Friday, March 9, 2012

နောက်ထပ် ဆုံဆည်းခွင့်
-------------
 
ချစ်သူရေ . . .
အချစ်စစ်တွေနဲ့ ချစ်ခဲ့မိတဲ့
ငါ့အတွက်တော့
မင်းကို မေ့ပစ်ဖို့ဆိုတာ
ကမ္ဘာပျက်သလိုပါပဲ . . . .

2012 မှာ ကမ္ဘာပျက်မယ်လို့
လူတွေက သတ်မှတ်ကြပေမယ့် . . . .
အခုတော့ . . .
ငါ့ကိုယ်ပိုင်ကမ္ဘာကြီး ပျက်နေပါပြီကွာ .. . .

မြင်လှည့်ပါချစ်သူရယ် . . .
မင်းကို အရမ်းချစ်လွန်းလို့
ခံစားမှု မျက်ရည်တွေ

မင်းကို မေ့မရလို့
ကွဲကြေနေတဲ့ ငါ့နှလုံးသားနဲ့
မင်းကို သတိရလွန်းလို့
ချာချာလည်နေတဲ့
ငါ့အတွေးစိတ်ကူးတွေဟာ
ငါ့ကို ရူးသွပ်စေခဲ့ပြီလေ

မင်းကို မေ့ပစ်နိုင်ဖို့ဆိုတာ
မေ့ပစ်လိုက်ဖို့ဆိုတာ
ငါ့အတွက်တော့
အိပ်မပျော်နိုင်တဲ့
ညများစွာရဲ့ အိပ်မက်ဆိုးကြီး
တစ်ခုလိုပါပဲ . . ..

ငါ မင်းကို အရမ်းချစ်တယ် . . .
အခုချိန်မှာ ငါ့အတွက်
ဖြစ်ချင်တာတွေ
ဖြစ်မလာခဲ့ရင်တောင်
ငါ မင်းနဲ့ တစ်ခါလောက်တော့
ဆုံဆည်းခွင့်ရချင်ပါတယ် . . .

ဆုတောင်းတိုင်း မပြည့်ရင်တောင်
ငါ့ မျှော်လင့်ချက်တွေနဲ့
ဆက်လက်ဆုတောင်းနေမိဦးမှာပဲ . . .

ငါ့ရှေ့ဆက်လျှောက်မယ့်လမ်းမှာ
မင်းမရှိတော့ရင်တောင်
မင်းကို အရမ်းချစ်တဲ့
ငါ့နှလုံးသားမှာ
မင်းတစ်ယောက်
အမြဲထာဝရရှိနေဦးမှာပါ . . .

ဘာဖြစ်လို့လဲဆိုတော့
မင်းဟာ ငါ့နှလုံးသားရဲ့
ဟိုးးးးးးး အနက်ရှိုင်းဆုံးတစ်နေရာမှာ
အချစ်ဦးအဖြစ် နေရာယူထားလို့ပဲ . . . .

အရာအားလုံးအတွက်
ငါ ခွင့်လွတ်ပါတယ် . . .
ချစ်သူရေ Come back . . .

No comments:

Post a Comment