဖြစ်လာစေဖို့
ကျွန်တော်တို့ ၀ိုင်းဝန်းကြိုးပမ်းတွန်းအားပေြး ကရမှာ ဖြစ်တယ်ဗျာ။ အဲသလို
ဖြစ်မလာသေးခင် လောလောဆယ်မှာတော့ လိပ်ပြာသန့်သန့် ရပ်တည် သွားနိုင်ဖို့အတွက်
ကျွန်တော်တို့ သဘောချင်း တိုက်ဆိုင်သူတွေ စုစည်းပြီး ဖောင်ဒေးရှင်းကလေးတစ်ခု
ထူထောင်ဆောင်ရွက် လုပ်ကိုင်နေတာလောက်နဲ့ပဲ ကျေနပ်နေရသေးတယ်ဗျာ။
၂၄ ၀၁ ၂၀၁၂
မှတ်ချက်။ ကျွန်တော်တို့ လုပ်နေတဲ့ ဖောင်ဒေးရှင်းက ဟံသာဝတီ
ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်ပါတယ်။
maungwuntha@gmail.com
Tel: 095040994
လောင်းကစားမှုနဲ့ အဖမ်းခံရသူမှာ ရဲသတင်းပေးဖြစ်နေ၍ သေစာရင်းပြပြီး အမှုမှလွှတ်
by Burma VJ Media Network on Friday, 3 February 2012 at 17:17
By ဇာဏီ ၊ ဖေဖော်ဝါရီလ ၂ ၊ ၂၀၁၂ ။
လောင်းကစားမှု နှင့် အဖမ်းခံရသော တရားခံကို ကျောက်ဆည်ခရိုင် တရားသူကြီးနှင့် မြို့နယ်ရဲမှူး ပေါင်းပြီး သေဆုံးစာရင်းပြ၍ အမှုမှ လွှတ်ပေးလိုက်ပါတယ်။
၂၀၀၈ ခုနှစ်တုန်းက ကျောက်ဆည်မြို့ရှိ အိမ်တအိမ်မှ ဖဲဝိုင်းကို ရဲက ဝင်ဖမ်းရာမှာ အိမ်ရှင်အပါအဝင် လူ ၃ဦးကို ဖမ်းမိပြီး ကျောက်ဆည်မြို့နယ် တရားရုံးမှာ လောင်းကစား ဥပဒေပုဒ်မ ၂၂ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
တရားသူကြီး ဒေါ်ခင်စန်းလင်းနဲ့ မြို့နယ်ရဲမှူး အောင်နိုင်စိုး ၊ အက်စ်ပီ ခင်မောင်လွင် တို့ကို လာဘ်ထိုးခဲ့သောကြောင့် တရားရုံးမှာ အမိန့်ချရာတွင် ကျန်တရားခံ၂ ဦးကိုသာ ထောင်ဒဏ် ၁ နှစ်စီ ချ၍ ကိုမင်းသိန်း ဆိုသူကို အသေစာရင်းပြပြီး အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါတယ်။
အဆိုပါလူမှာ ဘောလုံးပွဲ၊ ၂လုံးထီ၊ ချဲထီ လောင်းကစားများ လုပ်ကိုင်နေသူဖြစ်ပြီး တဖက်မှာလဲ ကျောက်ဆည်မြို့နယ် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ သတင်းပေး တိုင်ကြားနေသူတဦး ဖြစ်ပါတယ်။ ကိုမင်းသိန်းမှာ အရင်ကလဲ လောင်းကစားမှု ၊မုဒိန်းမှုတွေနဲ့ ထောင် ကျခဲ့ဖူးသည့်အကြောင်းကို ကျောက်ဆည်မြို့ ဒေသခံတဦးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။
"ကျနော်တို့ အနေနဲ့တော့ ဒီပုဂ္ဂိုလ်က မလွှတ်သင့်ပါဘူး။ သူနဲ့အတူ အဖမ်းခံရတဲ့ တခြားလူတွေကျတော့ အပြစ်ဒဏ်ကျခံရပြီး သူကျတော့ သေစာရင်းပြပြီး လွတ်မြောက်သွားတဲ့အတွက် တရားဥပဒေက ကွယ်ပျောက်နေသလို ဖြစ်နေပါတယ်။ အခုဆိုရင် သူနဲ့အတူ အဖမ်းခံရတဲ့လူတွေက အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာပါပြီ။ သူက သေစာရင်းပြပြီး လွတ်မြောက်နေတာဖြစ်ပါတယ် ။ အခု သူက အများပြည်သူတွေ ဒုက္ခရောက်အောင် လိမ်လည် သတင်းပေးတိုင်တန်းနေဆဲဖြစ်တဲ့

No comments:
Post a Comment