ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား?
ဓါတ်ပုံ(Google Images) |
ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား?
လူသားအရင်းအမြစ်တွေမွေးထုတ်ပေးတဲ့ ပညာရေးဝန်ကြီးဌာနမှာရှိတဲ့ ရာထူးကြီးမှန်သမျှကို စစ်တပ်အရေခြုံတဲ့ ဒီလူတွေက နေရာယူထားပါတယ်-
- ဗိုလ်မှူးအေးကြူ - ဒုတိယ၀န်ကြီး
- ဗိုလ်မှူးဘိုဝင်း - ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကိုကိုတင် - ဒု ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကျော်စိုး - ဒု ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကြီးကျော်သူ - ညွှန်ချုပ်(အမှတ်(၁)အခြေခံပညာဦးစီးဌာန)
- ဗိုလ်မှူးမျိုးညွှန့် - ဒုညွှန်ချုပ်(အမှတ်(၁)အခြေခံပညာဦးစီးဌာန)
- ဗိုလ်မှူးကြီးအေးလွင် - ညွှန်ချုပ်(အမှတ်(၂)အခြေံပညာဦးစီးဌာန)
- ဗိုလ်မှူးရဲလွင်အောင် - ဒုညွှန်ချုပ်(အမှတ်(၂)အခြေခံပညာဦးစီးဌာန)
- ဗိုလ်မှူးကြီးမျိုးမြင့် - ညွှန်ချုပ်(အမှတ်(၃)အခြေခံပညာဦးစီးဌာန)
- ဗိုလ်မှူးကြီးအုန်းမြင့် - ညွှန်ချုပ်(ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)
မြန်မာနိုင်ငံရဲ့ အဓိကကြတဲ့ အခြေခံပညာဦးစီးဌာနများမှာရှိတဲ့ ထိပ်ပိုင်းရာထူးကြီးမှန်သမျှကို စစ်တပ်အရေခြုံထားတဲ့ ဖော်ပြပါ စစ်ဗိုလ်လူထွက်များက ဘာမှမတတ်ဘဲ ရာထူးနေရာတွေကို ယူထားကြပါတယ်။
၎င်းလူတွေရဲ့ ပညာအရည်အချင်းနဲ့ အကျင့်စရိုက်များကို အောက်ပါအတိုင်း လေ့လာဖော်ပြလိုက်ပါတယ်
- ဒုဝန်ကြီး ဗိုလ်မှူးအေးကြူဟာ ဗိုလ်သင်တန်းအမှတ်စဉ်(၆၅)ကို ရဲဘော်ဘ၀နှင့် ဗိုလ်သင်တန်းတက်ခဲ့ပြီး အရာရှိဖြစ်လာတယ်။ ထောက်လှမ်းရေးတပ်မှာ ရဲဘော်၊ ဒုတပ်ကြပ်၊ တပ်ကြပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ စစ်တပ်ထဲရောက်မှ (၁၀)တန်းစာမေးပွဲကို (၅)ခါဖြေဆိုမှ အောင်မြင်ခဲ့တယ်။ စာပေးစာယူနဲ့ ဥပဒေဘွဲ့ကို ယူခဲ့တယ်။ ပညာရေးဌာနကို ဒုဝန်ကြီး ဗိုလ်မှူးကြီးကြည်မောင် PA ဘ၀နဲ့ လိုက်လာပြီး ညွှန်မှူး၊ ညွှန်ချုပ်ရာထူးတွေယူပြီး ယခုဒီမိုကရေစီအစိုးရလက်ထက်မှာ ဘာတွေတော်လို့ ရွေးလိုက်တယ်မသိဘူး ဒုဝန်ကြီး ဖြစ်လာတယ်။ ဗိုလ်မှူးအေးကြူလုပ်တတ်တာက ပညာရေးကို ခုတုန်းလုပ်ပြီး စီးပွားရှာတတ်တယ်။ ညွှန်မှူးဘ၀ကတည်းက ကျောင်းသုံးဖတ်စာအုပ် တာဝန်ခံဖြစ်ပြီး၊ စီးပွားရှာခဲ့တယ်။ ၀န်ကြီး ဦးသန်းအောင် ပျော်တော်ဆက်မိန်းမတွေ အရှာပေးကောင်းတာနဲ့ ညွှန်ချုပ်ရာထူးကိုရခဲ့တယ်။ ၀န်ကြီးဒေါက်တာချမ်းငြိမ်းကိုလည်း အိမ်အဆောက်ပေးကောင်းတာနဲ့ အရေးယူမခံခဲ့ကြဘူး။ ယခုဝန်ကြီး ဒေါက်တာမြအေးကိုလည်း နေပြည်တော်မှာ အိမ်ဆောက်ပေးနေတယ်။ ဦး.စီး(၃)တွင် ညွှန်ချုပ်ရာထူးနဲ့ အတော်လေး စီးပွားဖြစ်သွားတယ်။ ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို မိုးသောက်ပန်း၊ တော်ဝင်ထိပ်တင်၊ အောင်နိုင်ဆောက်လုပ်ရေး (ဦးအေးမြင့် ဗိုလ်မှူးအေးကြူ ညီ)စသည့် ဗိုလ်မှူးအေးကြူ၏ ဆောက်လုပ်ရေးအဖွဲ့များဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ထင်တိုင်းကြဲစီးပွားဖြစ်ရယူခဲ့ကြတယ်။ နေပြည်တော်မှာလည်း ၄င်းပိုင် ကောင်းထက်အမည်ရှိတဲ့ ပုဂ္ဂလိကဆေးရုံ တစ်ခုဖွင့်ထားတယ်။ အရက်ကို နေ့ရောညပါ သောက်လေ့ရှိတယ်။ ဒုဝန်ကြီး ရုံးခန်းထဲမှာလည်း နေ့ခင်းကြောင်တောင် အလုပ်ကိစ္စနဲ့ ၀န်ထမ်းတွေ မ၀င်ရဲဖြစ်နေတယ်။ ရုံးခန်းထဲမှာ တနေကုန် သောက်စားမူးယစ်နေတယ်။ အရက် အလွန်အကျွံသောက်မှု့ကြောင့် ရုံးစာများကို လက်မှတ်မထိုးနိုင်လို့ ၄င်း၏ တပည့်ဖြစ်သူ ဦးအောင်ကျော်ဦးက လက်မှတ်တုနှင့် မှတ်ချက်များကို ရေးထိုးပေးနေရတယ်။ ကြားလို့ကောင်းကြသေးရဲ့လား?
- ဗိုလ်မှူးဘိုဝင်း ဟာ ထောက်လှမ်းရေး(၄)တပ်မှူးက ပြုတ်လာပြီး ဦးခင်ညွှန့်က သူ့တပည့်ကို ပညာရေးမှာ ထားခဲ့တာဖြစ်တယ်။ သူ့ကြောင့် ပညာရေးလည်း တော်တော်ပျက်စီးသွားပြီ၊ ဗိုလ်မှူး ဘိုဝင်း ပညာရေးညွှန်ချုပ်ဖြစ်တာ နှစ်ပေါင်း(၁၇)နှစ်ကျော်ရှိပြီဖြစ်တယ်။ ဘာမှ တိုးတက် အောင်မလုပ်နိုင်ခဲ့ဘူး။ ကိုယ်ပိုင်ပုံနှိပ်စက်တွေထောင်ပြီး ကျောင်းသုံးစာအုပ်တွေရိုက်ပြီး စီးပွားရှာနေတယ်။ နိုင်ငံခြားကပေးတဲ့ အထောက်အပံ့ဒေါ်လာတွေလည်း ဘတ်ပြစ်လိုက်တယ်။ မြန်မာပြည်ရဲ့ ဘီလျံနာ သူဌေးတွေဖြစ်နေကြပြီ၊ မြန်မာပြည်ရဲ့ ကလေးတွေကတော့ စာမတတ်လို့ လမ်းဘေးမှာ ရောက်နေကြပြီး၊ သမိုင်းတရားခံတွေဘယ်သူလဲ? ဗိုလ်မှူးအေးကြူနဲ့ ဗိုလ်မှူး ဘိုးဝင်း တို့ရဲ့ အရက်ဝိုင်းက ပညာရေးအစီအမံတွေ၊ ဘယ်လို အကောင်အထည်ဖော်ကြမှာလည်း၊ တိုင်းပြည်ရဲ့ ပညာရေးလည်း ဖွတ်ဖွတ်ညတ်ညတ်ကြေနေပါပြီ၊ ၄င်းတို့တစ်တွေလည်း စားလို့ သောက်လို့မကုန်တော့ပါဘူး၊ ရပ်တန်းက ရပ်သင့်နေပါပြီ၊
- ဗိုလ်မှူးကြီးကျော်သူ က ပညာရေးအကြောင်းကို ဘာမှ စိတ်မ၀င်စားဘူး၊ စီးပွားရေး ဂွင်တွေကိုဘဲ စိတ်ဝင်စားတယ်။ နာဂစ်နှင့် ဂီရိသဘာဝဘေးမှာ ပျက်စီးသွားတဲ့ ကျောင်းတွေပြန်ဆောက်ရင်းနဲ့ အတော်ချမ်းသာသွားတယ်။ ဘဏ္ဍာညွှန်မှူး ဒေါ်သန်းသန်းမြင့်ကို လက်သတ်မွေးပြီး အောက်မြန်မာပြည် တစ်ခုလုံးမှာရှိတဲ့ နိုင်ငံတော်ဘတ်ဂျက်တွေနဲ့ စီးပွားရှာစားနေပြီး အတော်လေး ချမ်းသာသွားပြီး၊ ဗလာစာအုပ်ရောင်းတယ်။ ပြက္ခဒိန်ရောင်းတယ်။ ကျောင်းအဆောက်အဦးတွေ ဆောက်တယ်။ ပညာရေးကို ဈေးကွက်တစ်ခုလိုသဘောထားပြီး စီးပွားရှာတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ အတော်ဆိုးတာဘဲ။ ဘယ်လိုလုပ်ကြမှာလည်း အရပ်ကတို့ရေ့။
- ဗိုလ်မှူးကြီးအေးလွင်ဟာ ပြောင်းရွှေ့ခန့်ထားရေးတွေမှာ ငွေယူမှုနဲ့ နံမည်ကြီးတယ်။ ငွေမပါလျှင် ဘာမှမရဘူး။ အခြားညွှန်ချုပ်တွေလို ညာညှိပြီး အပြိုင်အဆိုင် စီးပွားရှာနေကြတယ်။ အထက(၁၆)မန္တလေးက လုပ်သက်(၂)နှစ်သာရှိသေးတယ် ကျောင်းဆရာမလေးတစ်ဦးကို အလယ်တန်းကျောင်းအုပ်ရာထူးတိုးပေးပြီး ၄င်းရဲ့ တိတ်တိတ်ပုန်း မယားငယ်ထားတာ အားလုံးအသိ ဖြစ်တယ်။ ဘယ်လိုလုပ်ကြမလည်းဗျာ၊ နှမသားချင်းတွေတောင် ဆရာမလုပ်ခိုင်းရမှာ ခပ်ကြောက်ကြောက်ဖြစ်နေပြီ၊ ပညာရေးဌာနရဲ့ လူကြီးတွေက တကယ့်လူစွမ်းကောင်းတွေဘဲနော်။
- ဗိုလ်မှူးကြီးအုန်းမြင့်ဟာ သုတေသနဲ့ စာစစ်ဌာနနှစ်ခုရဲ့ ညွှန်ချုပ်ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးအေးလွင်လိုဘဲ ရုံးမှာ မယားငယ်ဆရာမ (၂)ယောက်ကို ပြောင်ပြောင်တင်းတင်း အလုပ် ခေါ်ခန့်ထားတယ်။ ငွေရေးကြေးရေးကိစ္စတွေအတွက် စာစစ်အတွင်းရေးမှူးနဲ့ အဆင်မပြေဖြစ်ကြတယ်။ ဦးစီးဌာန(၂)ခုကို ကိုင်တွယ်ပြီး အတော်လေး ချမ်းသာသွားပြီး အခုလည်း စာရင်းစစ်ကန့်ကွက်ချက်တွေဖြစ်ပြီး သိန်းထောင်နဲ့ချီ ပြသနာဖြစ်နေတယ်။
ကျန်တဲ့လူတွေလည်း မထူးပါဘူး။ ကျန်တဲ့သူတွေလည်း ပုလင်းတူ ဘူးဆို့တွေချည်းပါဘဲ။ ကျန်ရှိသများကိုလည်း ဆက်လက်လေ့လာဖော်ပြသွားပါမည်။
အဲဒီတော့ ဒီလူတွေနဲ့ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အခြေခံပညာရေးကဏ္ဍကို ဘယ်လိုတိုးတက်အောင် လုပ်ကြမှာလည်းလို့ မေးချင်ပါတယ်။ နိုင်ငံတကာက ထောက်ပံ့ကြေးတွေပေးလာရင်လည်း ဒီလူတွေ ပိုချမ်းသာ အုံးမှာပါ။ ဒါပေမယ့် ပညာရေးကတော့ စုတ်ပြတ်သတ်နေပြီ၊
မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ချင်လျှင် ဒီလူတွေကို ပထမဆုံး ဖယ်ရှားပစ်ဖို့လိုမယ်။ မြန်မာနိုင်ငံ တကယ်တော်တဲ့ လုပ်နိုင်တဲ့ ပညာတတ်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာ အဆင့်မှီ ပညာရေးကို စနစ်တစ်ခုကို မဖြစ်မနေ ပြောင်းလဲပေးဖို့ လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်ပါတယ်။
No comments:
Post a Comment