စကားကြီးစကားကျယ်ပြောတယ်ပဲ  ဆိုဆို ကျွန်တော့်အယူအဆကို ပြောရရင်  အများနည်းတူစည်းကမ်းနဲ့အညီ တန်းမစီ  ဘဲ သူများရှေ့က မျက်နှာပြောင်တိုက်  ကြားဖြတ်တဲ့လုပ်ရပ်ဟာ ဒီမိုကရေစီစနစ်  တင်မက ဘယ်စနစ်မျိုးနဲ့မှ အပ်စပ်တယ်  မထင်မိတာပဲ။ ဒါမျိုးဟာ ခေတ်ပျက်တဲ့  အချိန် ပရမ်းပတာကာလမျိုးတွေမှာသာ  တွေ့ရတတ်တဲ့ ဦးသူယူ၊ လျှင်သူစား၊ ““ငါ  တစ်ကိုယ်””၀ါဒသမားတွေရဲ့  အရှက်မဲ့တဲ့  စရိုက်လက္ခဏာတွေဖြစ်လို့ အဆင့်မြင့် ယဉ်ကျေးတဲ့  လူ့အသိုင်းအ၀ိုင်းကြားမှာ 
ရှင်သန်ထွန်းကားသင့်တဲ့ အရာလည်း မဟုတ်ဘူး။
ဒါဆိုရင် လူတွေဘာလို့ မှန်မှန်ကန် ကန်တန်းမစီဘဲ သူများရှေ့ကကြားဖြတ် ချင်ရတာလဲ။ အားလုံးကိုဆိုလိုတာမဟုတ် ပေမယ့် တချို့တွေဟာ အခွင့်သာရင် သာသလို ဒီလိုချည်း ကြားဖြတ်ပြီး ရှက် တတ်ဖို့မေ့နေကြပုံရတယ်။
တစ်နေ့။ ရန်ကုန်မြို့လယ်က ကျွန် တော်အိမ်ပြန်လာတော့ ညနေ ၅ နာရီခွဲ လောက်ရှိပြီပေါ့။ ကျွန်တော်စီးလာတဲ့ ဘတ်စ်ကား ပန်းချီ၊ ပန်းပုကျောင်းရှေ့က ရေခဲဆိုင်မှတ်တိုင်မှာရပ်ပြီး ဆက်ထွက် အလာမကြာခင်မှာပဲ ရွှေဂုံတိုင်မီးပွိုင့်မှာ မိထားတဲ့ ကားတန်းကြီးဟာဇီဝိတသံဃာ့ ဆေးရုံနားထိ ရောက်နေတာတွေ့လိုက်ရ တယ်။ ညာဘက်အစွန်ယာဉ်ကြောတစ် ခုကလွဲရင်လမ်းပေါ်မှာကားတွေပြည့်
ဒါလောက်ပြောရင် ကျွန်တော်တို့ ရန်ကုန်မြို့ကလူတွေဆို အကောင်မြင် လောက်ပြီထင်ပါတယ်။ ရန်ကုန်မြို့မှာက မနက်ကိုတစ်ချိန်၊ ညနေရုံးဆင်း၊ ရုံးပြန် တစ်ချိန်နာမည်ကြီးမီးပွိုင့်လမ်
အခုအဖြစ်အပျက်မှာ အများနည်း တူ နောက်က တန်းစီမစောင့်ဘဲ ကိုယ်နဲ့ အခွင့်အပိုင်တဲ့ ယာဉ်ကြောဘက်က စည်းဖောက်ပြီး ကြားဖြတ်ဖို့ ကြိုးစားခဲ့ ကြပေမယ့် လွယ်လွယ်နဲ့မရတော့ အား လုံး ကြန့်ကြာကုန်တဲ့အပြင် လမ်းမှန်၊ ကမ်းမှန် ကွေ့ရမယ့်ကားတွေပါအကုန် နစ်နာကြရတာပေါ့။ ဘာပဲဖြစ်ဖြစ်ဒီမှာ ကောင်းတယ်လို့ပြောရမယ့်အချက်ကို
ဒီအဖြစ်အပျက်ကြောင့် တစ်ခါက သာမညတောင်မှာ ကြုံခဲ့ဖူးတဲ့အတွေ့အ ကြုံနဲ့ ဦးဇင်းကြီးတစ်ပါးရဲ့ မိန့်မှာစကားကို ပြန်သတိရကြား ယောင်မိတော့တယ်။ သာမညဆရာတော်ကြီးသက်တော်ထင် ရှားရှိစဉ်တုန်းကအနယ်နယ်ကရောက်လ
ဒီမှာပဲစောစောကတစ်ချိန်လုံးငြိမ
အဲဒီမှာဘာပြောကောင်းမလဲ တိုက် ကြပ်ဦးဇင်းကြီးကလည်း အတော်ဒေါပွ သွားပုံရတယ်။ ဒီနေ့တိုင်မမေ့နိုင်သေးတဲ့ မှတ်လောက်စရာသူ့စကားက ““ကုသိုလ် ရေးမှာတောင် ဒီလိုမသမာမှုတွေရှိတတ် တာ ခင်ဗျားတို့ တစ်သက်လုံး သတိထား ကြ””တဲ့။
ဒါကြောင့် ကျွန်တော်အစမှာတုန်း က စကားခံခဲ့တာပါ။ ကျွန်တော်တစ်ဦး တည်းအမြင်ကိုပြောရရင်လူတွေကလည်း လူတွေပဲမို့ တိုက်ကြပ်ကြီးဒေါပွတာရော၊ မိန့်တဲ့စကားပါမမှားဘူး။ ဟုတ်တယ်ဘာ လို့ဆို သူ့စကားနဲ့ ခပ်ဆင်ဆင်တစ်ခု တစ် လောလေးကပဲ ကျွန်တော်သိခဲ့ရပါရော။ မကြာတတ်သေးဘူး။ ကမ္ဘာအေးကုန်း မြေမှာ ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံနေ တုန်းကပေါ့။ တစ်ရက်မှာကျွန်တော်က မိတ်ဆွေတစ်ယောက်ရဲ့အလှူအိမ်ရောက
စာဖတ်သူပဲစဉ်းစားကြည့်ပါတော့။ နေရာတကာမှာ ဒီလိုလူစားတွေဘယ် လောက်များများ ရှိနေမလဲဆိုတာ။ လူ မှန်သမျှအတ္တနဲ့ မကင်းနိုင်ကြတာမို့ ပကတိအမှန်တရားတစ်ရပ်အနေနဲ့ လက်မခံနိုင်စရာ အကြောင်းလည်းမရှိပါ ဘူး။ ဒါပေမဲ့ မှားမှန်ကြောင်းကျိုးကိုစဉ်း စားဆင်ခြင်နိုင်တဲ့အဆင့်အမြင့်ဆ
သို့ဖြစ်ပေမယ့်လူဟာလွန်ကဲတဲ့အတ္တ နဲ့မတော်လောဘတွေ ထကြွလာပြီဆို စာနာမှုနဲ့ ဟီရိသြတ္တပ္ပတရားတွေလည်း လျှော့နည်းကွယ်ပျောက်ကုန်စမြဲမိ
အများနည်းတူ တရားသဖြင့် တန်း မစီဘဲ ကိုယ့်အတ္တအတွက် သူတစ်ပါးအ ခွင့်အရေးကို မျက်ကွယ်ပြုဝံ့တာ၊ ဂုဏ် ရည်မြင့် လူသားတစ်ဦးရဲ့ အမူအကျင့် မဟုတ်သလို အခြေခံလူ့စည်းကမ်း၊ လူ့ ၀တ္တရားကို လေးစားလိုက်နာဖို့ပျက်ကွက် တဲ့အချောင်သမားဝါဒသာဖြစ်တာကြောင
““ကမ္ဘာမီးလောင်၊သားကောင်ချနင်း”
တက္ကစီကားတွေဆိုလည်း ဒီအတိုင်း ပဲ။ ကားလမ်း၊ ရထားလမ်းတွေပိတ်နေ လို့ အိမ်ပြန်ခက်နေသူတွေကို အလကား တောင်မောင်းပို့ပေးခဲ့ကြသေးသလို ဒုက္ခ သည်အချင်းချင်း ကျတော့လည်းအမျိုး သမီးနဲ့ သက်ကြီးပိုင်းတွေကို ဦးစားပေးငဲ့ ညှာပြီးလူငယ်လူရွယ်တွေက အနစ်နာခံ ခဲ့ကြတယ်။
တကယ်တော့ သူသူ ကိုယ်ကိုယ် လူတိုင်းမှာ အတ္တဆိုတာတော့ ရှိကြတာ ချည်းပေါ့။ မေ့နေကြတာလည်းဖြစ်မယ်။ ကိုယ့်အလှည့်ကျ ဘယ်လိုနေမလဲဆိုတာ တစ်ချက်ကလေး တွေးကြည့်လိုက်ရုံနဲ့ ရှက်စရာလို့မြင်ပြီး လူတိုင်းပြင်လာနိုင်ကြ မယ်ထင်ပါတယ်။ ဒါမှလည်း ကိုယ်ချင်း စာတရားတွေနဲ့အတူ လူလူချင်းတန်ဖိုး ထား လေးစားတတ်တဲ့ သာယာနေပျော် ဖွယ်လူ့ပတ်ဝန်းကျင်တစ်ခုကို မျှော်မှန်း တည်ဆောက်သွားနိုင်မှာပေါ့။
အခုလည်းအများနဲ့သက်ဆိုင်နေတဲ့၊ အများဆန္ဒကိုလေးစားတဲ့၊ အများအကျိုး ကိုလိုလားတဲ့၊ အများကောင်းစားရေးကို ရှေးရှုတဲ့၊ အများနဲ့အတူ ပူးပေါင်းလက်တွဲ ဖော်ဆောင်ကြရမယ့် ဒီမိုကရေစီခေတ် သစ်ဆီ ဦးတည်ချီတက်သွားကြတော့မှာ မို့ ခေတ်ဟောင်း၊ စနစ်ဟောင်းကအကျင့် စရိုက်ဆိုးတွေကို စွန့်ပစ်ဖယ်ရှားပြီး မအပ် စပ်တော့တဲ့ အတ္တစိတ်တွေကိုပါချိုးနှိမ် ဖျောက်ဖျက်ပစ်လိုက်ကြရအောင်ပါ။

No comments:
Post a Comment