ရဲတပ်ဖွဲ့ ဝင်တဦး၏ ရင်ဖွင့်သံ (ပေးစာ)
နှုတ်ထွက်ခွင့်စာတင်ရင် စာကလမ်းတင်ပျောက်နေတယ်.... တကယ်တမ်းဆိုရင်
ကိုသစ်ထူးလွင် ခင်ဗျာ....
ကျွန်တော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်....
ပြောရရင်တော့ဗျာ မြိုသိပ်ထားတာတွေကို ရင်ဖွင့်တဲ့သဘောပါ .... ကျွန်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို
ဝင်ရောက်ခဲ့တာ အခုဆိုရင် ၈ နှစ်ကျော်သွားပါပြီ.... စစချင်း ၀င်တဲ့ ကနဦးလစာက ၃၀၀၀ ပေါ့.... ထောက်ပံ့ကြေးဆိုတဲ့ မသထာရေစာကလဲ နည်းတယ်လေ.... စုစုပေါင်းမှ
တစ်လ ၈၀၀၀၀ ပဲရတဲ့ခေတ်ပေါ့ဗျာ....
ကျွန်တော် အခြေခံသင်တန်းဆင်းပြီးလို့မှ ဘာမှ မကြာပါဘူး.. တောင်ပေါ်ဒေသကို သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုပေါ့ ဗျာ.... ဝေးလံသီခေါင်ပြီး ဆက်သွယ်ရေးခက်ခဲ့တဲ့ နေရာဒေသတစ်ခုမှာ နေခဲ့ရပါတယ်....
စာရှည်သွားရင်လည်း ခွင့်လွတ်ပါဗျာ... ကျွန်တော်မနေနိုင်လို့ပါ..... တကယ်ဆိုရင် အဲ့ဒီတုံးက
ဝေးလံတဲ့ဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့ ၀န်ထမ်းတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ ရှိပါတယ်... ပြဌာန်းထားတာလဲရှိပါတယ်... ဒါပေမယ့် အဲ့ဒီဝန်ထမ်းတွေ ခံစားခွင့်မရကြဘူးဗျာ...
ကျွန်ေ တ်ာအပါအ၀င်ပေါ့.... ခရမ်းချဉ်သီး တစ်လုံးကို တစ်ရာပေးစားရတဲ့ နေရာမှာ နေနေရတဲ့ မိသားစုတွေအတွက် ငွေ ၈၀၀၀၀ တည်းနဲ့ စားလောက်ပါ့မလားဗျာ.... သူများဆီမှာ ကူလီဝင်
လုပ်ပြီး စားရတဲ့ ၀န်ထမ်းမျိုး နိုင်ငံတကာမှာ ကိုသစ်ထူးလွင် မြင်ဖူးပါသလားခင်ဗျာ....ကျွန်တော်
က ကိုယ်တိုင်လုပ်ခဲ့ရတာပါ...
ဝေး လံသီခေါင်တဲ့ နေရာတွေကို အဝေးသင်တက်နေသူမဖြစ်ရဘူး.... လုပ်သက်(၃)နှစ်မပြည့်
တဲ့သူတွေ မထည့်ရဘူးဆိုတဲ့ ရဲချုပ်ရဲ့ညွန်ကြားချက်ကို လက်အောက် အရာရှိကြီး
တွေက အမှိုက်ပုံးထဲ ထည့်လိုက်ကြတယ်လေ.... ကျွန်တော်ဆိုရင် သင်တန်းဆင်းကာစ မျက်စိသူငယ်နားသူငယ်နဲ့ ၆ လမပြည့်ခင် အဲ့ဒီလိုနေရာဒေသဆိုးကို သွားခဲ့ရတယ်.....
စခန်းမှူး မြို့နယ်မှူးဆိုတာ ပေးနိုင်ကျွေးနိုင်မှ အရောဝင်ပြီး မျက်နှာသာပေးတာ....
တောင်ပေါ်ဒေသဖြစ်တဲ့ နာဂဒေသမှာ ကျွန်တော် ၃ နှစ်တာဝန်ထမ်းဆောင်
ခဲ့ရပါတယ်.... စစ်အစိုးရရဲ မဖြစ်စလောက် လစာလေးနဲ့ ကိုယ့်ဘ၀ကို ရပ်တည်ခဲ့ရတယ်....
မိဘနဲ့ဝေး ဆွေမျိုးနဲ့ဝေးအားလုံးနဲ့ဝေးတဲ့နေရာဒေသတစ်ခုမှာ နေခဲ့ရတယ်....
ငွေလှမ်းတောင်းလို့မရ ဘာမရနဲ့ပေါ့ဗျာ.... နည်းနည်းရှည်သွားပြီထင်တယ် ....
တကယ်တမ်းကျ ရဲ့တပ်ဖွဲ့အကြီးအကဲတွေက လူညစ်တွေကများပါတယ်...
သူတို့ချမ်းသာဖို့အတွက် အောက်က ငယ်သားတွေက ဖို့နေရတယ်.... တစ်တစ်လကို
တိုင်းရဲတပ်ဖွဲ့မှူးက ဘယ်လောက်...ခရိုင်ရဲတပ်ဖွဲ့မှူး ကဘယ်လောက်.. မြို့နယ်ရဲတပ်ဖွဲ့မှူးက
ဘယ်လောက်နဲ့ စသည်ဖြင့်ပေါ့ ပေးကြရတယ်... တစ်လတစ်လ ဖြတ်လိုက်တောက်လိုက်
တဲ့ငွေကလည်း ခရိုင်တစ်ခုတည်းတင် အရင်က ဆယ်သိန်းကျော်ဖြတ်တယ်...တပ်ဖွဲ့ဝင်တွေ
ရဲ့လစာ ထဲက ဖြတ်တာပါ....
အဲ့ဒီလစာကို အောက်က တပ်ဖွဲ့ဝင်တွေက ရှာပေးရတယ်... တကယ်တမ်းကျတော့ ရှာပေးရ
တဲ့သူက ဖတ်ဖတ်မောအောင်ရတယ်.... တကယ်တမ်း အရင်က ရဲတပ်ဖွဲ့သက်ဆိုးရှည်နေ တာက လောင်းကစား၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ အရက်ဆိုင်...စသဖြင့်ပေါ့
လောင်းကစားပေါင်းစုံ၊ မူးယစ်ဆေးဝါးမျိုးစုံနဲ့ ရှင်သန်ရပ်တည်နေရတဲ့ဘ၀ပေါ့ဗျာ.. .
သူတို့မရှိရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပျက်တာကြာပေါ့... သေချာပေါက်ပျက်ပါတယ်...
တောင်းတဲ့ငွေက အချင်းချင်းမရရင်မကျေနပ်ကြဘူး....အဆင့်ဆင့်မကျေနပ်တော့
နောက်ဆုံးရောက်လာတာက အောက်ခြေတပ်ဖွဲ့ဝင်တွေဆီကိုပေါ့ဗျာ....ခံပေအုံးတော့
ပြားနေအောင်... တကယ်တမ်းဗျာ... သူတို့ပေးထားတဲ့လစာဆိုတာက မိသားစု
များရင် ၄ ရက်တောင် မစားလောက်ပါဘူး.... ၈၀၀၀ ပဲရတာလေ...ဖြတ်တာတောက်တာက ရှိသေးတယ်.... နောက် ၁၅၀၀၀ ဖြစ်လာတယ်....
အဲ့ဒီအခါကျတော့လည်း အရင်အတိုင်းပါပဲ--
အဲ့ဒီအခါကျတော့လည်
ဖြတ်မြဲယူမြဲေ တာင်းမြဲပါပဲဗျာ.... ခရိုင်ရုံးကတောင်းလိုက်...တိုင်းရုံးကတောင်းလိုက်နဲ့ပေါ့...
ကျွ န်တော်တို့ဆိုရင် ခရိုင်/တိုင်းကို သွားရင် ဘယ်သူမှမပေးလို့ ငွေတိုးယူသွားခဲ့ရတဲ့
အခါတွေတော င်ရှိပါတယ်....မိသားစုစားမယ့်ေ ငွကို လုပ်ငန်းအဆင်ပြေဖို့
ပေးရတယ်လေ.... မပေးရင်လည်းအဆင်မပြေဘူးဗျ... ရစ်နည်းပေါင်းစုံနေအောင်ရစ်တာ.. . ငွေမပေးလို့ကတော့အဲ့ဒီသူကတော့ ရူးပေတော့ပဲ...လှိမ့်နေအောင်ခံ ရတယ်...ခရိုင်ကတစ်မျိုး တိုင်းကတစ်မျိုးပေါ့...အဆင့်ဆင့်  ရစ်နေကြတာ... နောက်ဆုံးကျ ဘယ်သူမှမကောင်းဘူးဗျာ...
ကျွန်တော်ရဲတပ်ဖွဲ့ဆိုတာကို စိတ်နာတယ်ဗျာ.... အခုမှနည်းနည်းစိတ်ချမ်းသာပါသေးတယ်... .
အခုဆို ရင် ထောက်ပံ့ကြေး ၃၀၀၀၀ (သုံးသောင်း)ထပ်တိုးတယ်လေ.... ဒီမိုကရေနိုင်ငံတော်ကို မထူထောင်ခင်ကာလ စစ်အစိုးရလက်ထက်ကဆိုရင်...ရဲတပ်ဖွဲ့က နင်းပြားပါပဲ.... တင်းကြပ်လွန်းတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ချည်နှောင်ထားတယ်ဗျာ....
တကယ်တမ်းဆိုရင် အကျီကြယ်သီးတစ်လုံးပြုတ်တာနဲ့ ထောင်(၆)လချတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖျက်သိမ်းသင့်ပါပြီ... တကယ်တမ်း ရဲစည်းကမ်းဆိုတာ ငယ်သားနင်းပြားလေးတွေကို ရည်ရွယ်ထုတ်ဝေထားတဲ့ စည်းကမ်းပါပဲဗျာ....စည်းကမ်းလည်းရှိစေချင်တယ်... လုပ်လည်းမပေးဘူး...အခုအချိန်ထိ ကိုယ်ဝတ်မယ့်ယူနီဖောင်းကို ကိုယ်စားမယ့်
လစာထဲက ၀ယ်ဝတ်ရတယ်..ဖိနပ်ကအစ ဦးထုပ်အဆုံး...အကုန်လုံး ကိုယ်လုပ်အားခ လစာထဲကပဲ ၀ယ်ဝတ်ရတယ်.. ထုတ်ပေးတာဆိုတာ ဘယ်လိုဟာလဲဆိုတာ မြင်တောင်မမြင်ဘူးပါဘူးဗျာ.... စားတော့လည်း ဒီလစာထဲက..၀တ်တော့လည်းဒီလစာထဲက ဘယ်လိုသွားစားမလဲဗျာ...လစာတိုး ရုံနဲ့မပြီးသေးဘူး..အထွေထွေအသုံးအဆောင်လည်း ထုတ်ပေးသင့်တယ်လို့ကျွန်တော်ထင် တယ်... စစ်တပ်ကိုကျပေးမယ်...ရဲတပ်ဖွဲ့ ကိုကျမပေးဘူးဆိုတော့ အဲ့ဒါတရားသလား စဉ်စားကြည့်ပေါ့ --
ကိုသစ်ထူးလွင်.... တကယ်တမ်းကျတော့ ၀န်ထမ်းတွေရဲ့ခံစားခွင့်..ပြည်သူတွေရဲ့ခံစား ခွင့်တွေက ၀န်ကြီးဆိုတဲ့သူတွေ အရာရှိကြီးတွေရဲ့လက်ထဲမှာ အိပ်စက်သွားကြရတာပါ...ဟုတ်ပါတယ်.... မလုပ်ချင်လို့ နှုတ်ထွက်ပြန်တော့လည်း ထောင်ချတယ်..... အခုဒီမိုကရေစီရပြန်တော့လည်း..
အမှုထမ်းသက်ကာလကို သတ်မှတ်ပေးသင့်တယ်လို့ထင်တယ်... စုခိုင်းတဲ့တပ်သားသစ်ကလဲ
လွန်ပါရော... ဖိအားတွေမျိုးစုံပေးပြီး စုခိုင်းတယ်..... လူဆိုးလည်းပါ...သူခိုးလည်းပါ... အရက်သမား..ဖဲသမားလည်းပါ..အစုံေ ပ့ါဗျာ...
အဲ့ဒါကြောင့်လည်း ရဲတပ်ဖွဲ့က နာမည်ပျက်တာလေ.... ပညာတတ်လူငယ်လေးတွေ ၀င်စေချင်ရင် သူတို့ရဲ့စနစ်ကို ပြောင်းလဲဖို့လိုတယ်လေ..... ဒါမှ ပညာတတ်လူငယ်လေးတွေက စိတ်ပါဝင်စားစွာနဲ့ ၀င်မှာပေါ့ဗျာ..... နောက်အများကြီးရှိပါသေးတယ်ဗျာ.. ပြောရင်မိုးလင်းသွားမယ်...ပြော လို့ပြီးမှာမဟုတ်ပါဘူး...
ကျွန်တော့်အနနဲ့ အတိုချုံးပြောချင်တာက ဝေးလံတဲ့ ဒေသက ၀န်ထမ်းတွေကို ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ထောက်ပံ့ပေးဖို့နဲ့....ရဲတပ်ဖွဲ့ သန့်ရှင်းရေးအတွက်မလိုအပ်တဲ့ ကိစ္စတွေ့ကိုအတင်းဖိအားပေး မခိုင်းဖို့နဲ့ အရာရှိကြီးတွေ ငွေတောင်းတာ လျှော့ဖို့ပဲ ပြောချင်တာပါ...
နောက်များလည်း စာရေးပါအုံးမယ်...အစ်ကို့ကို ကျေးဇူးတင်ပါတယ်ဗျာ........ ခိုင်းတဲ့အလုပ်ကို တာဝန်ကျေစေချ င်ရင် မလိုအပ်တဲ့ညစ်ပတ်မှုမျိုးတွေ မလုပ်ကြဖို့လဲ ရဲတပ်ဖွဲ့အကြီးအကဲများကို
ပြောချင်ပါတယ်.... တာဝန်ကျေစေချင်ရင် ဘာတွေလိုအပ်တယ်ဆိုတာသူတို့မစဉ်း စားကြပါဘူး... ဖြစ်ချင်တာပဲသိတယ်လေ... ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင်
ကိုက်သေးတာပဲဗျာ..ရဲတပ်ဖွဲ့ဝန် ထမ်းတွေက လူတွေပါ... ပြန်ကန်နိုင်တယ်ဆိုတာ
သတိထားကြပါလို့ ..
တိုင်းပြည်တစ်ပြည်ကို စစ်တပ်မရှိရင်လည်း ရပ်တည်ဖို့ ဖြစ်နိုင်ပေ့မယ့်ရဲတပ်ဖွဲ့မရှိ
ရင်တော့ မဖြစ်နိုင်ပါဘူး.... အိမ်ခေါင်းထဲမှာအောင်းပြီး ငွေတောင်းစားနေတဲ့
အရာရှိကြီးများ ခေတ်ပျက်ရင် သူတို့အရင်အသတ်ခံရမှာ .....သူများသတ်မှာမဟုတ်ဘူး..
အောက် ကလူက သတ်မှာ.....သန့်ရှင်းတဲ့ရဲတပ်ဖွဲ့ဖြစ်ဖို့အတွက် အကျင့်ပျက်ချစား
နေတာတွေ ရပ်တန်းကရပ်ကြဖို့ ပြောချင်ပါတယ်ဗျာ...ကျေးဇူးတင် ပါတယ် ကိုသစ်ထူးလွင်....
ရွှေမြန်မာ (မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ် ဦး)
No comments:
Post a Comment