အင်တာနက်ချစ်သူ..
နင်ဟာ...
ငါရဲ့ အလိုဆန္ဒအတိုင်း ဖန်းဆင်းပေးနိုင်ခဲ့သူပါ...
ငါရဲ့ နွမ်းညစ်အားငယ်နေတဲ့ နေ့ရက်တွေထဲ
စိတ်ပျက်အားလျော့ပြီး ပျော့ခွေနေတဲ့အချိန်နဲ့
အဖော်မဲ့အထီးကျန်ခဲ့တဲ့ ညနက်တွေထဲ
ရက်စက်ခြောက်ခြားဖွယ် အိပ်မက်ဆိုးတွေထဲက
ရုန်းထွက်ဖို့ဖေးကူရင်း
အဆုံးမဲ့တဲ့ ပျော်ရွှင်ခြင်းကမ္ဘာထဲကို
ခေါ်ဆောင်သွားခဲ့သူပေါ့.....
ချစ်သူ....
နင်ဟာ...
ငါရဲ့ တင်းကြပ်ပိတ်လှောင်နေတဲ့ စိတ်ကူးတွေကို
လှပတဲ့ လေဟာနယ်ထဲမှာ စိတ်တိုင်းကျ မျှောလွင့်ခွင့်ပေးခဲ့သူပါ....
ဆွံ့အံ့တော့မယ့် ငါရဲ့ ကာရံမဲ့ ရင်ဖွင့်သံတွေကိုလည်း
အကန့်အသတ်မရှိ ပေါက်ကွဲခွင့်ပြုခဲ့တာ ...နင်ပါ...
တစ်သက်သာ ပြောခွင့်မရခဲ့တဲ့...စကားလုံးပေါင်းများစွာကို
နင့်ရင်ခွင်မှာရေးချဖို့  ခွင့်ပြုပေးခဲ့သူဟာလည်း..နင်ပါပဲ....
ငါရဲ့ ကြေကွဲဖွယ် အလွမ်းနေ့ရက်တွေထဲမှာတောင်
နင်ဟာ.... ကြည်နူးစရာ ဟာသလေးတစ်ချို့နဲ့
နှစ်သိမ့်ပျော်ရွင်စေခဲ့သူပေါ့...
လောကမှာ ငါမသိသေးတဲ့ အမှန်တရားတွေကိုလည်း
လမ်းညွှန်းပြသပေးခဲ့သူတောင် ဖြစ်ခဲ့သလို..
ငါ့ဖြတ်သန်းခဲ့ရာ ဟိုးအတိတ် ဖုန်ထူထူလမ်းတွေပေါ်က
အမှားခြေရာပေါင်းများစွာကိုလည်း
နင့်ရဲ့ နားလည်မှု လေပြေညှင်းလေးတွေနဲ့
ဖြေရှင်းဖျောက်ဖျက်ပစ်ပေးခဲ့တာဟာလည်း... ကျေးဇူးပါပဲ....
ဒါတွင်မကသေး....
မျှော်လင့်ချက်ဝေးပြီး တစ်နယ်ဆီလွမ်းဆွေးနေကြတဲ့
ချစ်သူတွေကို ခြေရာခံနီးစပ်ဖို့
နင်ဟာ.. ပျော်ရွှင်စွာ ကူညီလမ်းပြပေးခဲ့သူပါ...
တကယ်တော့....
အမှားမကင်းတဲ့.... ဟောဒီ...လူ့လောက ကမ္ဘာကြီးထဲက
ပွင့်လင်းတဲ့ အယူအဆပေါင်းများစွာကို
နင့်ရင်ခွင်မှာ မျှတစွာ ကွဲလွဲခွင့်ပြုခဲ့တယ်..လေ..
ဒါကြောင့်...
နင်ဟာ...အနာဂါတ် လောကလူသားတွေရဲ့
မျှော်လင့်ခြင်း တံခါးပေါက်တွေထဲကို
ရှင်သန်ခြင်းအလင်းရောင်တွေ
ထာဝရ..ပေးစွမ်းနေမယ့်..ချစ်သူအစစ်အမှန်ဆိုတာ
ငါ...ယုံလိုက်ပါပြီ.....♥♥



 
 
 
 
 
 
 
 
 

No comments:
Post a Comment