တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား.ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြား
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပပြုလုပ်သော ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် "တံတားနီဖြစ်စဉ်ကာလ၌ သူ့အနေဖြင့် မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း အဆိုပါ တံတားနီဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားခဲ့သူများ၏ သစ္စာတရားကို ဂုဏ်ပြုလိုသဖြင့် အခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း၊ သူ့အနေဖြင့် အားလုံးပါဝင်သော နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေလိုကြောင်း၊ အားလုံးပါဝင်ရေးဆိုရာတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း၊ စစ်အာဏာရှင် စနစ်ဆိုသည်မှာ စစ်တပ်က အုပ်ချုပ်ရေးတွင် ပါဝင်ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံရေးသဘောအရ အုပ်ချုပ်ရေးဆိုသည်မှာ ဒီမိုကရေစီနည်းအရ ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခြင်းခံထားရသ
"၂၄ နှစ် ပြည့်ခဲ့ပါပြီ ကုလသမဂ္ဂက သတ်မှတ်ချက်အရဆိုရင် လူငယ်ဘ၀က ၁၄ နှစ်မှာ ကုန်ပါပြီ။ လူငယ်ဘ၀ ကျော်လာတဲ့အတွက် အထိုက်အလျှောက် ရင့်ကျက်မှုတွေ ရှိရပါတော့မယ်၊ ရင့်ကျက်မှုတွေတော့ အထိုက်အလျှောက် ရှိလာကြပါပြီ။ ပြက္ခဒိန်တွေမှာ မှင်နီတွေ မှတ်ထားရတာ ပြည့်နေပါပြီ။ နောင်လာမယ့် လူငယ်တွေအတွက် လူငယ်တွေလက်ထက်မှာ မှင်နီပေါ် မှင်နီထပ်ပြီး မှတ်သားရတဲ့ အခြေအနေမျိုး မဖြစ်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့သွားချင်တဲ့ ပြည်သူ့အောင်ပွဲဆိုတာ ပြက္ခဒိန်ပေါ်မှာ ဖြူ နီ ၀ါ ပြာ စိမ်းတွေ ပြည့်နေတာမျိုးပါ။ တစ်ခုခုကို ရွေးချယ်မယ်ဆိုရင် တစ်ခုခုကို ပေးဆပ်ရပါတယ်။ ဒီမိုကရေစီကို လိုချင်ခဲ့တဲ့အတွက် အားလုံးရဲ့ နုပျိုဆဲကာလတွေ၊ အသက်တွေ ပေးဆပ်လိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားနေစဉ် |
No comments:
Post a Comment